Saturday, August 25, 2012

လယ်သမားတွေထပြန်သွားသည့်အတွက် မျိုးစပါးပေးအပ်ခြင်းအခမ်းအနား ဖျက်သိမ်းလိုက်ရ

လယ်သမားတွေထပြန်သွားသည့်အတွက် မျိုးစပါးပေးအပ်ခြင်းအခမ်းအနား ဖျက်သိမ်းလိုက်ရ
ပဲခူးတိုင်းဒေသကြီး၊က၀မြို့နယ်အတွင်းရှိ ရေကြီးနစ်မြုတ်မှုဒဏ်ကြောင့်ပျက်စီးဆုံးရှုံးခဲ့ရသောလယ်ယာ မြေ
များအနက် ဧက(၅၀၀၀)ခန့်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မျိုးစပါးများချ ပေးသည့်အခမ်းအနားကို (၂၅၊ ၈၊ ၂၀၁၂)ရက်နေ့တွင် အုန်းနှဲစံပြကျေးရွာ၌ ပြုလုပ်ကျင်းပခဲ့ရာ ဒေသခံလယ်သ မားများမှ ချပေးသော နှုန်းထားများကို သဘောတူကြေနပ်မှုမရှိသောကြောင့် အခမ်းအနားကို ဖျက်သိမ်းလိုက်ရကြောင်းသိရှိရသည်။

အဆိုပါအခမ်းအနားကိုက၀မြို့နယ်ရှိ မြေစာရင်း၊စိုက်ပျိုးရေးနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ  ပြုလုပ်
ကျင်းပတာဖြစ်ပြီး ဒေသခံလယ်သမား(၃၀၀)ကျော်တက်ရောက်ခဲ့ပါသည်။ က၀မြို့နယ်အတွင်းရှိ အမှန် တကယ် ပျက်ဆီးဆုံးရှုံးရသည့် လယ်ယာမြေဧကမှာ ဧက(၅၀၀၀)မဟုတ်ပဲ ဧက(၂၀၀၀၀)ကျော်ဖြစ်သည့် အတွက် ရေကြီးနစ်မြုတ်မှုဒဏ်ကိုခံစားနေရသော လယ်ယာမြေများအားလုံးကို မျိုးစပါးချပေးရန်ဒေသခံလယ် သမားများမှ တောင်ဆိုခဲ့ကြပါသည်။

မြို့နယ်မှချပေးသော မျိုးစ ပါးနှုန်းထား များမှာ (၁.၀၀)ဧကလျှင် (၁)တင်းခွဲနှုန်းသာဖြစ်ပြီး (၂၂၊ ၈၊ ၂၀၁၂)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦး ပြောကြားခဲ့သည့် (၁.၀၀)ဧကလျှင် မျိုးစပါး(၂)တင်းနှုန်းချပေးမည်ဟူသော စကားရပ်နှင့်ကွဲလွဲနေသည့် အတွက် အစည်းအဝေးတက်ရောက်လာသူ လယ်သမားအများစု အစည်းအဝေ ခမ်းမမှ ထပြန်သွာသည့် အတွက် အခမ်းအနားကို ဖျက်သိမ်းလိုက်ရကြောင်း သိရှိရသည်။

အဖေ့သား(ပဲခူး)

No comments:

Post a Comment