Hot News မေး ဦးသိန်းဇံ(ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာန ၊ ညွန်ကြားရေးမှူး-ငြိမ်း) ဖြေ- ယခင်အပတ်မှ အဆက်
by Ko Shin on Tuesday, August 7, 2012 at 10:39am ·
Hot News မေး ဦးသိန်းဇံ(ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာန ၊ ညွန်ကြားရေးမှူး-ငြိမ်း) ဖြေ- ယခင်အပတ်မှ အဆက်
Filed under Home, သတင်း
0
မေး- အခု ၂၀၁၂ခုနှစ် လယ်ယာမြေ ဥပဒေနဲ့ပတ်သက်ပြီး အန်ကယ့်ရဲ့ သဘောထားဘယ်လိုရှိသလဲဆိုတာ ပြောပြစေချင်ပါတယ်အန်ကယ်။
ဖြေ- ၂၀၁၂ လယ်ယာမြေဥပဒေကို ၂၀၁၂ခုနှစ် မတ်လ(၃၀)ရက်နေ့မှာ လယ် ယာမြေဥပဒေကို ပြဋ္ဌာန်းခဲ့တာကို အား လုံးသိပြီးဖြစ်ပါတယ်။ အဲဒီဥပဒေပြုစုရာ မှာ အချိန်တိုလေးအတွင်း ရေးဆွဲခဲ့တယ်။ ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မ တီတွေမှာလယ်ယာလုပ်ငန်းနဲ့ တောင် သူလယ်သမားများနဲ့ ထိတွေ့မှုနည်း ပါးခြင်း စသည်တို့ကြောင့် ဒီဥပဒေမှာ အားနည်းချက်များရှိခဲ့တယ်လို့သုံးသပ်ချင် ပါတယ်။ မြေယာမူဝါဒနဲ့ လုပ်ကိုင်မှု စနစ်ကို ပြုပြင်ပြောင်းလဲရေးအတွက် ဥပဒေတွေ ပြဋ္ဌာန်းကျင့်သုံးခဲ့တဲ့နေရာမှာ ဘယ်လိုတိုင်းပြည်မှ အားရကျေနပ်နှစ် သက်ပြီး စင်းလုံးချောကောင်းမွန်တဲ့ ဥပဒေလို့ ပြောဖို့ဆိုတာခက်ခဲတယ်။
၂၀၁၂ မြေယာဥပဒေအခန်း (၂) ပုဒ်မ(၆)မှာ သက်ဆိုင်ရာခရိုင် လယ်ယာ မြေ စီမံခန့်ခွဲရေးအဖွဲ့ သဘောတူညီချက် နဲ့မြို့နယ်မြေစာရင်းဦးစီးဌာနမှာ သတ် မှတ်ချက်များနဲ့အညီ မှတ်ပုံတင်ကြေး ပေးဆောင်လို့ မှတ်ပုံတင်ပြီး လယ်ယာ မြေလုပ်ကိုင်ခွင့် လက်မှတ်ထုတ်ပေးရ မယ်လို့ ပြဋ္ဌာန်းထားတာတွေ့ရှိရတယ်။ ဒီပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး မှတ်ပုံတင် နိုင်ရေးမှာ လယ်သမားများအနေနဲ့ မိမိ တို့ရဲ့ ကျေးရွာမှာ မြို့နယ်ကို အကြိမ်ကြိမ် သွားလာနေရပြီး ခရီးစရိတ်၊ စားစရိတ်၊ ကုန်ကျရတယ်။ မှတ်ပုံတင်ဖို့အရေး စာ ရွက်တမ်းတွေ၊ စာချုပ်တွေ ရေးဖို့အခက် အခဲ ကြုံနေရတဲ့အပြင် တတ်ကျွမ်းတဲ့ သူကိုအကူအညီများယူရမယ်ဆိုရင်လည်း ငွေကုန်ကြေးကျတွေများတယ်။ ဒါ့အပြင် မှတ်ပုံတင်ပြီး လုပ်ငန်းခွင်လက်မှတ် ရရှိ ရေးအတွက်လည်း လုပ်ငန်းအဆင့်များ ပြားလို့ လပေါင်းမြောက်မြားစွာ အချိန် ကြန့်ကြာတယ်လို့ ပြောချင်ပါတယ်။
