Saturday, August 25, 2012

သတင်းထုတ်ပြန်ကြေငြာချက်


12       dgfdg       satmuu        logo.JPG  
မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများမိသားစုအကျိုးဆောင်ကွန်ယက် ၊ မြန်မာနိုင်ငံဝိဇ္ဇာ၊သိပ္ပံတက္ကသိုလ်ကျောင်းသားများကွန်ယက် ၊                                                 စက်မှုတက္ကသိုလ်ကျောင်းသားများကွန်ယက်၊ မိတ္ထီလာမြို့ပြည်သူ့အကျိုးဆောင်ကွန်ယက် နှင့် ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်
သတင်းထုတ်ပြန်ကြေငြာချက်
၁၃၇၄ ခုနှစ်၊ ဝါခေါင်လဆန်း(၈)ရက်
( ၂၀၁၂ ခုနှစ်၊ သြဂုတ်လ (၂၅) ရက် )
(၂၅.၈.၂၀၁၂)
                               
 စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းတွင် လက်ပန်တောင်းတောင်ကြေးနီစီမံကိန်းကြောင့် ကျေးရွာ(၂၆)ရွာမှ လယ်ယာမြေဧကပေါင်း ၇၈၆၈.၇၈ဧကကို စီးပွားရေးဦးပိုင်လိမိတက်နှင့် Myanmar Wanbao Mining Copper .Ltd တို့မှ ကျေးရွာများမှ တောင်သူများပိုင် ယာမြေများကို အဓမ္မ သိမ်းယူထားသည်။ ကျေးရွာပေါင်း(၂၆) ရွာထဲမှ ဆည်တည်းရွာ၊ ဇီးတောရွာ၊ ဝက်မှေးရွာနှင့် ကန်တောရွာ တို့ကို ယာမြေများသိမ်းဆည်းရုံမက ကျေးရွာများကိုပါ ဖျက်သိမ်းခိုင်းခဲ့သည်။ ရွာဖျက်သိမ်းခံရသော ကျေးရွာများအပါအဝင် ယာမြေများသိမ်းခံထားရသော တောင်သူများနှင့် ကျေးရွာသားများက ယခုကဲ့သို့ ယာမြေများ အဓမ္မသိမ်းယူခြင်းနှင့် ကျေးရွာများအားဖျက်သိမ်းခိုင်းခြင်းများကို လက်မခံနိုင်သည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်မှုများ ဖြင့် ယာမြေများ ပြန်လည်ရရှိရေးအတွက် မိမိတို့အပိုင် ယာမြေများ ပြန်လည်ရရှိရေးအတွက် လယ်ယာမြေသိမ်းပိုက်ပွဲကို ၂၃.၈.၂၀၁၂ ရက်နေ့မှစ၍ တိုက်ပွဲဝင်နေကြသည်။ ယာမြေများသိမ်းပိုက်ခံရသော တောင်သူများက “ကျေးရွာပိုင်မြေများအပေါ် မကျူးကျော်ရ” ဆိုသည့် ဆိုင်းဘုတ်များကို မိမိတို့ ယာမြေများအပေါ်တွင် စိုက်ထူနေကြသည်။ လယ်မြေများ သိမ်းပိုက်ပွဲကို တိုက်ပွဲဝင်နေသော ရွာပေါင်း(၂၆) ရွာမှ တောင်သူများကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ ထောက်ခံ၍ အကူအညီပေးသွားမည်ဖြစ်သည်။ လယ်ယာမြေများ အဓမ္မသိမ်းယူထားသော မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့် Myanmar Wanbao Mining Copper.Ltd တို့သည် အာဏာရှင်နှင့် ဓနရှင်တို့ ပူးပေါင်းပြီး ရိုးသားသော တောင်သူများအပေါ် ဂုတ်သွေးစုတ် အမြတ်ထုတ်နေမှုကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ အပြင်းအထန် ရှုံ့ချလိုက်သည်။ လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့် ကျေးရွာများ မဖျက်သိမ်းခံရရေးအတွက် တိုက်ပွဲဝင်နေသော ကျေးရွာသားအပေါင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်အား ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ လေးစားဂုဏ်ယူလျက်ရှိသည်။ ထိုသို့တိုက်ပွဲဝင်နေသော တောင်သူများကို ကျွန်ုပ်တို့ ကွန်ယက်အသီးသီးမှ လူအား၊စိတ်ဓာတ်အားတို့ဖြင့် လယ်ယာမြေများ ပြန်လည်ရရှိသည်အထိ တိုက်ပွဲဝင်နေသော တောင်သူများနှင့် အတူ မားမားမတ်မတ်ရပ်တည်၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အတိအလင်း ကြေညာလိုက်သည်။
 မှတ်ချက်။        ။ပြည်သူလူထုကြီးကတဆင့် ပေးပို့လာသော သတင်းများကို တဆင့်ဖြန်ဝေပေးလိုက်ပါသည်။





၂၂.၈.၂၀၁၂ရက်နေ့ ဆားလင်းကြီးမြို့ခရိုင်အုပ်ချုပ်ရေးမှူးရုံးသို့ ချီတက်လမ်းလျှောက်လာစဉ်
၂၃.၈.၂၀၁၂ရက်နေ့တောင်သူများကို ဟောပြောနေသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး
၂၄.၈.၂၀၁၂ရက်နေ့ လယ်ယာမြေ သိမ်းတိုက်ပွဲစတင်ပုံ
လယ်ယာမြေသိမ်းတိုက်ပွဲဆင်နွဲနေသောတောင်သူများအား ဖြိုခွဲရန်ကြိုးစားနေသောပြည်သူ့ရဲဝန်ထမ်းများ

DSCF0071.JPG                                     
DSCF0069.JPG
                                                                                                                သတင်းနှင့်ပြန်ကြားရေးဆပ်ကော်မတီ (၂၅.၈.၂၀၁၂)

No comments:

Post a Comment