Sunday, August 19, 2012

ထူးထူးခြားခြား မင်္ဂလာပွဲ ထိုင်းစုံတွဲများ ဆင်ကာနွှဲ

ထူးထူးခြားခြား မင်္ဂလာပွဲ ထိုင်းစုံတွဲများ ဆင်ကာနွှဲ


သတို့သားနှင့် သတို့သမီး စုံတွဲနှစ်ဦးက အမြင့်တစ်နေရာတွင် သူတို့၏လက်ထက်မင်္ဂလာပွဲကို ကျင်းပရန် ကြံစည်သည့် အဖြစ်မှာလည်း အံ့ဖွယ်သရဲထူးကဲလှပါသည်။
ထိုကဲ့သို့မင်္ဂလာပွဲမျိုး ကျင်းပသည့် နေရာမှာ ထိုင်းနိုင်ငံတွင် ဖြစ်သည်။ တောင်စောင်းတစ်ခုမှ ဝိုင်ယာသိုင်းကြိုးများ ဆိုင်းထားသော သတို့သားနှင့် သတို့သမီးတို့က ဗယ်လင်တိုင်းဒေးတွင်“ကျွန်တော် ကျွန်မတို့၏ ပျံသန်းနေသော မင်္ဂလာပွဲကို ကျင်းပခဲ့ကြပါသည်” ဟူ၍ ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံ အရှေ့ပိုင်း ပရာချင်ဘူရီခရိုင်တွင် ထိုကဲ့သို့လေတွင်ပျံသန်း၍ ထိမ်းမြားလက်ထက်ခဲ့သော မင်္ဂလာမောင်နှံမှာ ထူးထူးခြားခြား မင်္ဂလာပွဲ နွှဲခဲ့သော စုံတွဲ လေးတွဲအနက် အံ့ဖွယ်သရဲ ထူးကဲစွာ မင်္ဂလာပွဲ နွှဲခဲ့သော စုံတွဲလည်း ဖြစ်သည်။ နီတီပွန်ဂျီတာဟွန် နှင့် ရာတာနာပွန်းဆူဖာတို့က အဖြူရောင် မင်္ဂလာဝတ်စုံများ ဆင်မြန်းထားပြီး အစဉ်အလာပန်းစည်းများကို ကိုင်ထားလျက် ကြိုးဖြင့် ဆိုင်းထားသော လေထဲတွင် ဝဲပျံနေဟန်ပြုလျက် အပြုံးပန်းဝေလျက် မင်္ဂလာဓာတ်ပုံများ အရိုက်ခံခဲ့ကြသည်။



ပါရင်ယာတစ်ကန်တာရက် နှင့် ပီယာရက်ဝါဒီဆာဝါဒီဆိုသည့် မင်္ဂလာမောင်နှံတို့ကမူ ထိုင်းနိုင်ငံတောင်ပိုင်း ထရန်မြို့ရှိ အန်ဒါမန်ပင်လယ်ထဲသို့ ရေငုပ်ကိရိယာများ ဝတ်ဆင်ကာ ကြိုးဆိုင်းတွဲလျက် ရေထဲငုပ်ဆင်းပြီး မင်္ဂလာပွဲကျင်းပပုံမှာလည်း တစ်မျိုးထူးနေပြန်သည်။



ထိုင်းနိုင်ငံမှပင် နာရွန်ချွန်ချွမ်ဆာ နှင့် ဆွန်ရင်ချွမ်ဆာ ဆိုသည့်မင်္ဂလာစုံတွဲကမူ Pak-Men ပင်လယ်ကမ်းခြေအကွာရှိ ရေပြာပြာထဲတွင် (၁၄) ကြိမ်မြောက်နှစ်ပတ်လည် ရေအောက်မင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ပါသည်။ မာနွတ်ဝမ်ကန် နှင့် ပါရီဒါရုဆုနီရမ်ဒွန်တို့ကမူ ထိုင်းနိုင်ငံမြောက်ပိုင်းမှ ဖြစ်ပြီး တရုတ်ရိုးရာ မင်္ဂလာဝတ်စုံများဖြင့် ချင်းမိုင် ငါးပြတိုက်တွင်ရှိ ငါးအလှမွေးကန်ထဲတွင် သူတို့၏ မင်္ဂလာပွဲကို ထူးထူးခြားခြား ကျင်းပခဲ့ကြောင်း သိရသည်။


No comments:

Post a Comment