ဒီကိစ်္စနဲ့ပတ်သက်ပြီးတော့ နည်း ဥပဒေမှာ လွယ်ကူတဲ့နည်းလမ်း ငွေကုန် ကြေးကျနည်းတဲ့နည်းလမ်းတွေမှာ အချိန် တိုအတွင်း ဆောင်ရွက်နိုင်တဲ့နည်းလမ်းး တွေကို ပြဋ္ဌာန်းသင့်တယ်။ အန်ကယ်ဆို လိုတာက တောင်သူလယ်သမားများ အတွက် ၀န်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဦးစား ပေးဆောင်ရွက်သင့်တယ်။ တရုတ်ပြည်သူ့ ကွန်ဂရက်ဥပဒေကြမ်းရေးဆွဲရေးကော်မ တီ (Bill Committee) အနေနဲ့ ဥပဒေမူ ကြမ်းများကို သတင်းစာနဲ့ အင်တာနက် တို့မှာ ကြိုတင်ဖော်ပြပြီး ပြည်သူတို့ရဲ့ အကြံဉာဏ်များကို ရယူဆောင်ရွက်တယ် ဆိုတာသိရတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဆောင်ရွက်သွားသင့်တယ်ဆို တာလည်းပြောချင်ပါတယ်။
မေး- နောက်ဆုံးအနေနဲ့ အန်ကယ့်အနေ နဲ့ ဘာတွေများ အကြံပြုချင်ပါသလဲ။
ဖြေ- အန်ကယ်တို့အနေနဲ့ အကြံပြု တင်ပြလိုတာက-
(၁) လူဦးရေဆိုတာ အမြဲတိုးတက်နေ ပေမယ့် လူဦးရေလို မြေယာဆိုတာ တိုးတက်များပြားလာတဲ့ပစ္စည်းမဟုတ်ဘူး။ သယံဇာတတွေဟာ ပျက်စီးဆုံးရှုံးမှု မဖြစ် စေရေးကို အလေးပေးပြီးတော့ ကာကွယ် သင့်တယ်။ (၂) ဖြစ်ပေါ်လာမယ့် လယ် ယာမြေဥပဒေ၊ နည်းဥပဒေများဟာ တောင်သူလယ်သမားများကို ဗဟိုပြု ပြီးတော့ လုပ်ဖို့လိုအပ်တယ်။ (၃) ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံဥပဒေအခန်း(၁)၊ ပုဒ်မ(၂၃)(က) အရ မြေယာသယံဇာတ ကာကွယ်ထိန်း သိမ်းဖို့ဆိုတာကို ဥပဒေပြဋ္ဌာန်းသင့်ပြီး အဲဒီပြဋ္ဌာန်းချက်နဲ့အညီ ဆောင်ရွက် အကောင်အထည်ဖော်သင့်တယ်။ (၄) တောင်သူလယ်သမားတွေ စီးပွားရေးပြို လဲသွားမယ်ဆိုရင် နိုင်ငံတော်တစ်ခုလုံး ရဲ့ စီးပွားရေးလည်း ပြိုလဲပျက်စီးသွားနိုင် တဲ့အတွက်ကြောင့် တောင်သူလယ် သမားတို့ရဲ့ စီးပွားရေးတိုးတက်မှုကို ဦးစား ပေးသင့်တယ်။ (၅) မြေရှင်ကြီးစနစ်ဆို တာ ခေတ်အဆက်ဆက် တောင်သူလယ် သမားများကို ဖိနှိပ်ခဲ့သည့်အပြင် တောင် သူလယ်သမားများကိုလည်း အကျိုးမပြု သောစနစ် ဖြစ်တဲ့အတွက်ကြောင့် မြေ ရှင်ကြီးထပ်မံမဖြစ်ပေါ်နိုင်ရေးကို အထူး