Monday, August 27, 2012

အတိုတ်အခံနိုင်ငံရေးသမားလို့ခေါ်ရမလား ကျောသပ်ခံနီုင်ငံရေးသမားလို့ခေါ်ရမလား လမ်းပြကြယ်မေးလိုက်ပြီ

 ၁၉၆၂ ခုနှစ်မှအစ ၁၉၈၈ ခုနှစ်အလယ် ၂၀၀၇ ခုနှစ်အဆုံး မြန်မာနိုင်ငံရေးခရီးကြမ်း၌ သွေး မြေကျ အနစ်နာ ခံသော ရဟန်းရှင်၊ လူ ကျောင်းသားအပေါင်းတို့၏ သွေးများသည် ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် နိုင်ငံရေးကာလအထိ အလမ်းမပေါ်တွင် ကျခဲ့သော သွေးများယနေ့တိုင် မခြောက်သေးပါ။ သို့သော် ပြည်သူကိုအကြောင်းပြ လမ်းမပေါ်တွင်ကျခဲ့သော သွေးများကိုအကြောင်းပြ အတိုက်အ ခံနိုင်ငံရေးသမားဟု အမည်ခံခဲ့သော ယနေ့ကမ္ဘာကျော်နိုင်ငံရေးသမားများသည် လမ်းမပေါ် သွေးမြေကျခဲ့သည့်သူများအတွက် သင်တို့ဘာလုပ်ခဲ့သလဲဟု လည်းကောင်း၊ လူငယ်ကျောင်းသားဘ၀ကို စွန့်လွှတ် အနစ်နာခံပြီး တောတွင်း တနေရာ၌ လက်နက်ကိုင်စွဲ၍ ကျောင်းသားတပ်မတော်တ ည်ထောင်ကာ တိုက်ပွဲဝင်နေသော ကျောင်းသား ရဲဘော်များအတွက် သင်တို့ဘာလုပ်ပေးသလဲဟု မေးမြန်းလိုသော သဘောတရားများကို ပြည်တွင်ဂျာ နယ်တချို့နှင့်အင်တာဗျူးပြီး ဂျာနယ်တွင်ဖော်ပြရန် လမ်းပြကြယ် ဦးအေးမြင့်မှ ဂျာနယ်လစ်တချို့အား ၈၊ ၈၊ ၂၀၁၂ ခုနှစ်ရက်နေ့တွင် ပဲခူးမြို့၌ တွေ့ဆုံကြောင်း သတင်းရရှိခဲ့ပါသည်။ သို့သော် စာပေလွတ်လပ်ခွင့်ကို စာပေစီစစ်ရေးမှချုပ်ကိုင်ခဲ့သော ကာလဖြစ်သောကြောင့် ဖော်ပြခွင့်မရရှိခဲ့ကြောင်းသိရှိရသည်။

