Sunday, August 26, 2012

အမြတ်ကြီးစားအတိုးပေးစား သူများကိုအရေးယူနိုင်သည့် ဥပဒေပြဋ္ဌာန်းပြီ



ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြီးများသည် မိမိတို့ပတ်ဝန်းကျင် ကျေးရွာ၊ မြို့နယ်များအလိုက် ပြည်သူတို့၏အခက်အခဲ ဘ၀နေ ထိုင်ရပ်တည်မှု ဖြစ်ပေါ်နေသော ပြဿနာအလုံးစုံတို့ကို ဥပဒေပြု ရေး၊ ပြည်သူ့လွှတ်တော်များသို့ သယ်ဆောင်ပြီး ကိုယ်စီကိုယ်ငှ တာဝန်တွေထမ်းဆောင်ကာ ဥပဒေ ဖြင့် အကာအကွယ်ရရှိနိုင်ရန် တင် ပြဆွေးနွေးခြင်း မေးခွန်းများဖြေ ခြင်း၊ အကြံပြုချက်များဖြင့် အဆိုပြု ကြခြင်းများကို ဆောင်ရွက်လျက်ရှိ ရာ ပြည်သူ့လွှတ်တော်များတွင် အသက်ဝင်လှုပ်ရှားရှင်သန်လျက် ရှိနေသည်။

ပြည်သူ့လွှတ်တော်အစည်း အဝေးကြီး (၂၉) ရက်မြောက်တွင် သာကေတမဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး လွှတ်တော်သို့မေးမြန်းခဲ့သော မေးခွန်းတွင် တရားဝင်မှတ်ပုံတင် ခြင်းမရှိဘဲ ငွေတိုးချထားသူများ သည် ဥပဒေနှင့် ညီစေရန်လုပ်ကြံ ဖန်တီးဖော်ပြ၍ တရားစွဲဆိုနေကြ သည့် တရားမ၀င် ငွေတိုးချေးစားသူ များအား ဖော်ထုတ်အရေးယူရန် နှင့် ဥပဒေနားလည်မှုမရှိသည့် ဆင်းရဲသားများအပေါ်လိမ်လည် တရားစွဲဆိုခံနေရခြင်းကို ကာကွယ် ပေးမည့်အခြေအနေနှင့် ပတ်သက် ၍သိရှိလိုကြောင်း လွှတ်တော
်တွင် မေးမြန်းခဲ့ရာ ဘဏ္ဍာ/အခွန်ဝန် ကြီးဌာနမှ ဒုတိယ၀န်ကြီးဦးဝင်းရှိန် က ဖြေကြားရှင်းလင်းရာတွင်
ဆင်းရဲနွမ်းပါးသူများအနေဖြင့် မိမိတို့၏ပစ္စည်းပစ္စယများကို ပေါင်နှံ၍ငွေချေးယူနိုင်ရန်အတွက် အပေါင်ဆိုင်လုပ်ငန်းနှင့် ငွေတိုး ချေးခြင်းလုပ်ငန်းများကို ဆောင် ရွက်နိုင်ရန် စည်ပင်သာယာရေး အဖွဲ့ဥပဒေ၊ အသေးစားငွေရေး ကြေးရေးလုပ်ငန်းဥပဒေနှင့်The Money Lenders Act 1945တို့ ကို ပြဋ္ဌန်းထားပြီးဖြစ်ကြောင်း။ လိုင်စင်မဲ့ငွေတိုးချေးစားသူများအား အရေးယူခြင်းနှင့် ပတ်သက်၍တင် ပြရလျှင်The Money Lenders Act 1945 ပုဒ်မ ၅ နှင့် ပုဒ်မ ၆ တို့အရ ငွေချေးခြင်း၊ ငွေတိုးပေး ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ခွင့်ပြု ချက် မှတ်ပုံတင်မရှိဘဲ ငွေတိုးချေး စားခြင်းလုပ်ငန်းကိုဆောင်ရွက်ပါ က လုပ်ကိုင်ဆောင်ရွက်သူအား ယင်းဥပဒေပုဒ်မ ၁၇ အရ တရား ခွဲအရေးယူနိုင်မည်ဖြစ်ပြိး ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေကျခံရ မည်ဖြစ်ကြောင်းနှင့် ဥပဒေအား ပြဋ္ဌာန်းထားရှိပါကြောင်း ၎င်းင်းနောက် အသေးစားငွေရေးကြေးရေးအဖွဲ့ အစည်းလုပ်ငန်းလုပ်ကိုင်ခွင့်မရှိ ကြောင်း တားမြစ်ထားပြီး ယင်း တားမြစ်ချက်ကို လိုက်နာရန် ပျက်ကွက်ပါက ပုဒ်မ ၅၇ အရ၊ ငွေဒဏ်ဖြစ်စေ၊ ၅ နှစ်ထက်မပို သော ထောင်ဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်စလုံဖြစ်စေ၊ ချမှတ်နိုင်သည် ကို ပြဋ္ဌာန်းထားရှိပါကြောင်း တရား ၀င်ခွင့်ပြုချက်မရှိဘဲ ငွေတိုးပေး စားသူများအား ဖော်ထုတ်တိုင် ကြားလာပါက အဆိုပါဥပဒေများ အရ အရေးယူနိုင်ကြောင်းနှင့် ဆင်းရဲနွမ်းပါးသူပြည်သူလူထု၏ လိုအပ်ချက်များကို အတတ်နိုင် ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ပြောကြားသွား ပါသည်။




No comments:

Post a Comment