Friday, August 24, 2012

The hot news weekly journalမှ သတင်းထောက်တစ်ဦး သတင်းရယူစဉ် ဆွဲထုတ်ခြင်းခံရ

The hot news weekly journalမှ သတင်းထောက်တစ်ဦး သတင်းရယူစဉ် ဆွဲထုတ်ခြင်းခံရ

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ရေကြီးနစ်မြုတ်မှုဒဏ်ကိုခံစားနေရသော တောင်သူလယ်သမားများအတွက် နိုင်ငံတော်မှ စိုက်ပျိုးစရိတ်ထုတ်ချေးပေးသည့်အခမ်းအနားသို့ the hot news weekly journal မှ သတင်းထောက်တစ်ဦးသည် (၂၅၊ ၈၊ ၂၀၁၂)ရက်နေ့တွင် သတင်းထောက်စည်းမျဉ်းစည်းကမ်းနဲ့အညီ သတင်းသွားယူခဲ့ရာ ခမ်းမအတွင်းမှ ပြန်လည်းဆွဲထုတ်ခြင်းခံခဲ့ရကြောင်း သိရှိရသည်။


အဆိုပါအခမ်းအနားတွင် သတင်းမိဒီယာများမှ သတင်းရယူခွင့်ရှိသော်လည်း the hot news weekly journal မှ သတင်းထောက်အား သတင်းရယူခွင့်ပိတ်ပင်ခဲ့ခြင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံဖြစ်ရန် သွားနေသည့်လမ်းကြောင်းနှင့် လုံးဝကိုက်ညီမှုမပါ။ ခမ်းမအတွင်းမှ ဆွဲထုတ်ခံရသည့် သတင်းထောက်သည် the hot news weekly journal မှ အသိအမှတ်ပြု တရားဝင်သတင်းထောက်တစ်ဦးဖြ
စ်ပြီး အဖေ့သား(ပဲခူး)ကလောင်အမည်ဖြင့် သတင်းရေးသားသူတစ်ဦးဖြစ်ပါ သည်။ ထိုသို့ သတင်းထောက်တစ်ဦးအား သတင်းရယူရန် ပိတ်ပင်ခြင်းသည် ပြည်သူလူထုအား နားမျက်စီပိတ်ထားခြင်းနှင့်တူပါသည်။ သတင်းထောက်အားခမ်းမအတွင်းမှ ဆွဲထုတ်သွားသည့် သူများမှာ ပဲခူးတိုင်း ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး နန္ဒာဝင်းနှင့် မှုခင်းနှင့် ပဲခူးမြို့မှုခင်းနှင့်သတင်းတပ်ဖွဲ့မှ ဗိုလ်မှူးစန်းကိုတို့ဖြစ်ကြပါသည်။ စိုက်ပျိုးစရိတ်ပေးအပ်မည့်အခမ်အနားလည်း လူကြီးမလာသဖြင့် ပွဲရပ်နားပြီး မနက်ဖန်(၂၆၊ ၈၊ ၂၀၁၂)ရက်နေ့သို့ ရွေ့ဆိုင်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

The hot news weekly journal မှသတင်းသွားယူသည့် သတင်းထောက်ဖုန်း ၀၉ ၄၂၈၁၂၃၂၆၂
ပဲခူးမြို့ မှုခင်းနှင့်သတင်းတပ်ဖွဲ့ရုံးဖုန်း ၀၅၂ ၂၁၀၅၀
ပဲခူးမြို့ မြို့နယ်ရဲတပ်ဖွဲ့မှူးဖုန်း ၀၉ ၄၉၃၁၅၉၄၈ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးတင်းဝင်း ထံသို ဆက်သွယ်မေးမြန်းနိုင်ပါသည်။

သတင်းထောက်တစ်ဦး
http://drguidingstar.blogspot.com/

No comments:

Post a Comment