Saturday, August 18, 2012

မြင်ရသူအဖို့ မျက်ရည်စို့ခဲ့ရပါသည်

 မြင်ရသူအဖို့ မျက်ရည်စို့ခဲ့ရပါသည်




ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၏ အတင်းအဓမ္မပြောင်းရွေ့ခိုင်းမှုများကြောင့် ပဲခူးမြို့ ဥဿာမြို့သစ် (၈)ရပ်ကွက်နေပြည်သူများ လမ်းဘေးရောက်သူရောက် ဆေးရုံပို့သူပို့ ဘုန်းကြီးကျောင်းနေရသူ
နေရ သူများအိမ်တွင်ကပ်နေရသော ဘ၀ပိုင်ရှင်များဖြစ်ခဲ့ကြရကြောင်းသိရှိရသည်။


အဆိုပါ ဘ၀ပျက်ဒုက္ခရောက်ခဲ့သူများသည် ပဲခူးခရိုင်အုပ်ချုပ်ရေးမှူးအဖွဲ့၏ ဦးဆောင်မှုဖြင့် ရဲနှင့်ဌာနဆိုင်ရာအင်အား (၃၀)ကျော်တို့မှ (၁၆၊ ၈၊ ၂၀၁၂)ရက်နေ့တွင် ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်ရှိ
ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အဦးများကို ကျူးကျော်အဆောက်အဦးများဖြစ် သက်မှတ်ကာ နေ့စားအလုပ်သမားများငှားရမ်းပြီး ဖျက်ဆီးခဲ့သောကြောင့် ဘ၀ပျက်ဒုက္ခရောက်ခဲ့ရခြင်းဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူတွေပေးခဲ့သော အသည်းကြားကမဲတစ်ပြားသည် မြန်မာပြည်၏ ဒီမိုကရေစီအစိုးရအသစ်အား ပြည်သူလူထုအကျိုးသည်ပိုးနိုင်အောင် ပေးဆောင်ခဲ့ခြင်းဆိုတာ သက်ဆိုင်ရာအစိုးရအဖွဲ့ အနေဖြင့် သိရှိဖို့လိုအပ်ပါသည်။ အတွေးချော်ပြီး ဘေးကလော်ခဲ့တာကြောင့် ပြည်သူတွေလမ်းဘေးရောက် ခဲ့ရတာရင်နင့် စရာပါ။ ဒီထက်ဆိုတာက ထောင်မှာပိုက်ဆံသွင်းပြီး ပြည်သူ(၂)ဦးကို
တရားမထောင်ချပစ်လိုက်တာ မြင်တွေ့ရသူအပေါင်း ဖြေမဆည်နိုင်အောင် ခံစားခဲ့ကြရပါသည်။ တကယ်တော့ အစိုးရအဖွဲ့နေဖြင့် အောက်ခြေကို သေချာလေ့လာစုံစမ်းရမှာဖြစ်သော်လည်း အထွေထွေ
အုပ်ချုပ်ရေးမှူးများ၏ တင်ပြချက်ကိုသာ အလေးထားခဲ့သည့်အတွက် ခိုကိုးရာမဲ့ပြီး လမ်းဘေးမှာ ကူညီမည့်သူကို မျှော်နေရသည့် ဘ၀သို့ ရောက်ခဲ့ရခြင်းဖြစ်ပါသည်။

ယခုတင်ပြချက်သည် တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး မြင်ရသူအဖို့ မျက်ရည်စို့ခဲ့ရပါသည်။



No comments:

Post a Comment