Monday, August 20, 2012

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအ၀င်ရခိုင်လူမျိုးများ ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ်တွင်ဆန္ဒထုတ်ဖော်

ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးအပါအ၀င်ရခိုင်လူမျိုးများ ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ်တွင်ဆန္ဒထုတ်ဖော်

ယခုလက်ရှိအချိန်အထိ မပြီးဆုံးသေးသော ရခိုင်ပြည်နယ် အတွင်း လူမျိုးရေး ပဋိပက္ခများ အား ပြေလည်စေရန် ရည်ရွယ်၍ တရားဝင်ဆန္ဒထုတ်ဖော်ပွဲအား ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက် နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ် ရှင်စောပုလမ်း၌ တောက် လျှောက်ပြုလုပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါကဲ့သို့ ဆန္ဒထုတ် ဖော်ရာတွင် စီတန်းလမ်းလျှောက် ခွင့်ဆိုင်ရာ ဥပဒေနှင့်အညီ ပြု လုပ်ခဲ့ကြောင်း ထိုသို့ ပြုလုပ်ခြင်း သည် ဒီမိုကရေစီစနစ်နှင့်အညီဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီးရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဦးဇော်အေးမောင်မှ ပြော ကြားသည်။ ““ဒီလိုလုပ်ရင်လည်း သတ်မှတ်ထားသည့် ဥပဒေတွေ ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် စည်း ကမ်းတကျ လုပ်တာတောင် ဒီနေ့ လည်း ကျွန်တော်တို့ ဒီမိုကရေစီ အရပဲ လုပ်ပါတယ်””ဟု ရခိုင်တိုင်ရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် မှ ပြောကြားခဲ့သည်။ ရခိုင်လူမျိုး တစ်ဦးမှ တက်၍ ပြောကြားရာ တွင်လည်း ““ကင်တားနား မြန်မာ နိုင်ငံကို လာတယ်။ သူ့ဘာသာသူ တွေ့ချင်တဲ့သူနဲ့ တွေ့သွားတယ်။ မြန်မာနိုင်ငံလူတွေနဲ့ မတွေ့ဘူး။ နောက်ပြီး ကူညီတော့လည်း ဘင်္ဂါလီလူမျိုးတွေကိုပဲ။ ကျွန်တော် တို့ကတော့ သမ္မတကြီး ပြောတဲ့စကားကို အလေးအနက် ထောက်ခံတယ်။ နောက်ပြီး ငြိမ်းချမ်းစွာ စီတန်းလှည့်လည် တယ်။ ဒီလိုလှည့်လည်ဖို့လည်း သက်ဆိုင်ရာ ဌာနတွေကို စာတင် တယ်။ သူတို့က ခွင့်ပြုတော့ စမ်း ချောင်းမြို့နယ်ရှင်စောပုလမ်းမှာ ပဲ ဆန္ဒပြခွင့် ရရှိတယ်””ဟု ရခိုင် အမျိုးသားတစ်ဦးမှ ပြောကြားခဲ့ သည်။
ဘူးသီးတောင်မောင်တော မြို့နယ်မှ စဖြစ်ခဲ့သော လူမျိုးရေး ပဋိပက္ခများအား ရခိုင်လူမျိုးများ က အမြန်ဆုံး ပြီးဆုံးစေချင် ကြောင်း ဆန္ဒပြပွဲမှ သိရသည်။

ဖြိုးအောင်

copy from http://www.hotnewsweekly.com

No comments:

Post a Comment