Wednesday, August 29, 2012

အရေးကြုံလာလျှင် အမေရိကန်ခရီးသည် လေယာဉ်ကိုပင်ပစ်ချရန် အီရန်တို့စီစဉ်ထား

အီရန်နိုင်ငံ၏နျူကလီးယား အဆောက် အအုံများကို အနောက်အင်အားစုများက ထိုးနှက် တိုက်ခိုက်လာလျှင် အရေးကြုံလာမည်ဖြစ်၍ အီရန် နိုင်ငံကလည်း အနောက်အင်အားစုများ၏လေ ကြောင်းလိုင်းလေယာဉ်များကို ပစ်ချသွားရန် စီစဉ်မှု များရှိသည်ဟု အီရန်ထောက်လှမ်းရေးတွင် တာဝန် ထမ်းဆောင်ဖူးသူတစ်ဦးကပြောကြားသည်။


အဆိုပါသတင်းကိုပေးသူမှာ အီရန်တော် လှန်ရေးအစောင့်တပ်ဖွဲ့၏ ထောက်လှမ်းရေးတွင် တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပြီး မကြာသေးမီကမှ ဥရောပသို့ ထွက်ပြေးတိမ်းရှောင်လာသူဖြစ်ကြောင်း သိရသည်။ အီရန်နိုင်ငံခေါင်းဆောင်ကြီးသည် အစ္စလာမ်မစ်အီရန်နိုင်ငံကိုတိုက်ခိုက်ခံရပါက တုံ့ပြန် သွားရန်ပြင်ဆင်မှုများကို အချိန်အတော်ကြာကပင် စီစဉ်ရေးဆွဲထားသည်။
အီရန်တို့သည် အနောက်ဘက်အသိုင်း အဝိုင်းနှင့်စစ်ဖြစ်လာမည့်အရေးကို ကြိုတင်မျှော်တွေး ကာစီစဉ်ပြင်ဆင်မှုများကို အရံသင့်ပြုလုပ်ထား ကြသည်။
အီရန်တို့၏စစ်ဘက်တွင် ထိန်းချုပ်ရေးနှင့် ကွပ်ကဲရေးဌာနများကိုခွဲဖြန့်၍ချထားသည်။ အကယ် ၍ဗဟိုထိန်းချုပ်ရေးနှင့်ကွပ်ကဲရေးစခန်းသာ တိုက် ခိုက်ခံရပြီး ပျက်စီးသွားပါက စစ်ဘက်ကွပ်ကဲမှုများ ကိုအအုပ်အစည်းမပျက် ဆက်လက်ဆောင်ရွက် သွားနိုင်ရန်ထိန်းချုပ်ရေးနှင့်ကွပ်ကဲရေးဌာနပေါင်း(၃၂) ခုကိုခွဲဖြန့်ထားရှိသည်ဟုဆိုသည်။ တစ်ချိန်တည်း၌ပင် အီရန်တို့သည် လှိျု့ဝှက်အနေအထား၌ ဖုံးကွယ်ကာ အဏုမြူလက်နက်ထုတ်လုပ်နိုင်ရေးကိုလည်းကြိုးပမ်း နေကြသည်ဟု အနောက်နိုင်ငံများက သံသယရှိထား ကြသည်။
အကယ်၍သာ စစ်ဖြစ်လာခဲ့လျှင် အီရန် အစိုးရအား ပြည်တွင်းမှနိုင်ငံရေးနှင့်တက်ြွက လှုပ်ရှားသူများက ဆန့်ကျင်လာမည့်အရေးကိုလည်း ကြိုတင်တွက်ဆထားကြသည်။ သို့ဖြစ်၍အရေး ကြုံလာလျှင်အကျဉ်းချထားသောနိုင်ငံရေးသမား အားလုံးကို ရှင်းပစ်ရန်လည်း ကြိုတင်စီစဉ်ထား သည်ဟုဆိုသည်။
ထိုမျှသာမကသေး ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ပူးပေါင်းကာ တိုက်ခိုက်ရေးအဖွဲ့ဝင်အများအပြားကို လည်းဖွဲ့စည်းထားသည်။ အရေးကြုံလာလျှင် ထို အဖွဲ့ခွဲများသည် အစ္စရေးနိုင်ငံတွင် အဖျက်အမှောင့် လုပ်ငန်းများကို ဆောင်ရွက်ကြမည်ဖြစ်သည်။ အစ္စရေးတွင်သာမက ယင်းအင်အားစုများသည် အမေရိကန်နှင့် အနောက်နိုင်ငံများ၌ပါ တိုက်ခိုက် မှုများကို ဆောင်ရွက်ကြဖွယ်ရာရှိသည်။
ထိုမျှသာမက အနောက်နိုင်ငံအသိုင်း အဝိုင်းများ အထိတ်တလန့်ဖြစ်သွားစေရန်ရည်ရွယ်၍ ယင်းနိုင်ငံများ၏အရပ်ဘက်လေကြောင်းလိုင်းများကိုပါ ထိုးနှက်တိုက်ခိုက်သွားရန် စီစဉ်မှုများလည်း ပြုလုပ် ထားသည်ဟုဆိုသည်။ သို့ရာတွင် အစီအစဉ်အတိအ ကျကိုမူ အဆိုပါသတင်းပေးက ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။
