Tuesday, August 21, 2012

မြန်မာနိုင်ငံမှာအခြေ ချမည့်Visa

မြန်မာနိုင်ငံမှာအခြေ ချမည့်Visa

Visa ဟူသည်မှာ ကမ္ဘာလုံး ဆိုင်ရာ ငွေပေးချေမှုနည်းပညာ ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း (၂၀၀) ကျော်မှ သုံးစွဲသူများ၊ စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေးအဖွဲ့အစည်း များနှင့် အစိုးရအဖွဲ့များအား ဆက်သွယ်ပေးနေသော မြန်ဆန်၊ စိတ်ချ၊ ယုံကြည်အားထားရသော ဒစ်ဂျစ်တယ်လ်ငွေကြေးဖြစ်ပါသည်။ VisaNet သည် ဒစ်ဂျစ်တယ်လ်ငွေ ကြေးများ လည်ပတ်မှုအတွက် ခိုင်မာစွာထောက်ခံတည်ဆောက် ထားသည့် ကမ္ဘာ့အဆင့်မြင့်ဆုံးသော လည်ပတ်နေသည့် ကွန်ရက်တစ်ခု ဖြစ်ပါသည်။ ၎င်းသည် တစ်စက္ကန့် အတွင်း အရောင်းအ၀ယ်သတင်း အကြောင်းကြားစာနှစ်သောင်းကို သုံးစွဲသူများအတွက် လိမ်လည် အလွဲသုံးစားပြုခံရမှုမှ ကာကွယ် ပေးခြင်းနှင့် အတူ လုပ်ငန်းရှင်များ အတွက်လည်း အာမခံနိုင်သော ငွေပေးချေမှုမျိုးအဖြစ် ဆောင်ရွက် နိုင်ပါသည်။

