Sunday, August 26, 2012

ထိုင်းဝန်ကြီးချုပ်မစ္စ ရင်လပ်မြန်မာနိုင်ငံသို့ လာ မည်


ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်သည် စက်တင် ဘာလ ၁၃ ရက်နေ့မှ စက်တင် ဘာ ၁၅ ရက်နေ့ထိ မြန်မာနိုင်ငံ သို့ လာရောက်မည်ဟု သြဂုတ် လ ၂၃ ရက်ထုတ် နေရှင်းသတင်းတစ် ရပ်တွင် ဖော်ပြသည်။

ထိုင်းဝန်ကြီးချုပ်သည် မြန်မာ နိုင်ငံတွင် ၂ ရက်ကြာနေ ထိုင်ပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်အပါအ၀င် မြန်မာ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် တွေ့ဆုံကာထားဝယ်ရေနက်ဆိပ် ကမ်း စီမံကိန်း အကောင်အထည် ဖော်ရေးအပါအ၀င် အခြားနှစ်နိုင်ငံ အကျိုးတူပူးပေါင်းဆောင်ရွက် ရေးကိစ်္စရပ်များကို အလေးထား ဆွေးနွေးကြမည်ဟု ထိုင်းနိုင်ငံ ခြားရေးဝန်ကြီး ဆူရာပေါင်ကဆို သည်။ ယခုအခါ ထားဝယ်ရေ နက်ဆိပ်ကမ်းစီမံကိန်းသည် ပြည် ပရင်းနှီးမြှုပ်နှံသူများအထူးစိတ် ၀င်စားသည့် မဟာဗျူဟာမြောက် ရေနက်ဆိပ်ကမ်းစီမံကိန်းတစ်ခု ဖြစ်သည်ဟုသိရသည်။ ဤခရီးစဉ် အပြီး ထိုင်းဝန်ကြီးချုပ်သည် စက် တင်ဘာလနှောင်းပိုင်းတွင် အမေ ရိကန်ပြည်ထောင်စုသို့ သွားရောက် မည်ဟုသိရသည်။

မောင်ကျော်
Ref: Nation

copy from http://www.hotnewsweekly.com

No comments:

Post a Comment