ကာကွယ်ဖို့ လိုအပ်တယ်။ (၆) စိုက်ပျိုး ရေးကို အရှိန်အဟုန်နဲ့ဆောင်ရွက်ရာမှာ တောင်သူလယ်သမားများ မြေယာလုပ် ငန်းမှာ၊ အစမ်းသပ်ခံ၊ စတေးခံ တောင်သူလယ်သမားတွေ မဖြစ်ဖို့လို အပ်တယ်။ (၇) လုပ်ငန်းရှင်များနဲ့ တောင်သူလယ်သမားများ အကျိုးတူ ဖက်စပ်လယ်ယာလုပ်ငန်းလုပ်ကိုင်ရာ မှာ တောင်သူလယ်သမားများအတွက် အကျိုးအမြတ်မရှိပါဘဲ တောင်သူလယ် သမားများအတွက် မြေယာလက်လွှတ်ခဲ့ ရပြီး တချို့ဆိုရင် လုပ်ငန်းရှင်ရဲ့ တရား စွဲမှုများကိုပင် ခံနေရပြီး အဲဒီလိုအဖြစ် မျိုး မဖြစ်ဖို့ရန်အတွက် တောင်သူလယ် သမားများကို အကာအကွယ်ပေးသွား ရန်လိုအပ်ပါတယ်။ (၈) လုပ်ငန်းရှင်များ နဲ့တောင်သူလယ်သမားများ အကျိုးတူ လုပ်ကိုင်မယ်ဆိုရင် တောင်သူလယ်သ မားများ ရေရှည်အကျိုးရှိနိုင်မယ့်လုပ်ငန်း မျိုးကိုသာ ခွင့်ပြုသင့်တယ်။ တောင်သူ လယ်သမားများ သဘောမတူရင်တော့ ခွင့်မပြုသင့်ဘူး။ တောင်သူလယ်သမား များကို အဓမ္မဖိအားပေးမှုမျိုးကို ရှောင် ရှားရန် လိုအပ်တယ်။ (၉) လုပ်ငန်းရှင် များ လယ်ယာလုပ်ကိုင်ခွင်မှာပါဝင် ဆောင်ရွက်လိုရင် မြေလွတ်မြေရိုင်းများ ကို လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ကို ဆောင်ရွက်သင့်တယ်။ (၁၀) လယ် ယာမြေများမှာ လုပ်ငန်းရှင်နဲ့နိုင်ငံခြား လုပ်ငန်းရှင်များရဲ့ လုပ်ကိုင်ခွင့်ကို နိုင်ငံ တော်သမ္မတရဲ့ သဘောတူညီချက် ရယူ ပြီးမှ ဗဟိုမြေယာကော်မတီက ခွင့်ပြုချက် ပေးသင့်တယ်။ (၁၁) နိုင်ငံတော်အစိုးရ ရဲ့ လုပ်ငန်းတွေအတွက် လယ်ယာမြေ ကိုသိမ်းယူခွင့်ရှိပြီး မြေယာသိမ်းဆည်း ခြင်းအခွင့်အာဏာကို ဗဟိုမြေယာကော် မတီအား အပ်နှံလျက် ဗဟိုမြေယာ ကော်မတီကသာ မြေယာသိမ်းဆည်းခွင့် အမိန့်ကို ထုတ်ပေးဖို့၊ မြေယာသိမ်းဆည်း ခံရတဲ့ တောင်သူလယ်သမားများအ တွက် တန်ရာတန်ကြေးပေးပြီးအသက် မွေးမှုလုပ်ငန်းများ၊ မထိခိုက်စေဖို့အတွက် စီမံဆောင်ရွက်ပေးသင့်တယ်။ (၁၂) ဆယ်စုနှစ် များစွာကတည်းက လယ်ယာ မြေတွေကို အကန့်အသတ်မရှိ တခြား နည်းအသုံးပြု၍ လက်ရှိအခြေအနေတွင် စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ အားနည်း နေတယ်လို့ သုံးသပ်မိပါတယ်။ ကမ္ဘာ့ ဘဏ်ချေးငွေနဲ့ မြေယာဖော်ထုတ်ခြင်း လုပ်ငန်းတွေကို ဧရာဝတီတိုင်းမှာ ဆောင် ရွက်ပေးခဲ့သလိုပဲ အခုအခါမှာလည်း အလားတူ ဖော်ထုတ်ဆောင်ရွက်သွား သင့်တယ်။ (၁၃) အကြီးစားမြေယာစနစ် ((LARGE SCALE FARMING)) ဆိုတာ ထုတ်လုပ်မှုကို အထောက်အကူ ပြုပေမယ့်မြန်မာနိုင်ငံရဲ့ ၇၀ ရာခိုင် နှုန်း တောင်သူလယ်သမားများရဲ့ဘ၀ မြေပိုင်ဆိုင်မှု အခြေအနေနဲ့ လယ်ယာ မြေများရဲ့သွင်ပြင်လက္ခဏာများကို အထူး အလေးပေး စဉ်းစားသင့်ကြောင်း ပြော လိုပါတယ်။ အန်ကယ်က အငြိမ်းစား ၀န်ထမ်းဆိုတော့ အသက်အရွယ်ကြီးမြင့် သူများဖြစ်လို့ မိခင်မြေကြီးဆီ ပြန်ကြဖို့ အချိန်နီးပါပြီ။ အခုလို အကြံပေးရခြင်းမှာ လည်း ခေတ်မီနိုင်ငံတော်သစ် ဖြစ်ပေါ် လာရေးအတွက် တင်ပြရခြင်းဖြစ်ပါ တယ်။
မေး- ယခု ၂၀၁၂ခုနှစ် မတ်လ(၃၀)ရက် နေ့တွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်သည့် လယ်ယာ မြေ ဥပဒေနှင့် စပ်လျဉ်း၍ အန်ကယ်တို့ ရဲ့ ဖြတ်သန်းလာရတဲ့အတွေ့အကြုံအရ ဘယ်လိုမြင်ပါသလဲ အန်ကယ်။
ဖြေ- ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန် ကြည့်မယ်ဆိုရင် ကိုလိုနီခေတ်၊ လွတ်လပ် ရေးရပြီး ဖဆပလခေတ်၊ တော်လှန်ရေး ကောင်စီခေတ်များတွင် ပြဋ္ဌာန်းခဲ့တဲ့မြေ ယာနှင့်ပတ်သက်တဲ့ ဥပဒေများမှာမည် သည့်ခုနှစ်က ပြဋ္ဌာန်းခဲ့သည်ကို ခွဲခွဲခြား ခြား သိနိုင်ရန် ဖော်ပြပါတယ်။ ဥပမာ အနေနဲ့ကြည့်လိုက် ၁၉၅၃ ခုနှစ် လယ် ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ၊ ၁၉၄၅ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ် ရေးနည်းဥပဒေ၊ ၁၉၆၃ခုနှစ်၊ သီးစားချ ထားရေးဥပဒေ၊ ၁၉၆၃ ခုနှစ်တောင်သူ လယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေ အစရှိသည်ပေါ့ဗျာ။ ဒါကြောင့် လယ်ယာမြေဥပဒေကို ပုဒ်မ(၁)တွင် ဤ ဥပဒေကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေဟု ခေါ်တွင်စေရမည်ဟု ဖြစ်သင့် ပါကြောင်း ပြောကြားလိုက်ပါတယ်။
