Sunday, August 19, 2012

ဥပဒေများနှင့်အညီထိရောက်စွာ အရေးယူမခံရသူတွေရှိ နေသေး

ဥပဒေများနှင့်အညီထိရောက်စွာ အရေးယူမခံရသူတွေရှိ နေသေး

မြန်မာနိုင်ငံအမြို့မြို့နယ်နယ် ကျေးရွာ၊ ရပ်ကွက်များတွင်းတွင် လက်ရှိဖြစ်ပေါ်နေသောအကြောင်း အရာများအား ဂျာနယ်အစောင် စောင်တို့တွင် ရေးသားဖော်ပြ လျက်ရှိရာ လက်ရှိအောက်ခြေ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အချို့ သည် ဥပဒေမဲ့ သာသနာရေး၊ ဘာသာရေး၊ လယ်ယာရေး၊ မြေ ယာကိစ္စ၊ အိမ်ရောင်း/၀ယ်/ငှား အရေးများနှင့် အခြားအရေးများ တွင် ပါဝင်သက်ရောက်မှုများ ရှိ နေသည်ကို နေ့စဉ် ဖတ်ရှုကြားသိ နေရကြောင်း၊ အထက်ပါအကျင့် ပျက်သိက္ခာမဲ့ အုပ်ချုပ်ရေးများ အား
အုပ်ချုပ်သူအဆင့်ဆင့်မှ ဥပဒေဖြင့်အရေးယူမှု၊ ပြစ်ဒဏ်ချ မှု၊ စစ်ဆေးမှုများ အလွန်အား နည်းနေပြီး ဥပဒေနှင့်အသက်ဆိုင် သလို ဖြစ်နေကြောင်း၊ အဆိုးဆုံး မှာ အများနှင့်သက်ဆိုင်သော သာသနာရေး၊ ဘာသာရေးပွဲလမ်း များတွင် ဦးစီးဦးဆောင်ပြုလုပ်ပြီး ငွေကြေးကောက်ခံပြီး စာရင်းများ ထိန်ကျန်နှစ်ချို့ထားပြီး အများ ပြည်သူ ရပ်ကွက်ကျေးရွာသား များ တိတိကျကျထင်သာမြင်သာ သိရှိအောင် စာရင်းများ ထုတ်ပြန် ကြေညာခြင်းများမပြုလုပ်၍ တိုင် ကြားမှသာထုတ်ပြန်ကြေညာခြင်း မျးဖြစ်ပေါ်နေကြောင်း၊ ထိုသို့ သိက္ခာမဲ့အကျင့်ပျက် လုပ်ရပ်များ အား ဗုဒ္ဓဘာသာဝင်အမျိုးသား၊ အမျိုးကောင်းများ အလွန်စိတ် ပျက်မိ၍ သာသနာ၊ ဘာသာာ ရေးလှူဒါန်းမှုများ အားနည်းလျှော့ နည်းနေသည်ကို မြင်တွေ့ကြား သိနေရသည်။
အောက်ခြေကျေးရွာ ရပ် ကွက်များအတွင်းတွင် လူတန်းစား ပေါင်းစုံ စုရုံးနေထိုင်ပြီး စားဝတ် နေရေးအတွက် ပင်ပန်းကြီးစွာ လုပ်ကိုင်စားသောက်နေထိုင်ကြပြီး နိုင်ငံတော်မှ ပြဌာန်းသော ဥပဒေ များနှင့် စည်းမျဉ်းစည်းကမ်းများ ကို လေးစားလိုက်နာကျင့်သုံးနေ ထိုင်လျက်ရှိကြောင်း၊ ရပ်ကွက်အ တွင်းတွင် လောင်းကစားလုပ်သူ များအား ဖမ်းစီးပြီး ဥပဒေအရ အပြစ်ပေးခြင်းခံရကြောင်း၊ ၀န် ထမ်းများ လာဘ်ပေးလာဘ်ယူပြု မူလျှင် ဥပဒေအရအပြစ်ပေးခံရ ကြောင်း၊ ဈေးရောင်းချသူများ လည်း ဥပဒေစည်းမျဉ်းစည်းကမ်း မလိုက်နာလျှင် အပြစ်ပေးဒဏ် ရိုက်ခံရကြောင်း၊ မီတာခံမပေး ဆောင်နိုင်လျှင်လည်း မီးဖြတ် တောက်ဒဏ်ရိုက်အပြစ်ပေးခံရ ကြောင်း၊ ယာဉ်မောင်းများနှင့် အနှေးယာဉ်မောင်းသူများလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်မောင်းနှင်လျှင်ဥပဒေ အရအပြစ်ပေးခံရကြောင်း၊ ငွေ ကြေးရှိသူများလည်း ဖုန်းဘေလ် ဆောင်ရန်အတွက် ပျက်ကွက်ပါ က ဖုန်းခေါ်ဆိုမှုရဲဆဲအပြစ်ပေးခံ ရကြောင်း၊ ယုတ်စွအဆုံး ရပ်ကွက် သူ၊ ရပ်ကွက်သားများ သတ်မှတ် ထားသော လူကူးမျဉ်းကြားမှ မဖြတ်၍ လမ်းကူးမိလျှင် နေ့ခြင်း ဒဏ်ငွေပေးဆောင်၍ ဥပေဒအရ အပြစ်ပေးခြင်းခံရကြောင်း၊ ထိုထို အခြားခြားသော ဥပဒေများဖောက် ဖျက်လျှင် ဥပဒေအရ ပြစ်ဒဏ် အသီးသီးကျခံရမည်ကို နိုင်ငံသူ နိုင်ငံသားကျေးရွာ၊ ရပ်ကွက်သူ ရပ်ကွက်သားများ ခံစားနားလည် သဘောပေါက်ကြကြောင်း။
သို့သော်လည်း အထက်ပါ ဆိုခဲ့သော အချို့ကျေးရွာရပ်ကွက် အသီးသီးတွင် ဦးစီးဦးအောင်အုပ် ချုပ်ကြသော အောက်ခြေအုပ်ချုပ် ရေးမှူးများ ပြုမူဆောင်ရွက်နေ သည်များကို ဥပဒေစည်းမျဉ်း စည်းကမ်းအရ အပြစ်ပေးခံရခြင်း မှ ကင်းလွတ်နေကြောင်း၊ အောက် ခြေအများပြည်သူနိုင်ငံသူ၊ နိုင်ငံ သား၊ ကျေးရွာသူကျေးရွာသား များ၊ ရပ်ကွက်သူ ရပ်ကွက်သား များက ထိုသို့အကျင့်ပျက်သည့် သိက္ခာမဲ့လုပ်ရပ်များအား တရား ဥပဒေစိုးမိုးအောင် ဥပဒေများနှင့် အညီ ထိရောက်စွာဆောင်ရွက် ပေးကြရန် လိုလားလျက်ရှိကြောင်း သိရသည်။

သံလက်သီး
copy from http://www.hotnewsweekly.com 

No comments:

Post a Comment