“MOU ဆိုတာ ထိုင်းကုမ္ပဏီလက်ထဲကို “၀”ကွက် အပ်လိုက်တာ”
အလုပ်သမား ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့တဲ့ အစည်းဝေးမှာ MOU ဆိုတာ
ပါဆယ်ထုတ်ပြီး တရား ၀င် လူကုန်ကူးမှုဖြစ်တယ်လို့ ကျနော်တင်ပြခဲ့ဖူးပါ တယ်။
ခုတော့ ဒီထက် ပိုဆိုးလာတာကြောင့် MOU ဆိုတာ တရားဝင်
အနိုင်ကျင့်ခွင့်လိုင်စင်(သို့မဟုတ်) မြန်မာအလုပ်သမားကို
လုပ်ချင်တိုင်းလုပ်ခွင့်ပေး တဲ့လိုင်စင်။
ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံအလယ် ပိုင်းခိုလတ်အရပ်မှာပန်းရံအလုပ်လုပ်နေကြတဲ့ မြန်မာ
အလုပ်သမား ၁၅ဦး ငိုယိုပြီးတော့ ဖုန်းဆက်လာကြပါတယ်။Human Resource International Co,Ltd
HRI ကုမ္ပဏီက တစ်ဆင့် J Brother ဆိုတဲ့ တရားမ၀င် ကုမ္ပဏီ တစ်ခုကို လာရောက် အလုပ်လုပ်နေရ
ကြောင်း၎င်းတို့ အဖြစ်အပျက်တွေကို ပြောကြပါတယ်။
လုပ်ငန်းခွင်က မောင်းထုတ်ခံရလို့ လမ်းဘေးမှာ ငုတ်တုတ်ထိုင်နေရင်း
အမျိုးသမီးတစ်တစ်ဦး ၀မ်းလျှော့ပြီး မကြာမကြာ မေ့မျောနေတာက တမျိုး၊
အစာရေစာမစားရလို့ ဆာလောင်မွတ်သိပ်တာက တစ်ဖုံနဲ့၊ လာကယ်
ကြပါ၊ လာခေါ်ကြပါလို့  ငိုကြီးချက်မ နဲ့ မကြာမကြာ ကျနော့်ဆီကို ဖုန်းဆက်နေပါတယ်။
ဒါကြောင့် ကျနော့်က ဘန်ကောက် မြန်မာသံရုံးက သံမှူး ဦးနိုင်ထွန်း နဲ့ မြန်မာအလုပ်သမား အရာရှိ ဦးကျော်
ကျော်လွင်တို့ကို အကြောင်းကြားခဲ့ပါတယ်။ ဦးနိုင်ထွန်း ရဲ့ ထိုင်ဘာသာစကား ကျွမ်းကျင်မှုကြောင့် ခိုလတ်
အလုပ်သမား ဌာနတာဝန်ရှိသူ တွေ လာခေါ်လို့  ၀မ်းလျှောပြီး မေ့မျောနေတဲ့ အလုပ်သမလေးကိုတော့
ဆေးရုံမှာ ဆေးဝါးကုသမှုခွင့်ရှိခဲ့ပါတယ်။ အသက်ရှင်ခွင့်ရသွားခဲ့တယ်။
ကျန်အလုပ်သမား ၁၃ ယောက် မှာ စုစုပေါင်း ဘတ် ၁၀၀ သာရှိပါတယ်။ ဒီငွေနဲ
့ငါးဘတ်တန် ဝေဖါနဲ့ ရေ ၀ယ်သောက် လိုက်ကြတယ် လို့ဆို ပါတယ်။
သြဂုတ်လ ၁၆ ရက်နေ့ကျတော့ အလုပ်သမားေ တွ ထမင်းစားစရာလည်းမရှိ၊ အခြေအနေပိုမိုဆိုးဝါး
လာတာကြောင့် ကျနော်တို့ကို ဖုန်းဆက်ပြီး အသနား ခံကြပြန်ပါတယ်။
မြန်မာအရာရှိတွေကသွားေ ရာက် ခေါ်ပေးဖို့ ပြောဆိုလာတာကြောင့် ကျနော် တို့
အဖွဲ့က သွားရောက်ခေါ် ယူခဲ့ပါ တယ်။ နေမကောင်း တဲ့ အလုပ် သမနဲ
့ခင်ပွန်းသည်တို့ကေ တာ့ ဆေးရုံ မှာကျန်နေခဲ့ရပါတယ်။
ဘန်ကောက်ကို ညမှောင်မှ ရောက်လာပါတယ်။ ဒီအလုပ်သမားတွေ ကျနော်တို့ ဆီကို ရောက်ပြီး မရှေ့ 
မနှောင်းမှာပဲ ဆေးရုံက အလုပ်သမား လင်မယား ၂ယောက်ကို အဲဒီ HRI ကုမ္ပဏီက လာရောက်ခေါ်ဆောင်
သွားလို့ မဲဆောက်ကိုညဥ့် ၃နာရီကျော်လောက်မှာ ရောက်ရှိသွားပါတယ်။ ၀မ်းပျက်ဝမ်းလျှော့ ဖြစ်နေလို့
သံမှူး ဦးနိုင်ထွန်း ကြောင့် အတွင်းလူနာအဖြစ် အကြောဆေးသွင်းပြီး ကုသခံနေတဲ့ လူနာကို ဆေးပုလင်း
