Sunday, August 19, 2012

KBZဂိတ်နှင့်အုတ်တွင်း- တောင်ငူခရီးသည်ယာဉ် လမ်းတံတားကြေးလျှော့ပေးစေလို

KBZဂိတ်နှင့်အုတ်တွင်း- တောင်ငူခရီးသည်ယာဉ် လမ်းတံတားကြေးလျှော့ပေးစေလို
ခရီးသည်တင်ယာဉ်တစ်စီး ကို လမ်းကြေးတစ်ပိုင်လျှင် (၁၅) ကျပ်နှုန်းဖြင့် (၄၈)မိုင်ကို (၇၂၀) ကျပ်နှင့် လမ်းကြေး (၁၀၀)ကျပ် အပါအ၀င် (၈၂၀)ကျပ်နှုန်း၊ ကုန် တင်ယာဉ်တစ်စီးလျှင် လမ်းကြေး တစ်မိုင်လျှင် (၂၅)ကျပ်နှုန်းဖြင့် (၄၈)မိုင်ကို (၁၂၀၀)ကျပ်နှင့် တံတားကြေး (၁၅၀)ကျပ်အပါအ ၀င် (၁၃၅၀)ကျပ်နှုန်းကောက်ခံ နေသည်ဟု သိရသည်။

ထိုယာဉ်လိုင်း၏ အကွာအ ဝေးသည် (၁၈)မိုင်သာရှိပြီး KBZ ဂိတ်သည်လည်း မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကူညီ ဆောင်ရွက်ပေးမှုများရှိနေကာ ဒေသခံများနှင့် မစိမ်းသောကုမ္ပဏီ တစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ မြို့နယ်အုပ်ချုပ်ရေးဆိုင်ရာနှင့် မော်တော်ယာဉ်ထိန်းသိမ်းရေး ကော်မတီတို့မှ ပူးပေါင်းညှိနှိုင်းပြီး လမ်းတံတားကြေးကို နှုန်းစံတစ်ခု မူသေချမှတ်ဆောင်ရွက်ပေးသင့်ပါ ကြောင်း ယာဉ်ပိုင်ရှင်(၂၂)ဦးတို့ က သုံးသပ်အကြံပြုကြသည်ဟု သိရသည်။
ပို့ဆက်ဝန်ကြီးဌာန က-ည-န သတ်မှတ်သော အလျား(၁၄)ပေ အောက်ရှိ လုပ်ငန်းလိုင်စင်(ခ)နှင့် အကြုံးဝင်သော ဒိုင်နာ၊ လိုက် ထရပ်နှင့် ဟိုင်းလတ်ယာဉ်များကို ခရီးသည်တင်ယာဉ်နှုန်းထားဖြင့် လမ်းတံတားကြေးများကောက်စေ လိုပြီး ကုန်တင်လာမှသာလျှင် ကုန်တင်ကြေးကို သီးခြားကောက် ခံစေလိုကြောင်း ယာဉ်မောင်း တစ်ဦးက ပြောကြားခဲ့သည်။

နေမင်းညို
http://www.hotnewsweekly.com

No comments:

Post a Comment