Visa သည် ဘဏ်မဟုတ်ပါ။ စားသုံးသူများအတွက် ငွေကြေး ကတ်များထုတ်ပေးခြင်း၊ အကြွေး ယူနိုင်မှုတိုးမြှင့်ပေးခြင်း၊ နှုန်းထား များနှင့် ၀န်ဆောင်ခကြေးငွေများ ကောက်ခံခြင်းတို့ကိုမလုပ်ပါ။ သို့ ရာတွင်Visa ၏ ဆန်းသစ်တီထွင် မှုသည် ၎င်း၏ ဖောက်သည်ဘဏ္ဍာ ရေးအဖွဲ့အစည်းများမှ သုံးစွဲသူများ အတွက် ကြိုတင်ပေးအပ်ထားသည့် ငွေကြေးနှင့် ယခုလက်ငင်းပေးချေ ခြင်း သို့မဟုတ်နောက်မှပေးချေ နိုင်သည့်အကြွေးဝယ်ယူခြင်းစသည် ဖြင့် ရွေးချယ်မှုများစွာကို ကမ်းလှမ်း နိုင်ပါသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲလာမှု များ ဆက်လက်တိုးတက်ဖြစ်ပေါ် လာသည်နှင့် အမျှVisa သည် ရွေးချယ်ထားသော မြန်မာဘဏ် အချို့အတွက် အီလက်ထရောနစ် ငွေပေးချေမှု(Electronic Payment) စနစ်အားမိတ်ဆက်ခြင်း ကျွမ်းကျင်မှုအလုပ်ရုံဆွေးနွေးပွဲများ စွာကို ကျင်းပခြင်းနှင့်အတူမြန်မာ နိုင်ငံအတွင်း ၀င်ရောက်ရန် ၎င်း တို့၏ ပထမဦးဆုံးခြေလှမ်းကို လှမ်း လာခဲ့ပါသည်။
Visaသည် လုပ်ငန်းများ ဆောင်ရွက်မှုအခန်းကဏ္ဍကို မြှင့် တင်သည့်အနေဖြင့် မြန်မာနိုင်ငံ အား နိုင်ငံတကာမှ စီးပွားရေးပိတ် ဆို့၊ တင်းကျပ်မှုများ ဖြေလျှော့ပေး ခြင်းခံရမှု၏ ရလဒ်အဖြစ် မြန်မာ နိုင်ငံအတွင်းသို့ များစွာဝင်ရောက် လာကြသည့် နိုင်ငံတကာမှ ခရီး သွားဧည့်သည်များအတွက် ကြို တင်ပြင်ဆင်ခြင်းသည်Visa ၏ ပထမဦးဆုံးသော ဦးစားပေးအစီ အစဉ်ဖြစ်ပါလိမ့်မည်။ ရန်ကုန်ရှိ ဟိုတယ်များနှင့် အဓိက ခရီးသွား ဆွဲဆောင်မှုအများဆုံးနေရာများ တွင် ခရီးသွားများ ပုံမှန်ပြည့်လျက် ရှိခြင်း၊ မြန်မာနိုင်ငံ၏ လေဆိပ်များ တွင် တွေ့မြင်နေရသည့် မြင့်တက် လာသော ခရီးသွားဦးရေနှင့် ကမ္ဘာ့ စီးပွားရေးဈေးကွက်သို့ ချိတ်ဆက် ၀င်ရောက်မှုတို့သည် ပွင့်လင်းလာ သော ဈေးကွက်၏ အဓိကသော့ ချက်များပင်ဖြစ်ပါသည်။
၂၀၁၃ ခုနှစ်၌ မြန်မာနိုင်ငံမှ လက်ခံကျင်းပမည့် အရှေ့တောင် အာရှ အားကစားပွဲတော်နှင့် ဒေသ တွင်းဆိုင်ရာကမ္ဘာ့စီးပွားရေးဖိုရမ် တို့တွင် ပါဝင်တက်ရောက်ကြမည့် ကြိုတင်မျှော်မှန်းထားနိုင်သော များစွာသောဧည့်သည်များသည် ၎င်းတို့၏ ငွေပေးချေနိုင်မှုကတ်ပြား များကို မြန်မာနိုင်ငံတွင် သုံးစွဲနိုင် တော့မည်ဟူသောမျှော်လင့်ချက် ကိုပေးနိုင်မည့် Visa၀င်ရောက် လာခြင်းသတင်းသည် မြန်မာနိုင်ငံ အတွက် အချိန်ကောင်းတွင် ထွက် ပေါ်လာသည်ဟု ဆိုရပါမည်။
ကမ္ဘာ့နိုင်ငံများစွာ၏ အီလက်ထရောနစ်ငွေပေးချေမှုဆိုင် ရာများစွာတို့အတွက် ကမ္ဘာ့စံချိန် စံညွှန်းများနှင့်အတူ အခြေခံအုတ် မြစ်ကောင်းများစွာဖြင့် ဖွဲ့စည်းထား သောအဖွဲ့အစည်းဖြစ်သည့် Visaသည် မြန်မာနိုင်ငံအား အီလက် ထရောနစ်ငွေပေးချေမှုဆိုင်ရာ ကဏ္ဍများတွင် လွယ်ကူစွာဝင် ရောက်ဆောင်ရွက်နိုင်ရေးအတွက် ကူညီလမ်းခင်းပေးနိုင်သော အကောင်းဆုံးအနေအထားတွင် ရှိပါသည်။
ရန်ကုန်မြို့၌ ကျင်းပခဲ့သော Visa Card Partner အလုပ်ရုံဆွေး နွေးပွဲကို မြန်မာနိုင်ငံ၌ အဓိက ဦးဆောင်ဦးရွက်ပြုနေသော ဘဏ် အချို့တက်ရောက်ခဲ့ပါသည်။ ထို နှစ်ရက်တာအလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာကြသော ကိုယ် စားလှယ်များသို့အီလက်ထရောနစ် ငွေပေးချေမှုစနစ်အတွက် နိုင်ငံ တကာလိုအပ်ချက်များနှင့် အကောင်အထည်ဖော်ဆောင်၊ ပေးအပ်နိုင်ရန်အတွက် လိုအပ် သောလမ်းပြမြေပုံတို့ကို မိတ်ဆက် တင်ပြခဲ့ပါသည်။ နှစ်ဦးနှစ်ဘက် အပြန်အလှန်ဆွေးနွေးပွဲ များစွာ စီစဉ်ထားသည့်အထဲမှ ပထမဦးဆုံး သော ယခုအလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ အီလက်ထရောနစ် ငွေပေးချေမှုစနစ်အတွက် အဓိက အရေးကြီးသော လိုအပ်ချက်များ၊ ရေရှည်ရည်မှန်းချက်များနှင့် ချက် ချင်းလက်ငင်းအကောင်အထည် ဖော်ရန်လိုအပ်သော အခြေခံအုတ် မြစ်များအကြောင်းကို အဓိကထား တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ ဆိုင်ရာ Visa Country Manager ဖြစ်သူ Mr. Somboon Krobteer anon က “မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ချိတ်ဆက်၍ ကမ္ဘာ့စီးပွားရေးနယ်ပယ်ကို ၀င် ရောက်ချိတ်ဆက်နိုင်မည့် လမ်း ကြောင်းအား ယခုအလုပ်ရုံဆွေးနွေး ပွဲတွေက စိတ်ချယုံကြည်အားကိုး ရမယ့် လမ်းကြောင်းအနေနဲ့ ရှင်း ရှင်းလင်းလင်းသိသာမြင်သာစေမှာပါ။ ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်များ ကို စိတ်ပါဝင်စားစွာ ထောက်ခံကြ သော ဖြစ်နိုင်ခြေရှိတဲ့ အကျိုးတူ ပူးပေါင်းလိုသူများကိုလည်း တွေ့ ထားပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနေနှင့် နိုင်ငံတကာမှ လိုအပ် ချက်များကို ပြည့်မီနိုင်ရန် အနည်း ငယ်ခက်ခဲမှု ရှိနိုင်ပါတယ်။ မြန်မာ နိုင်ငံမှ ဘဏ်များအနေနှင့်လည်း အီလက်ထရောနစ်ငွေပေးချေမှု စနစ်၏ လိုအပ်ချက်များကို မြန်နိုင် သမျှမြန်အောင်ဖြည့်တင်းထောက် ပံ့ပေးရန် တာဝန်ယူမည့် အနေ အထားရှိနေတာကိုလည်း တွေ့ရ ပါတယ်”ဟု ပြောကြားခဲ့ပါသည်။Visa ၏ အစီအစဉ်မှာ မြန်မာ နိုင်ငံအတွက် စီးပွားရေးတိုးတက် မှုနှင့် ဘဏ္ဍာရေးအနှစ်သာရတို့ကို ယူဆောင်ပေးသည့် အီလက်ထ ရောနစ်ငွေပေးချေမှုစနစ် ကွန်ရက် အတွက် လွယ်ကူချောမွေ့စေရန် ရည်ရွယ်ထားခြင်းပင်ဖြစ်သည်။



သတင်းချစ်သူ
news from>>http://www.hotnewsweekly.com/archives/9512

No comments:

Post a Comment