လမ်းပြကြယ်ဦးအေးမြင့်နှင့် ဂျာနယ်လစ်တချို့တွေ့ဆုံမေးမြန်းခဲ့သော အချက်အချိုမှာ …..
(က) ကမ္ဘာသိပြည်တွင်းသိ နာမည်ကျော်ပါတီကြီးတစ်ခုအား လမ်းပြကြယ်ဦးအေးမြင့်ကိုယ်တိုင် စစ်မှန်သောအစိုးရ ရရှိရေးအတွက် သွေးမြေကျသောနည်းဖြင့် စစ်အုပ်ချုပ်ရေးအစိုးရအားတော်လှန်မည်အစား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ပြည်သူချစ်သောပါတီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲ၌ ၀င်ရောက်ယှဉ်ပြိုင်အရွေးချယ်ခံရန် အမုန်းခံပြီးပြောဆိုခဲ့သည်။ သို့သော် ပြည်သူချစ်သောပါတီမှ လုံးဝဆန်ကျင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အပြောနှင့်အလုပ် တထပ်တည်းမကျဘဲ ဒူးထောက်အညံ့ခံ ၀င်ခဲ့သည်ကို သည်းခံခွင့်ပြီး အကောင်းမြင်ဘက်မှတွေးလျှက် မျှော်လင့်ချက်ဖြစ်စောင့်ခဲ့သည်။ သို့သော် လွှတ်တော်အတွင်းတွင် ယင်းပါတီမှ ပုဂ္ဂိုလ်(၂)ဦးက လွှတ်တော်သို့ တင်ပြသောအချက်များကြောင့် နာမည်ကြီးပါတီ၏ အရည်အချင်းနှင့်ဂုဏ်သိက္ခာ တန်ဖိုးကို သိရှိခဲ့ရသည့်အပြင် ဆင်ပြောင်ကြီးလွှတ်တော်အတွင်း၌ ကျုံးသွင်းခံသွားရပြီဟု ပြည်သူလူထုအား ကျယ်ကျယ်ပြန်ပြန်သိစေလိုသည့်ဆန္နများကို ဖော်ထုတ်ခဲ့သည်။
(ခ) ကမ္ဘာသိပြည်သူသိဖြစ်သော ကျောင်းသားများအဖွဲ့သည်လည်း တော်လှန်ရေးစခဲ့စဉ်က ရဲရဲတောက်အတိုက်အခံနိုင်ငံရေးသမားဟု ၀မ်းမြောက်ဝမ်းသာဂုဏ်ယူအသိအမှတ်ပြုခဲ့သည်။ သို့သော်နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီးများမှ လက်ခံတွေ့ဆုံပြီးသည့်နောက်ပိုင်းတွင် သတင်းနှင့်စာနယ်ဇင်းများ၌ တွေ့မြင်ရသော ဓါတ်ပုံများကိုတွေကြည့်ရှုခြင်းအားဖြင့် အတိုတ်ခံနိုင်ငံရေးသမားမ ဟုတ်တော့ပဲ ကျောပွတ်ခံနိုင်ငံရေးသမားဘ၀သို့ အသွင်ကူးပြောင်းသွားသည်ကို တွေ့မြင်သိရှိရသဖြင့် လမ်းမပေါ်မှ သွေးညှီနံ့များကို သတိမရတော့ကြောင်း လမ်းပြကြယ်ဦးအေးမြင့်မှ ဆန္ဒဖော်ခဲ့ကြောင်းသိရှိရသည်။
မှတ်ချက်။        ။ စာပေစီစစ်ရေးမရှိတော့သည့်အတွက် လမ်းပြကြယ်ဦးအေးမြင့်မှ အကျယ်တ၀န့် အကြောင်းအရာများကို ပြည်တွင်းဂျာနယ်များမှာဖော်ပြရန်ကြိုးစားနေသည်။ ယင်းအချက်များကို သိရှိခဲ့ရသည်မှာ….. လမ်းပြကြယ်ဦးအေးမြင့်အား နိုင်ငံတော်တရားလွှတ်တော်ချုပ်ရုံး တရား သူကြီးများအစည်း အဝေးဆုံးဖြတ်ချက်အရ (၁၀၊ ၈၊ ၂၀၁၂)ရက်နေ့တွင် တရားလွှတ်တော်ချုပ်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ပြုလိုက်သဖြင့် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဇေမ္ဘာဦးခင်ရွှေ၏ မန်နေဂျာမှ ဦးနေမျိုး ဝေ(မတူ/ငြိမ်းချမ်းရေးပါတီ)အား ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၅၀၀)ဖြင့် မင်္ဂလာဒုံမြို့တရားရုံးတွင် စွဲဆိုသည့်အမှု ၌ ဦးနေမျိုးဝေ၏ ရှေ့နေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ရန် (၆၊ ၉၊ ၂၀၁၂)ရက်နေ့တွင် ကိုယ်စားလှယ် ပါဝါတင်မည်အကြောင်းသိရှိသည့်အပြင် လယ်ယာမြေသီမ်းဆည်းခံရသော လယ်သမားများမှ ဇေကမ္ဘာဦးခင်ရွှေ အားတရားစွဲဆိုရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရပါသည်။

ဒေါတ်တာလမ်းပြကြယ်

1 comment:

  1. ပဲခူးသားလမ်းပြကြယ်ဦးအေးမြင့်ရဲ့တာဝန်သိမှုတွေဆင်းရဲနင်းပြားတောင်သူလယ်သမားတွေကို ဘ၀နဲ့ရင်းပြီးကယ်တင်နေတဲ့သူ
    မှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမကြောက်တတ်တဲ့အဘကိုချီးကျူးပါတယ်ဗျာ

    ReplyDelete