Thursday, August 9, 2012

အင်းစိန်ကဈေးသည်တွေ ဆန္ဒဖော်ထုတ်

အင်းစိန်ကဈေးသည်တွေ ဆန္ဒဖော်ထုတ်

ရန်ကုန်မြို့ အင်းစိန်ပန်းခြံ အနီးမှာ ဈေးရောင်းချခွင့်ပေးဖို့  တောင်းဆို ဆန္ဒဖော်ထုတ်ခဲ့ကြ တဲ့ လမ်းဘေးဈေးသည်(၁၅)ဦး  ကို အာဏာပိုင်တွေက သြဂုတ်  လ(၆)ရက်က ဖမ်းဆီးလိုက်ကြောင်း  သိရပါသည်။
ဈေးရောင်းချခွင့်ပြန်လည်  တောင်းဆိုနေသော ဈေးသည်  အယောက်(၂၀)ကျော်ထဲမှ (၁၅) ယောက်အား ရဲတပ်ဖွဲ့ဝင်(၃၀)  လောက်က ကားပေါ်တင်ပြီး၊ဖမ်း ဆီးခေါ်ဆောင်သွားတာဖြစ်ကြောင်း  မျက်မြင်သက်သေတစ်ဦးကပြော  ပြသည်။

““ဒီလိုလုပ်ရင် သူက နည်း ဥပဒေတွေ ဆိုတာရှိတယ်။ကြိုတင်  အကြောင်းကြားရမယ်။ကြိုတင်  အကြောင်းမကြားရင် ကျွန်တော် တို့ ဥပဒေအတိုင်း ဆောင်ရွက် မယ်၊ဖမ်းမယ်ဆိုတဲ့ ပုံစံမျိုးနဲ့    ခေါ်တယ်။ကျွန်တော်တို့က ပြော တယ်။ကျွန်တော်တို့က ဆန္ဒပြ တာမဟုတ်ဘူး။ကျွန်တော်တို့တောင်း  စားတာ။ဈေးသည်တွေ ဈေးမ ရောင်းရလို့ တောင်းစားတာပါ။  အဲဒါကို ဘယ်လိုဖမ်းမလဲဆိုတော့  တောင်းစားရင်လည်း တောင်းစား တဲ့ ဥပဒေရှိတယ်။ခေါ်သွားတယ်””    ဈေးသည်တွေက မိမိတို့ ဈေး ရောင်းချခွင့်မရှိသောကြောင့် တောင်းစားနေရပါပြီဆိုသောစာ တမ်းများကို ကိုင်ဆောင်ကာ တောင်းရမ်း စားသောက်သောခွက်  များနှင့်အတူ ညနေ(၃)နာရီက စတင်ဆန္ဒဖော်ထုတ်ကြသည့်အ တွက် ယခုလို ဖမ်းဆီးခံခဲ့ရခြင်း  ဖြစ်သည်။အဖမ်းခံရသော ဈေး သည်များကို အင်းစိန်ရဲစခန်းတွင်  ထိန်းသိမ်းထားကြောင်း ဒေသခံ များက ပြောသော်လည်း အသေး စိတ် ဆက်လက်စုံစမ်းနေဆဲဖြစ် ပါသည်။
အင်းစိန်ပန်းခြံအနီး ဒက္ခိဏ လမ်းမှာ လွန်ခဲ့တဲ့နှစ်(၂၀)လောက် ကစ၍ ဈေးရောင်းချနေသော ဈေးသည် ရာနှင့်ချီရှိကာ သူတို့ ကို လုံးဝဈေးမရောင်းတော့ရန်  ယခုလ(၃)ရက်နေ့ကစ၍ အာဏာ  ပိုင်များက ပိတ်ပင်ကြောင်းသတင်း  ရရှိသည်။

ထွန်းတောက်

No comments:

Post a Comment