Wednesday, August 29, 2012

ဆပ်ပြာရည်စိမ်ထားတဲ့ ပုစွန်ဝယ်မစားမိလေအောင်သတိထားဖို့လိုနေပြီ

အခုတလော ပုစွန်တွေ စားရင်း ယားယံလာတဲ့ကိစ္စတွေနေရာ တော်တော်များများမှာ ဖြစ်နေပြီး၊ ကိုယ် ကိုယ်တိုင်လည်း တစ်ခါမှ ပုစွန်  စားလို့ မယားဘူး။ အခုမှယားနေတာကတော့ တစ်ခုခုမှားနေပြီလို့ ယူဆကာ စုံစမ်း ကြည့်မိပါတယ်။ ရန်ကုန်မြို့၊သာကေတ မြို့နယ်မှာနေတဲ့ အိမ်ပိုင်ရှင်အဖွား ကလည်း သူ့အနေနဲ့ ပုစွန်စားတာ တစ်ခါမှမယားဖူးပါဘူး။

အခုမှ ယားလာတယ်။ အဲဒါဘာလို့လဲလို့ မေးကြည့်တော့ အခုတလောတရုတ်ပြည်ကိုပို့နေတဲ့ ပုစွန်တွေ ပို့လို့မရတော့တာကြောင့် ဈေးကွက်မှာပုံနေပါပြီ။ ဒါကြောင့် ရောင်းမရတဲ့ ပုစွန်တွေကို ခေါင်းဖြတ်ပြီး ဆပ်ပြာမှုန့်နဲ့ ဖြူးပေးလိုက်တယ်။
ဒီလို ဆပ်ပြာမှုန့်နဲ့ ပုစွန် တွေပေါ်ဖြူးလိုက်တော့ သုံးလေးရက် လောက် ပုစွန်နဂိုအရောင်မပြောင်း ပါဘူး။ နောက်ပြီး ပုပ်သိုးခြင်းလည်း မရှိပါဘူး။ အဲဒီပုစွန်တွေကို ချက်စား ခါနီးကျတော့ ရေဆေးလိုက်ရင် ဆပ် ပြာမှုန့်တွေထွက်လာမယ်။ အဲဒီထွက် လာတဲ့ဆပ်ပြာမှုန့်ရည်ကို ပြောင်အောင် ဆေးကြောမှုမလုပ်ဘဲ ဟင်းချက် ပြီး စားရင်တော့ ပုစွန်ကထွက်လာတဲ့ နဂိုယားယံစေတဲ့ ဓာတ်နဲ့ဆပ်ပြာ မှုန့်ဓာတ်တို့ ပေါင်းမိသွားပြီး လူကို ဒုက္ခဖြစ်စေတဲ့ ယားယံတဲ့ ဗူနမါနျ တွေထွက်လာပြီး လူ့ရဲ့သွေးကို ဒုက္ခ ပေးတာပါပဲဟု ဆရာဝန်တစ်ဦးက ပြောပြသည်။
သူငယ်ချင်းတစ်ယောက် တောင်ပြုံးပွဲသွားတုန်း ပုစွန်တုပ်ကြီး ၃ကောင် ၁၈ဝဝနဲ့တန်လို့ ဝယ်စားတာ တစ်ညလုံးအိပ်မရဘဲ ဝမ်းတွေသွားဗိုက် တွေအောက်ဖြစ်ခဲ့တယ်ဟုသိရသည်။

copy from http://myanmarnewsweek.com

No comments:

Post a Comment