အီရန်တို့၏ အင်အားများအနေဖြင့် မိမိ နိုင်ငံအားတိုက်ခိုက်လာသည့် ရန်သူနိုင်ငံများကို ယင်းတို့၏မြေပေါ်၌ပင် ထိုးနှက်တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟူ၍ အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ ဒုတိယအကြီးအကဲဖြစ်သူ မော်တီဇာမီရာဗန်က ပြောကြားသည်။
ထို့အပြင် မကြာမတင်မီကာလတွင် တော်လှန်ရေးအစောင့်တပ်ဖွဲ့များကိုမူ ရန်သူများ လုံးဝမျှော်မှန်းထားခြင်းမရှိသော လက်နက်ဆန်းမျိုးကို ကိုင်ဆောင်သုံးစွဲခွင့်ရရှိလာလိမ့်မည်ဟူ၍လည်း ဝင့်ြွကားစွာပြောဆိုခဲ့သည်။ မီရာဗန်၏ပြောဆိုချက်မှာ ပင်လယ်ကွေ့ဒေသတွင်ရှိနေသော အမေရိကန်ရေ ယာဉ်များကို အစောင့်တပ်ဖွဲ့များကတိုက်ခိုက် နိုင်သည့်အခြေအနေကိုရညှူ်န်းပြောဆိုဟန်ရှိသည် ဟုတွက်ဆကြသည်။
ပါရှန်ပင်လယ်ကွေ့ဒေသတွင် အီရန် တပ်ဖွဲ့တို့လက်ဝယ်၌ တိုက်ခိုက်ရေးသင်္ဘောငယ် ပေါင်း(၃ဝဝဝ)ကျော်မျှရှိသည်။ ထိုသင်္ဘောများသည် အမေရိကန်ရေတပ်သင်္ဘောများအနီးတွင် အဆက် မပြတ်ဆိုသလို သွားလာလှုပ်ရှားနေကြသည်။ အမေ ရိကန်တို့ကသာ တိုက်ခိုက်လာခဲ့လျှင် အမေရိကန် တို့သည် ယင်းတို့၏လုပ်ရပ်အတွက် ဝမ်းနည်းဖွယ်ရာ အဖြစ်နှင့်ကြုံကြရဖွယ်ရာရှိသည်ဟု မီရာဗန်က ဆက်လက်ပြောကြားသည်။
ယင်းအပြင် အရှေ့အလယ်ပိုင်းဒေသရှိ ရန်သူ့စစ်စခန်းများအားလုံးသည် မိမိတို့၏ဒုံးလက် နက်များလက်လှမ်းမှီသောအကွာအဝေးတွင်ရှိနေပြီး မဟာမိတ်ဟစ်ဇ်ဘိုလာများ၏တိုက်ခိုက်လာနိုင်သည့် အဝန်းအဝိုင်းအတွင်းတွင်ကျရောက်နေသည်ဟု မီရာ ဗန်ကဖြည့်စွက်ပြောကြားသည်။ ထို့အပြင် အ ခြား ထောက်လှမ်းရေးသတင်းများအဆိုအရ အီရန်တို့ သည် ယခုအခါ အဏုမြူလက်နက်ထုတ်လုပ်နိုင်ရန် နီးစပ်သောအဆင့်တွင်ရောက်ရှိနေသည်ကိုသိရသည်။ အထက်ဖော်ပြပါအခြေအနေအရပ်ရပ်ကိုထောက်၍ အနောက်ဘက်အင်အားစုများသည် အီရန်အားတိုက် ခိုက်ရေးကိစ္စတွင် ပြတ်ပြတ်သားသားမရှိသေးဘဲ ချီတုံ ချတုံဖြစ်နေကြသည်။ ဤသို့ဖြင့် အီရန်တို့သည် ဖျက် အားပြင်းလက်နက်အားပိုင်ဆိုင်သည့်အဆင့်ကိုရောက် ရှိသွားနိုင်ဖွယ်ရာရှိသည်။ ယခုအတောအတွင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့များသည် 0×158င်းတို့ နိုင်ငံတွင်း၌(၃)ရက်ကြာကျင်းပမည့်စစ်ရေးလေ့ကျင့်ပွဲ ကိုကျင်းပသွားရန်ရှိကြောင်းသိရသည်။ ထိုစစ်ရေး လေ့ကျင့်ပွဲတွင် တာတို၊ တာလတ်နှင့်တာဝေးပစ်ဒုံး လက်နက်များကို စမ်းသပ်ပစ်ခတ်ကြမည်ဖြစ်သည်။ ပစ်ခတ်ရာတွင်အမေရိကန်တို့၏လေတပ်စခန်းပုံတူပြု လုပ်ထားသောနေရာများကိုထိမှန်အောင်ပစ်ခတ်ကြ ဖွယ်ရာရှိကြောင်း တော်လှန်ရေးအစောင့်တပ်ဖွဲ့လေ ကြောင်းနှင့်အာကာသဆိုင်ရာတပ်ဖွဲ့၏အကြီးအကဲဗိုလ် မှူးချုပ်အာမီရာအလီဟာ၈ျီဇာဒီကပြောကြားသည်။

copy fom http://myanmarnewsweek.com

No comments:

Post a Comment