Sunday, August 19, 2012

လယ်သမားအထောက်အကူပြု ကွန်ရက်ဖွဲ့ စည်း

လယ်သမားအထောက်အကူပြု ကွန်ရက်ဖွဲ့ စည်း

ပဲခူးတိုင်း အနောက်ခြမ်း  သဲကုန်းမြို့နယ်တွင် လယ်သမား  သမဂ္ဂ ပေါ်ပေါက်ရေး ကြိုးပမ်းမှု  အဖြစ်ဒေသတွင်း လယ်သမား များ အထောက်အကူပြု ကွန်ရက်    တခုကို သြဂုတ်လ(၁၈)ရက်နေ့က  ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

လယ်ယာမြေ ဖျက်သိမ်းခံ  ရခြင်း၊ရေလွှမ်းမိုးမှုကြောင့် လယ် ယာများ ရေနစ်မြှုပ်ခြင်း၊စိုက်စရိတ်  ချေးငွေ အချိန်မီ မရခြင်းများအ တွက် နိုင်ငံတော် အဆင့်ဆင့်အ ထိ တင်ပြတောင်းဆိုခဲ့သော်လည်း  ယနေ့အချိန်အထိ တာဝန်ရှိသူ များမှ ထိရောက်စွာ အရေးယူပေး ခြင်းမရှိသည့်အတွက် လယ်သမား  များအထောက်အကူပြု ကွန်ရက် ကို ၂၀၁၂ခုနှစ် သြဂုတ်လ ၁၈ရက်  နေ့တွင် ပဲခူးတိုင်းဒေသကြီး ပြည် ခရိုင် သဲကုန်းမြို့နယ်မှာ ဖွဲ့စည်းရ တာ ဖြစ်ကြောင်း ကွန်ရက်အဖွဲ့ တာဝန်ခံ လယ်သမား ကိုအုန်းဟန် ကပြောပြသည်။
လယ်သမား အထောက်အကူ  ပြု ကွန်ရက် ဖွဲ့စည်းပွဲကို သဲကုန်း  မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု  ၁၃စုက လယ်သမားအယောက်  ၅၀ကျော် တက်ရောက်ကြပြီး ယင်းဒေသတွင် ပုဂ္ဂလိက လုပ်ငန်း ရှင်များက အာဏာပိုင်နှင့်ပေါင်း ပြီး အင်းတည်ဆောက်ထားသည့် အတွက် လျှံထွက်နေသည့်ရေတွေ  မှ ဒေသခံတွေ၏ လယ်တွေကို လွှမ်းလို့ စိုက်ပျိုးရေး ထိခိုက်တာ၊  ပြီးခဲ့သည့် သီတင်းပတ်က ဆန္ဒပြ  တောင်းဆိုခဲ့သော်လည်း ဆန္ဒပြ  ခေါင်းဆောင်များသာခေါ်ယူ သတိ  ပေးခံရပြီး ပြဿနာပြေလည်အောင်  မဖြေရှင်းပေးသေးကြောင်း သိရ ပါသည်။

TH
copy from http://www.hotnewsweekly.com

No comments:

Post a Comment