Thursday, August 23, 2012

“ကျောက်သွေးရုံအလုပ်သမား၃၂ဦးပတ်စပို့ နှင့်ဖြတ်တောက်ငွေကိစ္စအောင်ပြီ”

“ကျောက်သွေးရုံအလုပ်သမား၃၂ဦးပတ်စပို့ နှင့်ဖြတ်တောက်ငွေကိစ္စအောင်ပြီ”
             
သြဂုတ်လ ၂၂
ဆန်းဦး(မဟာချိုင်)
              ဘန်ကောက်မြို့ အနီး စမွတ်စာခွန်ခရိုင် မဟာချိုင်မြို့နယ်၊ ကထုန်ဘန်မြို့ ဖက်ကဆင် ၁၂၂ လမ်း အမှတ် ၈၄/၄ တွင် ရှိသော Regal Jewelry Manufacture Co,ltd  အလုပ်ရုံမှ မြန်မာအလုပ်သမား ၃၂ ဦးတို့ထံက သိမ်းဆည်းထားသော ပတ်စပို့ နှင့် လုပ်အားခများအား ပြန်လည်ပေးအပ်စေရန်အတွက် မဟာချိုင် အလုပ်သမား တရားရုံးက ယနေ့ ဆုံးဖြတ် လိုက်ကြောင်းသိရှိရသည်။

        အလုပ်သမား ၃၂ ဦးတို့ထံမှ ယာယီပတ်စပို့ သက်တမ်းတိုးရေးနှင့်Work Permit ကိစ္စရပ် အတွက်ဟုဆို ကာ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ကတည်းက သိမ်းထားခဲ့သည်။  ဒီ့အတွက် အနည်းဆုံး ဘတ်ငွေ ၇၀၅၀မှ အများဆုံး ၁၂၀၀၀ ဘတ်အထိ အလုပ်ရုံက ဖြတ်တောက်ထားခဲ့ခြင်းဖြစ်သည်။
   အဆိုပါ ကုမ္ပဏီတွင် အလုပ်သမားပေါင်း ၇၀၀ ခန့်ရှိပြီး မြန်မာအလုပ်သမား ၆၀ ကျော်ခန့် ရှိသည်။ မြန်မာ
အလုပ်သမားများအားလုံးထံမှ ယခုကဲ့သို့ မတရား လုပ်ထားသော်လည်း အလုပ်သမား ၃၂ ဦးသာ ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ အကူညီတောင်းခံခဲ့သည်။
           MAT အဖွဲ့ကလည်း ထိုင်းတောင်ပိုင်းအခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED မှ ရှေ့နေဖြင့် တိုင်ပင်ကာ ဇွန်လ ၁၃ ရက်နေ့တွင် အမှုဖွင့်နိုင်ရန် ပြင်ဆင်ခဲ့ကြခြင်းဖြစ်သည်။
ယနေ့ တရားရုံးအတွေ့အကြုံအား အလုပ်သမားကိုယ်စားလှယ် ကိုကျော်နိုင်ထွန်း က“ ဒီထိုင်းအမျိုးသမီးက
ကျနော်တို့ကို နင်တို့တွေက ဗမာတွေ၊ ငါကခွန်ထိုင်းပေါ့၊ လုပ်ချင်တိုင်းလုပ်လို့ရတယ်၊အဲဒီလိုပြောဆိုပြီးတော့
ကျနော်တို့ကို တရားမ၀င်အလုပ်သမားဖြစ်အောင်လုပ်ခဲ့တာဖြစ်တယ်။ ကျနော်တို့ရုံးချိန်းကို  လချီပြီး စောင့်ခဲ့ ကြရတယ်။ ဒီနေ့ ရုံးတော်က ကျနော်တို့ကို အနိုင်ပေးလိုက်ပြီ။ ကူညီကြသူတွေအားလုံးကို ကျေးဇူးအထူး တင်ပါတယ်” ဟုပြောသည်
                အလုပ်ရုံမှ ပတ်စပို့ ကိုယ်စားလှယ် ထိုင်းအမျိုးသမီးမှာMOU ဖြင့် မြန်မာ အလုပ်သမားများတင် သွင်းနေသူဖြစ် သဖြင့်သက်တမ်းသေနေပြီးဖြစ်သော စာအုပ်အနီမှ  ခရမ်းရောင်ပတ်စပို့သို့ပြောင်းလဲပေး မည်ဖြစ်ကြောင်း ပြော ဆိုခဲ့သည်။ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ ဒီထိုင်းမ က MOU လုပ်သလို အစိုးရကို လှည့်ချင် သလို လှည့် အလုပ်သမားကို လုပ်ချင်သလိုလုပ်လို့ရသလို ကျနော်တို့ ကိုတင်ပြတယ်။ ကျနော် လက်မခံဘူး။ခင်ဗျားသိမ်းထားလို့ စာအုပ်သက်တမ်းကုန်သွားတာဖြစ်တာကြောင့်ခင်ဗျားတာဝန်  ဖြစ် တယ်။ သေသွားတဲ့ သက်တမ်း ကိုပြန် မဆက်ပဲအသစ်ပြန်လုပ်လို့ မရဘူး၊ရရင်လည်းအတုပဲဖြစ်မယ်လို့ ကျနော် တောင်းဆိုခဲ့တယ်။ ဘာပဲဖြစ်ဖြစ်၊ ယခုအောင်ပွဲဟာ FED က ရှေ့နေရဲ့ကျွမ်းကျင်မှုနဲ့ သံမှူး ဦးနိုင်ထွန်းတို့ ကူညီခဲ့မှုကြောင့် စုပေါင်းအောင်မြင်မှု တစ်ခုဖြစ်ပါတယ်” ဟုပြောသည်။
အလုပ်သမားများ၏ စာအုပ်များအား သက်တမ်းတိုးပြီးအဆင်သင့်နှင့် ဖြတ်တောက်ထားငွေများ၊ တရားဝင်
အလုပ်ပြောင်းခွင့်စာရွက်စာတမ်းနှင့် လစဉ် ဖြတ်တောက်ထားခဲ့သည့် အာမခံစာရွက်စာတမ်းများအား လာမည့်သြဂုတ်လ ၃၀ ရက်နေ့တွင် လာရောက် ပေးချေရန် တရားရုံးက ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါသည်။
ယခုနှစ်အတွင်း ဇွန်လဆန်းက မဟာချိုင်ပန်းရံဆိုဒ်မှ အလုပ်သမားအလုပ်သမား ၁၄ ဦးလုပ်အားခ ဘတ် တစ်သိန်းကျော် အား FED နှင့်  MAT အဖွဲ့တို့မဟာချိုင် တရားရုံးမှ တောင်းဆိုရရှိခဲ့ဖူးသည်။

No comments:

Post a Comment