Tuesday, August 28, 2012

“အိမ်ပြန်လမ်းစရိတ်ရှာနေတဲ့ ကျောက်ကပ်ရောဂါသည် မြန်မာအလုပ်သမားကိုထိုင်းရဲဖမ်းဆီး”

            
သြဂုတ် ၂၈
မြတ်ညို(အလွတ်သတင်းထောက်)
              မဟာချိုင်နယ်မြေ နကပထုန် ဆေးရုံကြီးတွင်   ကျောက်ကပ်ရောဂါဖြင့် ၂ပတ်ကြာ ဆေးဝါးကုသမှု ခံယူခဲ့ပြီးမြန်မာနိုင်ငံသို့ ပြန်ရန် မိတ်ဆွေများထံမှ လမ်း စရိတ်အကူညီတောင်းခံရန် မဟာချိုင်သို့ လာခဲ့သည့် ကိုဝေယံ အား ယမန်နေ့ နံနက်က မဟာချိုင်ဈေး အရောက်တွင် ပုလိပ်ဖမ်း ဆီးခဲ့သဖြင့် ဘတ်ငွေ ၅၀၀ ပေးမှ လွတ်မြောက်လာေ ကြာင်း သူကပြောသည်။
            ကိုဝေယံ က“ကျနော့်မှာ ရေဘေးတုန်းက စာရွက် စာတမ်းတွေပျက်စီးသွားခဲ့တယ်။ အလုပ်က လည်း လည်း  ကောင်း ကောင်း မလုပ်နိုင်ဘူး၊ ကျောက်ကပ်    ရောဂါကြောင့် ဆေးရုံတက်ရတယ်။ ဆေးရုံက ဆင်းေ တာ့ အလုပ်ရုံက
ကျနော့်ကို အလုပ်ပြန်လုပ်ခွင့် မပြုတော့ဘူး။ဒါကြောင့် ကျနော် အသိတွေဆီမှာ လမ်းစရိတ် အကူညီလာ တောင်းတာ၊ ကျနော့်မှာဘတ် ၁၁၀၀ ပါလာတယ်။ မနက်ကတည်းကဖမ်းပြီး ခေါ်သွားတာ မွန်း တည့်တော့မှ ဘတ် ၅၀၀ ယူထားလိုက် ပြီးပြန်လွှတ်လိုက်ပါတယ်” ဟုပြောသည်။
ဆေးရုံမှ ဆေးဝါးကုသမှုမှတ်တမ်းစာရွက်များကို ပြသသော်လည်း ဖမ်းဆီးထားခဲ့သည် ဟု ကိုဝေယံက ဆိုသည်။ မဟာချိုင် ၄ထပ် ပုလိပ်ရုံးတွင်ရှိသော မြန်မာဘာသာပြန်တစ်ဦးက  ကိုဝေယံ အဖွဲ့ အစည်းများသို့ အကူညီတောင်းခံနေကြောင်း အကျိုးအကြောင်းပုလိပ်ကို ပြောပြခဲ့သဖြင့် လွတ်မြောက်လာခဲ့ကြောင်း၎င်းက
ပြောသည်။ 

copy from http://goldenworkers.blogspot.com

No comments:

Post a Comment