Saturday, August 11, 2012

အမေ (ဆောင်းပါး)

အမေ (ဆောင်းပါး)

အမေဆိုတဲ့အသံကိုကြားလိုက်ရုံဖြင့်လူတိုင်းရင်မှာ
အမေနဲ့ပါတ်သက်ပြီးတော့ခံစားချက်ကလေးတော့ရှိကြမှာပါ
ဒီကမ္ဘာလောကကြီးထဲမှာ ကျေးဇူးတရားတွေ
မေတ္တာတရားတွေကြီးမားတဲ့ပုဂ္ဂိုလ်ကိုပြပါဆိုလျှင် အမေမှတစ်ပါး
အခြားမရှိပါဘူး။အမေ့ရဲ့မေတ္တာတရားတွေဟာတန်ဘိုးဖြတ်လို့မရအောင်ကြီးမားခဲ့တာပါ
သားသမီးတွေအပေါ်ကိုမေတ္တာတရားတွေအပြည့်အ၀ထားပြီးချစ်ပြခဲ့တာကအမေပါ
ပဋိသန္ဓေတည်ကတည်း
ကနေပြီးတော့မေတ္တာဓာတ်တွေအပြည့်အ၀နဲ့လူ့လောကထဲကို
သားတွေသမီးတွေအပြစ်ကင်းစွာနဲ့ရောက်လာ
အောင်ကြီးမားတဲ့မေတ္တာနဲ့စောင့်ရှောက်ပေးခဲ့တာကအမေပါ----အမေ့ရဲ့မေတ္တာပန်းကလေးကတော့ဘယ်ပန်းနဲ့
မှမတူအောင်လှခဲ့တာပါ လောကမှာဖူးပွင့်ဝေဆာလှပနေကြတဲ့ပန်းကလေးတွေတောင်မှ
အမေ့ရဲ့ မေတ္တာ ပန်းကလေးကိုလိုက်လို့မမီပါဘူး
ကမ္ဘာမှာတန်ဘိုးအကြီးမားဆုံးပန်းကလေးကတော့ အမေ့ရဲ့မေတ္တာပန်းကလေး
ပါပဲ။ ပန်းကလေးတွေကိုမြတ်နိုးတတ်သလို
အလှအပဆုံးဖြစ်တဲ့အမေ့ရဲ့မေတ္တာပန်းကလေးကိုလည်းမေ့မထား
သင့်ပါဘူး။ပန်ထားသင့်ကြပါတယ် အမေ့ရဲ့မေတ္တာပန်းကလေးက လှလည်းလှ
မွှေးလည်းမွှေးလို့မို့တစ်ခြား
တစ်ခြားသောပန်းကလေးတွေထက်သာလွန်မြငိ့မြတ်တဲ့ တကယ့်တော်ဝင်ပန်းကလေးမို့
အမေ့ကိုဂုဏ်ပြု
သောအားဖြင့်ကျေးဇူးတရားတွေကိုသိသောအားဖြင့်
မေတ္တာတရားတွေကိုနားလည်သောအားဖြင့်အမေ့ရဲ့
မေတ္တာပန်းကလေးကိုပန်ထားသင့်ပါတယ်။။။။။
တစ်ချို့သောသားသမီးတွေက
အမေနဲ့အနီးကပ်နေရလေတော့ အမေ့ရဲ့ကြီးမား
လှတဲ့တန်မေတ္တာတန်ဘိုးကိုမသိကြဘူးလေ။။ကျွန်ုပ်ကတော့အမေနဲ့ဝေးနေခဲ့ရတော့တကယ့်မေတ္တာရှင်ဖြစ်တဲ့အမေ့ကို
အချိန်ရှိသမျှ သတိရ တမ်းတနေခဲ့ရသူပါ- အမေနဲ့ဝေးနေရတဲ့ကျွန်ုပ်က
အမေ့ကိုသတိရလို့ ငို
ခဲ့ရတဲ့မျက်ရည် ပူဆွေးရတဲ့သောကတွေဖြင့်မနည်းတော့ပါဘူးလေ။အမေကလောကမှာ ငါ့သားကအလှဆုံး
အချောဆုံးလို့ပြောခဲ့တဲ့စကားသံလေးကိုကြားယောင်မိတိုင်း
လွမ်းမျက်ရည်ဘယ်ညာဝိုင်းလို့ အတိုင်းမသိ
ဝမ်းနည်းမိပါတယ်အမေ---ရယ်။