နောက်တစ်ချက်အနေနဲ့ယခုလယ် ယာမြေဥပဒေပုဒ်မ ၃ (င)(၁)မှာ ““သို့မ ဟုတ် မိမိကိုယ်တိုင် အစဉ်တစိုက် လုပ် ကိုင်ခဲ့သူ ဖော်ပြရာ၌ လယ်သမားအဖြစ် လုပ်ခဲ့ပြီး လက်ရှိမှာ မလုပ်တော့ဟု ဆို လိုတာလား ဒါကိုရှင်းလင်းချက်ပါရှိရမှာ ဖြစ်ပါတယ်။ ပုဒ်မ ၃(င)(၃)တွင် မြေကို အစဉ်တစိုက် အသက်မွေးဝမ်းကြောင်း အဖြစ်အသုံးပြု၍ဟုဆိုလျှင် ပိုကောင်း မယ်ဟု ထင်တယ်။ ပုဒ်မ ၃(င)(၄)တွင် လယ်ယာအလုပ်သမားကို ဆိုလိုတာလား ဆိုလိုတယ်ဆိုလျှင် တိတိကျကျ ဖော်ပြဖို့ လိုပါတယ်။ ““ဥပမာအားဖြင့် မြေကို အသုံးပြု၍ စိုက်ပျိုးရေး မွေးမြူရေးဆိုင် ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နေသူ အဓိက အသက်မွေးသူ လယ်လုပ် သား””ဟု ဖော်ပြလျှင် ပိုကောင်းမည်ထင် ပါတယ်။
ဆက်ပြီးပြောလိုတာက လယ်ယာ မြေကို လုပ်ပိုင်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ အခန်း(၂)ပုဒ်မ (၄)(၅)(၆)တွင် လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ရေးထိုးပေးခြင်း နှင့် စပ်လျဉ်း၍ ဖော်ပြထားသည်ကိုတွေ့ ရပါတယ်။ လယ်သမားများက လျှောက် ထားမှ လယ်ယာမြေလုပ်ပိုင်ခွင့်ပြု လက် မှတ်ထုတ်ပေးရမည် ဖြစ်နေပါတယ်။ မလျှောက်ထားလျှင် မထုတ်ပေးရမယ့် သဘောဖြစ်နေတယ်။
ကိုလိုနီအစိုးရလက်ထက်တွင်လည်း ကောင်း လွတ်လပ်ရေးရပြီး ခေတ်မှာ လည်း ဂရံကြီးများချထားရန် ရော်ဘာ စိုက်ပျိုးရန်မြေလွတ်မြေရိုင်းများကိုဥပဒေ နှင့်အညီ လျှောက်ထားတာကို တွေ့ရ တယ်။ လျှောက်ထား၍ ဥပဒေနှင့်အညီ စီစစ်ပြီး လုပ်ပိုင်ခွင့်ချထားပေးသည်ကို တွေ့ခဲ့ရတယ်။ ၎င်းင်းတို့မှအပ လုပ်ပိုင်ခွင့် မြဲနေသော မြေများဓားမဦးချလုပ်ကိုင် သည့်လယ်ယာမြေများမှာ အဲဒါတွေက ပိုင်ဆိုင်လုပ်ကိုင်သူများကို ဥပဒေ၊ နည်း ဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ အလို အလျှောက်ပိုင်ဆိုင်ခွင့် ((Land Holder Right)) ပေးပြီး ကြေးတိုင်နှင့် မြေစာရင်း ဌာန မှတ်ပုံစာရင်း ၁(က)တွင်ဦးပိုင်မှတ် ပုံစာရင်း၏ (Register of Holding) တွင် ရေးမှတ်ထားပါတယ်။ တစ်နည်းအားဖြင့် ပိုင်ဆိုင်သူ မှတ်ပုံတင်စာရင်းဖြစ်ပါတယ်။ ပိုင်ဆိုင်ခွင့်ကို လက်မှတ်ထုတ်ပေးထား ခြင်းမရှိခဲ့ပါ။ အလိုအလျှောက် ပိုင်ဆိုင် ခွင့်ရထားပြီး မှတ်ပုံ၁(က)စာရင်းတွင် ရေးမှတ်ထားခြင်းဖြစ်ပါတယ်။ ပိုင်ဆိုင်သူ က လက်မှတ်သဘောလိုချင်လျှင် ၁(က) စာရင်းသို့မဟုတ် ပိုင်ဆိုင်သည့် မြေပုံ သို့မဟုတ် နှစ်ခုစလုံးကို လိုချင်လျှင် လျှောက်ထားသူအား တရားဝင် ပိုင်ဆိုင် မှု ၁(က)စာရင်းသို့မဟုတ် ပိုင်ဆိုင်သည့် မြေပုံကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မှ ထုတ်ပေးရပါတယ်။