ဖြုတ်ပြီး အဲဒီကုမ္ပဏီ ကပြန်လည် ခေါ်ဆောင်သွားခဲ့တာပါ။
HRI ရုံးထဲကိုရောက်နေတဲ့ လူနာအလုပ်သမလေး နံနက် ၁၀ နာရီထိုးသည့်တိုင်အောင် အစားအစာ တစ်ခုမှ မစားရသေးတာကြောင့် ကျနော့်ထံကို ဖုန်းဆက်ပြီး အစာလေးတစ်ခုခု စားရဖို့ ငိုယိုပြီးတောင်းရှာပါတယ်။ ကျနော်ကလည်း မဲဆောက်အခြေစိုက်တဲ့ အမျိုးသမီးများအတွက်လူမှုစောင့်ရှောက်ရေးအဖွဲ့ SAW အဖွဲ့ ကို အကူညီတောင်းခဲ့တာကြောင့် မိနစ်ပိုင်းအတွင်းဘတ်ငွေ ၅၀၀ သွားရောက် ကူညီခဲ့လို့ လူနာ စားလိုတဲ့ အစာ အာဟာရကို စားခွင့်ရသွားရှာပါတယ်။
သြဂုတ်လ၂၁ ရက်နေ့မှာ ဒီအလုပ်သမား ၁၃ယောက်ကို မြန်မာအလုပ်သမားအရာရှိ
ဦးကျော်ကျော်လွင် က HRI ကုမ္ပဏီနဲ့ ခေါ်ယူဖြေရှင်းကြပါတယ်။ ကုမ္ပဏီက
စာချုပ်ပါ စည်းကမ်းချက်ကို ချိုးဖေါက်မိကြောင်း ၀န်ခံပါတယ်။
စာချုပ်ပါအတိုင်း တစ်နေ့လုပ်အားခ ၃၀၀ မပေးပဲ ၂၅၀ ဘတ်သာပေးထား တာမို့
ဖြတ်ထားတဲ့ ငွေတွေကို နယ်စပ် ကိုပြန်ေ ရာက်မှ ပေးမယ်လို့ ကုမ္ပဏီကပြောပါတယ်။
ဦးကျော်ကျော်လွင် လည်း နှစ်နိုင်ငံ သဘောတူညီချက်အရ နယ်စပ်ကို ပြန်ပို
့စေသတည်း ဆိုတာကို လက်ခံလိုက်ရတယ်။
ဒီလိုဆိုရင်၊ ကျနော်တို့ အလုပ်သမားတွေ မနစ်နာလွန်းဘူးလား။ နယ်စပ်ကို ပြန်ရောက်သွားရင် တရားမ၀င်
အလုပ်သမား ဖြစ်သွားပြီ။ တရားမ၀င်ဖြစ်သွားတော့တာကြောင့် သူတို့ရဲ့အနာဂတ် ဟာ လူကုန်ကူးသူများ လက်မှတပါး အခြားရောက်စရာနေရာ မရှိတော့ပါ။
MOU စည်းကမ်းချက်တွေဟာ မြန်မာအလုပ်သမားတွေကို လုပ်ချင်
ရာလုပ်ခွင့်ပေးထားတဲ့ သားသတ် လိုင်စင် လိုဟာမျိုးလား။ ဘုန်းကြီးမကောင်းလည်း
ဘုန်းကြီးပြေး၊ ရွာသား မကောင်းလည်း ဘုန်းကြီးပြေး ပဲလား။ MOU ဥပဒေစည်းကမ်း
အားနည်းချက်ကို သိထားကြတဲ့ ကုမ္ပဏီတွေက မြန်မာအလုပ် သမားတွေ ကို
ငွေဝယ်ကျွန် တမျှ ချိုးနှိမ် အနိုင်ကျင့်တာ ဘာဆန်းလို့လဲ။
မှားနေတာကြီးကို သိသိ ကြီးနဲ့ ဆက်လက် အနိုင်ကျင့်ခွင့် ပြုထားအုံးမှာလား။
ဒီကုမ္ပဏီလို အခြားသော အမည် အမျိုးမျိုး နဲ့ မြန်မာအလုပ်သမားတွေကို
တင်သွင်နေတဲ့ သူတွေ မဲဆောက်နဲ့ ကော့သောင်းမှာ ရှိပါတယ်။ ဒီMOU ကိစ္စကြောင့်
ဒုက္ခရောက်သူတွေကို အလုပ်သမားအဖွဲ့တွေ အင်ဂျီအိုတွေ ကူညီခွင့်လည်းမရဘူး။
အစိုးရ ၂ရပ် ဆိုတဲ့ အကျုံးဝင်မှုက ကျနော်တို့ အနားတောင်ကပ်ခွင့်မရဘူး။
MOU နဲ့လာတဲ့ အလုပ်သမားဆိုတာ သားသတ်ကုန်းကိုပို့ထားတဲ့သတ္တ၀ါလို၊ MOUကုမ္ပဏီ
ပါးကွက်သားတွေ သတ်လိုသတ်၊ ထားလိုထားခွင့် တရားဝင်ပြုထားတာလို့ ပြောတာကို
ကြမ်းတမ်းတဲ့ စကားလုံးလို့ ထင်မြင်ရင်
MOU နဲ့ တင်သွင်းထားတဲ့ လုပ်ငန်းခွင့် တစ်ခုလောက်ကို တစ်ခါလောက် နှစ်နိုင်ငံအစိုးရ ၀င်ရောက်စစ်ဆေး
ရင် အဖြေကိုသိပါလိမ့်မယ် လို့ပြောပါရစေ။
No comments:
Post a Comment