သာယာဝတီခရိုင် လယ်ဧကလေးသောင်းကျော် ရေမြှုပ်သည့်သတင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ငြင်းဆို
ပဲခူးတိုင်းဒေသကြီးသာယာ
ဝတီခရိုင်အတွင်းရှိကျေးရွာပေါင်း လေးဆယ်ခန့်ရှိ လယ်ဧက လေး
သောင်းကျော်ဒေါဝီမြစ်ကြောင်း အတွင်းရှိ တာပေါက်နှစ်ပေါက် ပွင့်နေခြင်း၊
မိုးရွာသွန်းမှုများခြင်း တို့ကြောင့် ရေနစ်မြှုပ်နေသည်ဟု
ဒေသခံလယ်သမားများမှ ပြော ဆိုသော်လည်း ပဲခူးတိုင်းဒေသကြီး
ဝန်ကြီးချုပ်ဦးဉာဏ်ထွန်းက သတင်း အချက်အလက်များမှားယွင်းသည် ဟု
ပြောကြားသည်။
သာယာဝတီခရိုင်အတွင်းရှိ အိပ်လဟာကျေးရွာအုပ်စု၊ ဇီးစံ၊ ဆုံကုန်း၊ ဒေါ်ဝီနှင့် အိုင်ကတုံးကျေး ရွာအုပ်စုများရှိ ဒေသခံလယ်သမား များ၏ လယ်ဧကလေးသောင်း ကျော်ရေနစ်မြှုပ်နေသည်ဟုဆို သော်လည်း ၀န်ကြီးချုပ်ကငြင်းဆို လိုက်ခြင်းဖြစ်သည်။
“အဲဒီသတင်းက မှားယွင်းပါ တယ်၊ လက်ရှိသာယာဝတီခရိုင် အတွင်းမှာ ရေနစ်မြှုပ်ထိခိုက်တဲ့ လက်ဧကက လေးရာလောက်ပဲရှိ တယ်၊ တာပေါက်တွေပွင့်နေတယ် ဆိုတာလည်းမဟုတ်ဘူး”ဟု ပဲခူး တိုင်းဒေသကြီးချုပ်ဦးဉာဏ်ထွန်းက Hot News ၏ မေးခွန်းချက်ကို ဖြေကြားသည်။
အဆိုပါ ခရိုင်သည်နှစ်စဉ် မိုးရွာသွန်းမှုများပြားခြင်းကြောင့် လယ်ဧကထိခိုက်ပျက်စီးမှုများပြား လျက်ရှိသည်။ ဒေသခံလယ်သမား များအနေနှင့်လည်း နှစ်စဉ်လယ် မြေများရေနစ်မြှုပ်ပျက်စီးခြင်းကြောင့် လယ်မြေများပေါင်နှံရောင်ချရ ခြင်း ချေးငွေများယူရခြင်း နေရပ်မှ စွန့်ခွာရခြင်များ ပြုလုပ်နေကြရ ကြောင်း သိရသည်။
ကျောင်းကုန်းကျေးရွာဒေသ ခံဦးလှသောင်းက “နှစ်နှစ်တစ်ကြိမ် လောက်ပဲ စပါးရတယ်၊ ချေးငွေ အကြွေးတင်တယ် နွားရှိတာရောင်း တယ်၊ လယ်ပေါင်ရတယ်၊ ကျောင်း သားတွေကျောင်းကထွက်ပြီ အလုပ်လုပ်နေရတယ်၊ နိုင်ငံတော် အနေနဲ့ ရေကြီးမှုကို ကာကွယ်ပေး စေချင်တယ်၊ အင်းနဲ့ဆက်နေတဲ့ တာပေါက်နှစ်ပေါက်ကို ပိတ်ပေး စေချင်တယ်”ဟု ပြောပြသည်။
အလယ်စုကျေးရွာဒေသခံ ဦးကျော်ဆန်းဝင်းကလည်း “လယ် တွေရေမြှုပ်တာ အရှုံးပေါ်တယ်၊ ဘ၀တွေကသေမထူးနေမထူးဖြစ် နေပါပြီ၊ သက်ဆိုင်ရာကိုအကြောင်း ကြားတော့စစ်ဆေးပြီး ဘာမှ အကြောင်းမပြန်သေးဘူး တာပေါက်တွေကို ပိတ်ချင်ပါတယ်၊ လယ်တွေလည်းရေတွေမြှုပ်နေရ တယ်”ဟု ပြောသည်။
မေဇင်ကို
copy from http://www.hotnewsweekly.com