အခြေအနေမပေးလို့အမေနဲ့ဝေးခဲ့ရတယ်ဆိုပေမယ့် ခွဲခွါချင်လို့ ခွဲခွါခဲ့ရတာမှ
မဟုတ်ပဲအမေရယ်----မလွှဲသာလို့ခွဲခွါခဲ့ရတယ်ဆိုပေမယ့်
အမေ့ရဲ့ကြီးမားတဲ့ကျေးဇူးတရားတွေ တုနှိုင်းမရ
တဲ့မေတ္တာတရားတွေကို မသိလို့ကျောခိုင်းခဲ့တာမှမဟုတ်ပဲ အမေ--ရယ်။
ဒီကမ္ဘာလောကကြီးထဲမှာ သိပ်လှပါ
တယ်သိပ်ချောပါတယ် ပြောတဲ့ အမျိုးသမီးတွေရဲ့အလှကတော့
အမေ့ရဲ့မေတ္တာအလှကလေးကို မမီပါဘူး
အမေ-------။အမေသာ ဒီကမ္ဘာလောကကြီးထဲမှာ အလှဆုံး အချောဆုံးပါ
အမျိုးသမီးတွေထဲမှာတော့ အမေ
ဟာ မေတ္တာအလှဘုရင်မတစ်ပါးပါအမေ--------။
အမေရယ်-----
ဒီဘ၀မှာ သားနဲ့အမေဟာ မမျှော်လင့်ပဲ
ကံဧည့်သည်အဖြစ်နဲ့ ကြုံခဲ့ဆုံခဲ့ကြတယ်ဆိုရင်
ဖြစ်လေရာဘ၀တိုင်းမှာ
အမေရယ်-------
အေးမြတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့ နောက်ထပ်တစ်ဖန်
လာလည်ခွင့်ပြုပါလား အမေ--------။
အမေ----
မြင့်မိုရ်တောင်ကြီးကဘယ်လောက်ပဲ မြင့်တယ်ပြောပြော
အမေရဲ့ကြီးမားတဲ့မေတ္တာတရားတွေနဲ့
နှိုင်းယှဉ်လိုက်တော့ မြင့်မိုရ်တောင်ကြီးက လိုက်လို့မမီ
အလိုလိုနိမ့်ကျသွားတယ်အမေ။ စကြ်ာဝဠာတစ်ခုလုံးမှာရှိတဲ့
ကြယ်ကလေးတွေကလည်းဘယ်လိုပင်များများ အမေ့ရဲ့မေတ္တာတရားတွေနဲ့
နှိုင်းယှဉ်လိုက်တော့ဘာဆိုဘာမျှမပြောပလောက်အောင်ကို
အလိုလိုနည်းသွားခဲ့ရပြီလေ၊ကမ္ဘာမြေပြင်တစ်ခု
လုံးမှာရှိတဲ့သစ်ပင်တွေကလည်းများလိုက်ပါဘိ
-ဒါပေမယ့်အမေ့ရဲ့မေတ္တာတရားတွေနဲ့နှိုင်းယှဉ်လိုက်တော့
အဲဒီသစ်ပင်လေးတွေကလိုက်လို့မမီပြန်ဘူး အမေ။
မြစ်၊ချောင်း၊အင်း၊အိုင်၊ပင်လယ်၊သမုဒ္ဒရာထဲမှာရှိတဲ့ရေတွေကလည်းခပ်လို့ဖြင့်မကုန်နိုင်
များပြားလှတဲ့ရေတွေနဲ့ပြည့်နေပေမယ့်
အမေ့ရဲ့ကြီးမားလှတဲ့ကျေးဇူးတရားတွေနဲ့နှိုင်းဆလိုက်ပြန်တော့လ
ည်း အဲဒီရေတွေက ကောင်းကင်ကနေကျလာတဲ့မိုးစက်မိုးပေါက်ကလေးလောက်သာရှိတော့တယ်အမေ----
**ပြိုင်လာတိုင်းအနိုင်ရ နှိုင်းဆလို့ဖြင့်ဘယ်မမြင် ကျေးဇူးဂုဏ်အင်တွေ
ကြီးမားတဲ့ မေတ္တာဓာတ်တွေ ပြည့်ဝနေတဲ့ အမေ့ရဲ့ရင်ခွင်ထဲမှာ
ကံဧည့်သည်အဖြစ်နဲ့ နောက်တစ်ခါလာလည်ဦးမယ်ဆိုလည်း ကြည်ဖြူစွာ
နဲ့လက်ခံပေးမှာက အမေပါ--------

အမေ့သား(မော်လမြိုင်)

No comments:

Post a Comment