Saturday, August 25, 2012

Hot News ဂျာနယ်မှ သတင်းထောက်တစ်ဦး သတင်းယူရန် အကန့်သတ်ခံရ

Hot News ဂျာနယ်မှ သတင်းထောက်တစ်ဦး သတင်းယူရန် အကန့်သတ်ခံရ

 စာပေ နှင့် စာနယ်ဇင်းလွတ်လပ်ခွင့်ရပြီဟုဆိုသော်လည်း ၊ ၂၅.၈.၂၀၁၂ ရက်နေ့တွင် ပဲခူးမြို့ စိုက်ပျိုးရေးစရိတ် ထုတ်ပေးသည့်အခမ်းအနားပွဲ၌ တက်ရောက်လာခဲ့ကြသော သတင်းထောက်များအနက် Hot News သတင်းထောက် တစ်ဦးအား အကန့်အသတ်ခံခဲ့ရသည်ဟုသိရသည်။ နိုင်ငံတော်သမ္မတကြီး ကိုယ်တိုင် တောင်သူလယ်သမားများ အတွက် စိုက်ပျိုးစရိတ်ချပေးသည့် စိုက်ပျိုးရေးထုတ်ပေးသည့်အခမ်းအနားပွဲသို့ Hot News သတင်းထောက် သွားရောက် သတင်းယူရာ မြို့နယ် ရဲတပ်ဖွဲ့ရုံ့းမှ ရဲမှူးဦးနန္ဒာဝင်း ၊ မှုခင်းနှင့် သတင်းထောက်ဖွဲ့မှ ရဲမှူး ဦးစန်းကို တို့မှ ကြိုတင်ပြီးစာမတင်သည့် အတွက် ဟုဆိုကာ အကန့်အသတ်ခံခဲ့ရသည်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး သတင်းထောက် အဖေ့သား(ပဲခူး)အား မေးမြန်းကြည့်ရာ ကျွန်တော် အခမ်းအနားပွဲကို ၀င်သွားတယ်။ခြံစည်းရိုးမှာတုံးကလဲ လက်မှတ်ထိုးရတယ် ၊ အဲဒီနောက် အစစ်ဆေးခံရတယ်။ မြို့နယ်မှူးက ၀င်ခွင့်ကဒ်ထုတ်ပေးတယ် ။
ခန်းမထဲအ၀င်ကျွန်တော်ကိုပြန်ခေါ်ပြီး နှင်ထုတ်တယ်။ ၀င်ခွင့်ကဒ်လဲပြတယ်။ (၇)ရက်ကြိုတင်ပြီး သတင်းယူခွင့်မတောင်းထားခဲ့ဟုဆိုကာ အကြောင်းပြတယ်။ ကျွန်တော်က ပြောပြရာ ဒီပွဲဟာ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် လယ်သမားများအတွက် လုပ်ပေးတဲ့ပွဲပါ ၊ ခွင့်ပြုသင့်တာပေါ့လို့ ပြောပြတော့လဲ မရ ၊ ကြိုတင်သတင်းယူခွင့် တောင်းရတယ်ဆိုပေမယ့် ကျွန်တော်တို့ကိုလဲ အသိလဲမပေး ၊ သက်ဆိုင်ရာဌာနအသီးသီးကိုလဲ အကြောင်းမကြားပါ။ လူရှေ့မှာလဲ ကြေညာခြင်းမရှိပါဘူးလို့ ပြောပြသော်လည်းမရသည့်အတွက် ပြန်လာခဲ့သည်ဟုဆိုပါသည်။ သို့သော် လူကြီးများမလာပါသဖြင့် (၂၆.၈.၂၀၁၂ ) ရက်နေ့တွင် ဆက်လက်ပြုလုပ်မည့် အဆိုပါပွဲအတွက် ကိုမူ ဖိတ်ကြားခြင်းပြုခဲ့သည်ဟုသိရသည်။ အမှန်မူစာနယ်ဇင်းသမာများ သတင်းယူရာ၌ အခက်အခဲမဖြစ်စေခြင်းသည် ဒီမိုကရေစီ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် စတုတ္ထမဏ္ဍိုင်ကို အားပေးရာရောက်ပါသည်။ သတင်းသမားတစ်ဦးအား အနှောက်အယှက်ဖြစ်စေပါက အခြေခံဥပဒေပြဌာန်းချက်အရ ပြစ်မှုဆိုင်ရာ ဥပဒေအရ မတရားတာဆီးကန်သတ်မှုပုဒ်မ(၃၃၉)(၃၄၀) အရ အကြုံးဝင်နေပြီး ၎င်းအပြင်သတင်းသမားတစ်ဦး၏ ဂုဏ်သိက္ခာအား ထိပါစေသည့် ပြစ်မှုဆိုင်ရာပုဒ်မ (၅၀၀) နှင့်လည်း ညှိစွန်းနေသည်ဟုသိရသည်။

HN

copy from http://www.hotnewsweekly.com

1 comment:

  1. သတင်းထောက်က သတင်းထောက်ကဒ်မပြဘူးလား ကဒ်ပြရဲ့သားနဲ့ဆွဲထုတ်ခံရတာဆိုရင်တော့ အဲ့ဒီဆွဲထုတ်တဲ့ကောင်တွေက ဥပဒေကိုနားမလည်တာလား နားလည်ရဲ့သားနဲ့ မသိချင်ယောင်ဆောင်တာလား ဥပဒေကိုတစ်လုံးတစ်ပါဒမှနားမလည်ဘဲနဲ့အသွင်ပြောင်းလာတဲ့စစ်တပ်ဘက်ကအရာရှိတွေလား မြန်မာပြည်မှာသတင်းမီဒီယာလွတ်လပ်ခွင့်က ဘယ်တော့မှရကြမှာလဲ

    ReplyDelete