မေး- ယခင် ဖဆပလ အစိုးရလက်ထက် ဆောင်ရွက်ခဲ့ပုံ အခြေအနေကို သိပါရ စေ။
ဖြေ- ယခင် ဖဆပလ ခေတ်တွင်လည်း ၁၉၅၃ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ် ရာ၌လည်း ဥပမာအနေဖြင့် လယ်ယာ မြေ ဝေခြမ်းရေးလုပ်ရာ၌ တောင်သူ လယ်သမားများက လျှောက်ထားရခြင်း မလုပ်ရဘဲ ဥပဒေ၊ နည်းဥပဒေများနှင့် အညီ မြေယာကော်မတီများက စိစစ်ပြီး ချထားပေးခဲ့ကြောင်းတွေ့ရပါတယ်။ ပိုင် ဆိုင်ခွင့်လက်မှတ်များကို တောင်သူ လယ် သမားအား ထုတ်ပေးသည်ကို တွေ့ရှိရပါ တယ်။
ယခုခေတ်ရောက်မှ ဥပဒေအပိုဒ် ပုဒ်မ (၄)(၅)(၆)အရ လုပ်နေလျှင်တောင် သူလယ်သမားများအား ဒုက္ခပေးသလို ဖြစ်နေမည့်အပြင် ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာနတွင်လည်း ၀န်ထုပ်ဝန်ပိုးများ ပိနေမည်ဖြစ်ပါတယ်။ လုပ်ပိုင်ခွင့်လက် မှတ်ရရှိပြီးမှ လွှဲပြောင်းရောင်းချခြင်းများ အတွက်သာ စဉ်းစားလျှင်ဆိုရင်တော့ ဖြစ်သင့်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ တစ်နိုင်ငံ လုံးအတိုင်းအတာအရ လယ်သမားအား လုံးလျှောက်လာမှုကို လုပ်ရမည်ဆိုလျှင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတွင် ဌာန၏ မူလလုပ်ငန်းများ ထိခိုက်လာမည် ကို စိုးရိမ်မိပါတယ်။ ၁၉၅၃ ခုနှစ်၊ လယ် ယာမြေ နိုင်ငံပိုင်လုပ်စဉ်က လယ်ယာ မြေနိုင်ငံပိုင်ပြုလုပ်ရေးနှင့်လျှော်ကြေးပေး ရေးတို့ဌာနကို သီးခြားဖွဲ့စည်းပြီး သီးခြား လုပ်ခိုင်းသည်ကို တွေ့ရပါတယ်။ ကြေး တိုင်နှင့်မြေစာရင်း ဦးစီးဌာနတွင် ဤကိစ္စ ကိုပါ ရောထွေးလုပ်နေရလျှင် ကြေးတိုင် နှင့် မြေစာရင်းဦးစီးဌာန၀န်ထမ်းများ ၀န် ထုပ်ဝန်ပိုးပိနေမည့်အပြင် လုပ်ငန်း မနိုင် မနင်းဖြစ်လာပြီး အကျင့်ပျက်မှုများ ပေါ် ပေါက်လာမည်ကို စိုးရိမ်မိပါတယ်။
မေး- ကျေးဇူးတင်ပါတယ်။ အန်ကယ်။
စိုးဝင်းနိုင်

No comments:
Post a Comment