Sunday, August 19, 2012

ရေဘေးဒုက္ခရောက်တဲ့ မြို့ ပုသိမ်

ရေဘေးဒုက္ခရောက်တဲ့ မြို့ ပုသိမ်

ဧရာဝတီတိုင်းမြို့တော် ပုသိမ်  မြို့တွင် မိုးသည်းထန်စွာ ဆက် တိုက်ရွာသွန်းပြီး င၀န်မြစ် ရေ တက်၍ ရပ်ကွက် ၁၀ခု ကျော်  ရေလွှမ်းမိုးနေသည့်အတွက် ဒုက္ခ  သည်ပေါင်း ၂သောင်းကျော် ကယ်ဆယ်ရေးစခန်းများတွင် ခို လှုံနေကြရကြောင်းသတင်းရရှိ သည်။
ပုသိမ်မြို့ဝန်းကျင် ရေဘေး ဒုက္ခသည်များကို မိမိတို့ ပါတီက ဖွဲ့စည်းထားသော ရေဘေးကယ် ဆယ်ရေး အဖွဲ့နှင့်အတူ ပွင့်လင်း  လူ့အဖွဲ့အစည်း၊မေတ္တာရိပ် ကျန်း မာရေး
ကူညီစောင့်ရှောက်မှုအ သင်း၊သဒ္ဒါဖြူ သွေးလှူရှင်အဖွဲ့၊ လင်းရောင်ခြည် ဖောင်ဒေးရှင်း တို့က ပူးပေါင်းပြီးကူညီထောက် ပံ့ပေးနေကြောင်း ပုသိမ် အမျိုး  သား ဒီမိုကရေစီ အဖွဲ့ချုပ် ရေ ဘေးကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦး  မှ ပြောပြသည်။
ရေဘေးကြောင့် ပုသိမ်ခရိုင်  အတွင်းရှိ မူလတန်း၊အလယ်တန်း၊ အထက်တန်းကျောင်းပေါင်း ၄၀၀၀  ကျော်ကို ရက်အကန့်အသတ်မရှိ  ပိတ်ထားရကြောင်း ဧရာဝတီတိုင်း  အစိုးရမှ သတင်းထုတ်ပြန်ထားပါ တယ်။လယ်ဧက ၂သိန်း ၂သောင်း  ကျော် ရေနစ်မြှုပ်နေပြီး ရေဘေး ကြောင့် ဒုက္ခရောက်နေသူ ၂သိန်းကျော် ရှိကြောင်း သတင်း  ရရှိသည်။

TH

copy from http://www.hotnewsweekly.com 

No comments:

Post a Comment