Wednesday, August 29, 2012

“၇၃ ကြိမ်မြောက် ဆရာတော်ဦးဥတ္တနေ့ ကျင်းပရန် ထိုင်းနိုင်ငံရောက် ရခိုင်အမျိုးသားများပြင်နေ”


    
၂၀၁၂ - သြဂုတ်  ၂၉  ထွန်းလင်းခိုင်
စက်တင်ဘာလ ရက်နေ့၌ ကျရောက်မည့် လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ ပျံလွန် တော်မူသည့် (၇၃) ကြိမ်မြေက် အောင့်မေ့ဘွယ်အခန်းအနားကို ကျင်းပနိုင်ရန် ထိုင်းနိုင်ငံရောက် ရခိုင် အဖွဲ့ အစည်းများက ပြင်ဆင်နေကြကြောင်း သိရသည်။
ရခိုင်နိုင်ငံရေးပါတီများ၊ ရခိုင် လူမှုရေး အဖွဲ့စည်းများက ဘန်ကောက်၊ မဟာချိုင်၊ မဲဆောက်နှင့် ဖူးခက် မြို့များ၌ ကျင်းပကြမည်ဖြစ်ပြီး ရန်ပုံငွေနှင့် နေရာရှာဖွေခြင်း၊ ဖိတ်ကြားခြင်းများကို ဆောင်ရွက်နေပြီဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောသည်။
မဲဆောက်မြို့မှ ဦးဥတ္တမနေ့ ပွဲကျင်းပရေးကော်မတီဝင် ရခိုင်သံဃသမဂ္ဂမှ ဆရာတော် ဦးဝါရိန္ဒကဆရာတော် ဦးဥတ္တမဟာ အာရှတိုက်တတိုက်လုံးအတွက် နိုင်ငံရေး မျိုးစေ့ချပေးခဲ့သူ၊  မြန်မာ့လွတ်လပ်ရေးအတွက် တိုက်ပွဲ ဝင်ခဲ့သူ ဖြစ်တယ်ဆိုတာ  နောင်လာနောက်သားများ သိစေချင်လို့ ကျင်းပရတာ ဖြစ်တယ်။ဟု ပွဲကျင်းပရ သည့် ရည်ရွယ်ချက်ကို ပြောပြသည်။
တိုင်းရင်းသားခေါင်းဆောင်များကို ဖိတ်ကြားထားပြီး လတ်တလော မြန်မာနိုင်ငံအပြောင်းအလဲနှင့် ရခိုင်ပြည် နယ် အရေးအခင်းအပါအဝင် ဆရာတော်ဦးဥတ္တမ ၏ လုပ်ဆောင်ချက်များကို ဆွေးနွေးကြမည်ဖြစ်ပြီး ပွဲသို့
တက်ရောက်လာသူများကိုလည်း ဆရာတော်ဦးဥတ္တမ ပုံများ ဖြန့်ဝေသွားမည်ဟု ဆက်ပြောသည်။
၂၀၁၂ မေလ ၂၈ ရက်နေ့တွင် ရခိုင်ပြည် နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာအနီး၌ ဘင်္ဂါလီ လူမျိုး ၃ ဦးက ဒေသခံ ရခိုင်အမျိုးသမီး တဦးအား မဒိန်း ကျင့် သတ်ဖြတ် ပစ္စည်းလုယူမှုမှ အစပြု၍ ရခိုင်-ဘင်္ဂါလီ အရေးခင်း ဖြစ်ပွားခဲ့သည်။ အရေးခင်းကြောင့် အိမ်ခြေ ၄,၈၂၂ လုံး မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူ ၈၈ ဦး၊ ဒဏ်ရာရသူ ၁၁ဦးရှိကြောင်း မြန်မာ အစိုးရမှ ထုတ်ပြန်ထားသည်။
 အလားတူ ဘန်ကောက်မြို့၌ ပွဲနေရာ ရွေးချယ်ထားပြီး၊ ရန်ပုံငွေရှာဖွေခြင်းနှင့် ဖိတ်ကြားခြင်းများ ပြု လုပ် လျှက် ရှိကြောင်း ပွဲကျင်းပရေးကော်မတီဝင် ခိုင်ကျော်လွင်က ပြောသည်။   
လတ်တလော ရခိုင်ပြည်နယ် မငြိမ်မသက်ဖြစ်နေမှုတွေအတွက် ပြည်ပရောက် ရခိုင်အမျိုးသားများတွေမှာ တာဝန်ရှိတယ်လို့ ယူဆလို့ ပြည်တွင်း ပြည်ပ ဆက်စပ်ပြီး အမျိုးသားအင်အားစု တည်ဆောက်လို တာကြောင့် ကျင်းပရတာ ဖြစ်တယ်ဟု၎င်းက ပြောသည်။
ဆရာတော်ဦးဥတ္တမ ၏ ငယ်နာမည်မှာ ပေါ်ထွန်းအောင်ဖြစ်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့ ရူပရွာတွင်  ကုန်သည် ဦးမြနှင့် ဒေါ်အောင်ကျော့သူတို့မှ ၁၈၇၉ ခု၌ မွေးဖွားခဲ့သည်။ ဆရာတော်သည် အင်္ဂလိပ်၊ ပါဠိ၊ သက္ကဋ၊ နာဂရီ၊ ဘင်္ဂါလီ၊ တိဘက်၊ ပြင်သစ်၊ ကိုးရီးယား၊ ဂျပန် ဘာသာစကားနှင့် စာပေတို့ကို ကျွမ်းကျင် တတ်မြောက်ပြီး အိန္ဒိယနိုင်ငံ မဟာဆဗအသင်းကြီး၏ ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်သည်။

No comments:

Post a Comment