Friday, August 24, 2012

NDFပါတီမှ ရေဘေးဒုက္ခသည်များအား ဆန်နှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း


ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကမာခနိမ်ကျေးရွာရှိ ရေဘေးဒုက္ခသည်များအား အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ    ဗဟိုအလုပ်ကော်မတီဝင်များဖြစ်ကြ သည့် ဦးထက်အောင်ကျော်၊ ဦးမင်းမင်းထွန်း၊ ဦးအေးမင်းထွန်း၊ ဦးမြင့်သိန်း၊ ဦးလှိုင်ထွန်း၊ ဒေါ်သော်တာဆိုင်နှင့် ပဲခူးတိုင်းဒေသကြီး (NDF)ပါတီမှ ဦးအောင်နိုင် ဦးဆောင်သော အဖွဲ့တို့သည် သြဂုတ်လ(၂၄)ရက်နေ့တွင် ဆန်နှင့်လှူဖွယ်ပစ္စည်းများ သွားရောက်လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

“ဒီနှစ်ဆိုမိုးရာသီမှာ မိုးဦးကာလကနေစပြီတော့ မိုးများသည့်အတွက် လယ်ယာမြေတွေရေကြီးနစ်မြုတ်ပျက်စီရတယ်၊ အဓိက အားဖြစ် တော့ လယ်သမားထိခိုက်တာပေါ့၊ လယ်မားထိခိုက်လာတော့ အလုပ် သမားလည်းထိခိုက်တာပေါ့၊ အခုချိန်ကတော့ ကျွန်တော်တို့ လယ်သမားအနေဖြင့် နောက်ဆုံးအဆင့်ကတော့ လယ်ကထွက်လျှင် စပါးရမယ်၊ ဒီစပါးကိုပဲ သူဌေးဆီကတဆင့် ကြိုပြီးတော့စပါးပေးစနစ်လေးနဲ့ ရှာဖွေစားကြပေါ့ဗျာ၊ ရှိတဲ့ကြက်ငှက်လေးတွေထုတ်ရောင်းပေါ့၊ ထမင်းစားရအရေးပါပဲ၊ ကောင်းကောင်းမွန်မွန်စားရတဲ့အနေအထားတော့မရှိ ပါဘူး။ လက်လုပ်လက်စားဆို ဒီထက်ပိုဆိုးတာပေါ့၊ ဒုက္ခရောက်တဲ့သူ တော်တော်များပါတယ်၊ ယခုလို ရေကြီးနစ်မြုတ်မှုဒဏ်ကိုခံစားနေရသည့် ကျွန်တော်တို့ ကျေးရွာသူကျေး ရွားသားများအား လာရောက် လှူဒါန်းပေးတဲ့အ တွက်လည်း ကျေးဇူးအထူးတင်ပါတယ်”ဟု ဒေသခံလယ်သမားတစ်ဦးမှပြော ကြားပါသည်။

အဖေ့သား(ပဲခူး)


No comments:

Post a Comment