Thursday, August 9, 2012

အမျုားပြည်သူသိရှိရန် အစိုးရအဖွဲ့ ဝင်များ၏ ပိုင်ဆိုင်မှုထုတ်ပြန်ပေးရန် အဆိုကိုပယ်ချလိုက်ပြီ

 အမျုားပြည်သူသိရှိရန် အစိုးရအဖွဲ့ ဝင်များ၏ ပိုင်ဆိုင်မှုထုတ်ပြန်ပေးရန် အဆိုကိုပယ်ချလိုက်ပြီ


ပထမအကြိမ်ပြည်သူ့ လွှတ်တော်စတုတ္ထအကြိမ်ပုံမှန် အစည်းအဝေး ၂၂ ရက်မြောက်  နေ့အစည်းအဝေးမှ အစိုးရအဖွဲ့  ၀င်များ၏ ပိုင်ဆိုင်မှုများကို အများပြည်သူသိရှိရန် ထုတ်ပြန်  အသိပေးရန် အဆိုကိုပယ်ချလိုက်  ပါသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ ပုသိမ်ပြည်သူ့လွှတ်တော်  ကိုယ်စားလှယ်ဦးဝင်းမြင့်တင်သွင်း   သည့် အဆိုကို ထောက်ခံမဲ ၆၈ မဲ၊ ကန့်ကွက်မဲ ၂၇၁ မဲ၊ ကြားနေ ၁၅ မဲနှင့် လွှတ်တော်မှာ ဆက်မ ဆွေးနွေးရန်ဆုံးဖြတ်လိုက်ကြသည်။ ဦးဝင်းမြင့်တင်သွင်းသည့် ကောင်း မွန်တဲ့အုပ်ချုပ်ရေး၊ သန့်ရှင်သည့် အစိုးရဖြစ်စေရန် ပြည်ထောင်စု   အစိုးရအဖွဲ့နှင့် တိုင်းနဲ့ပြည်နယ်  အစိုးရအဖွဲ့ဝင်တွေ၏ ရွှေ့ပြောင်း   နိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင် သောပစ္စည်းနှင့် အကျိုးစီးပွားတွေ ကို ပြည်သူတွေသိရန် ထုတ်ဖော်  ကြေညာရန် အဆိုကိုနှင့် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး က ပါဝင်ဆွေးနွေးကြပါသည်။

အဲဒီနောက်ပြည်ထောင်စုရှေ့ နေချုပ်က ဦးဝင်းမြင့်ရဲ့အဆိုသည်  အခြေခံဥပဒေနှင့် ကွဲလွဲနေသည့် အတွက် အဆိုကောင်းဖြစ်ပေမည့် မှတ်တမ်းတင်ထားရန်ပဲ အကြံပြု   ခဲ့တယ်ဟု အဆိုရှင်ဦးဝင်းမြင့်က ပြောပါသည်။
ဦးဝင်းမြင့်ကလည်း မှတ်တမ်း တင်ရန် လက်မခံဘဲ ဆက်ဆွေးနွေး   ရန် ပြန်လည်တင်ပြသည်တွင်  လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်ပြီး ရှုံးနိမ့်ခဲ့တာဖြစ်ပါသည်။ အဆိုရှုံး နိမ့်တာနှင့် ပတ်သက်ပြီး ပုသိမ်မြို့  နယ်ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးဝင်းမြင့်က ယခုလိုသုံးသပ်  ပြောကြားပါသည်။ “ဖွဲ့စည်းပုံ ၆၈ မှာက သမ္မတနဲ့ ဒုသမ္မတရဲ့ ပိုင်ဆိုင်တဲ့ စာရင်းတွေ ပစ္စည်းတွေ က ပြည်ထောင်စုလွှတ်တော်နာယ    ကမှာပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁ မှာကျတော့ အစိုးရအဖွဲ့တွေက သမ္မတဆီတင်  ရမှာ ကျွန်တော်ပြောတာက ဒါမ ဟုတ်ဘူး။ ကျွန်တော်က ပြည်ထောင်    စုအစိုးရအဖွဲ့ရော၊ တိုင်းဒေသကြီး  အစိုးရအဖွဲ့ရော၊ ပြည်နယ်အစိုးရ   အဖွဲ့ရောအစိုးရအဖွဲ့မှာ ပါတဲ့လူ တွေ အကုန်လုံးရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်း၊ သူတို့အကျိုးစီးပွားအကုန် လုံးကို ထုတ်ဖော်ကြေညာပြီးတော့ ပြည်သူကို ပွင့်လင်းမြင်သာမှုရှိဖို့နဲ့  တာဝန်ခံမှုရှိဖို့ပေါ့။ ပြည်သူကို ထုတ်ဖော်ကြေညာခိုင်းတာ ဒါဟာ  ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်တာမဟုတ် ဘူး။ ဖွဲ့စည်းပုံမှာပါပြီးသားလည်း  မဟုတ်ဘူး။ လွဲတယ်။ ဒါပေမဲ့ မဲခွဲဆုံးဖြတ်တဲ့အခါကျတော့ ရှုံး   တာပေါ့”ဟုဆိုပါသည်။
မကြာသေးမီက ပြည်ထောင် စုအစိုးရအဖွဲ့နှင့် ပြည်နယ်တိုင်း အစိုးရအဖွဲ့ဝင်တွေ၍ ပိုင်ဆိုင်မှု များကို သမ္မတထံတင်ပြရန် သမ္မတ  ရုံးညွှန်ကြားချက်ထွက်ခဲ့ပါသည်။

ဥယျာဉ်မှူး

No comments:

Post a Comment