Wednesday, August 8, 2012

ကားကိစ္စ၊ဆိုင်ကယ်ကိစ္စ လွှတ်တော်တွင်မေးပြီ

ကားကိစ္စ၊ဆိုင်ကယ်ကိစ္စ လွှတ်တော်တွင်မေးပြီ


ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၆) ဦးခင်မောင်ရီမှ စီမံကိန်း ဆိုတာ အကျိုးရှိရှိနဲ့ခိုင်မာနေရင် ယနေ့ အထိ ရှိနေမှာပဲ ရှိလည်းရှိကြပါတယ်။အဲ့ဒီမှာပြောချင်တာက စီမံကိန်း ဆိုတာ နဲ့ပတ်သက်ပြီး ပထမဦးဆုံး ကားပါမစ် တင်သွင်းခွင့်၊ ဒုတိယအချက်က မော်တော်ဆိုင်ကယ်   ကိစ္စပါပဲ။ စတုတ္ထ အကြိမ်လို့ ကျွန်တော်ထင်တာပဲ။ မှားရင် တော့  ခွင့်လွှတ်ပါ။ မော်တော်ဆိုင်ကယ် တွေကို အကြိမ်ကြိမ်တရားမ၀င် လိုင်စင် ပေးခဲ့တာရှိပါတယ်။ ကောင်းပါတယ်။နိုင်ငံတော်အတွက်လည်း အခွန်ကောက် လို့ ရပါတယ်။  တစ်နှစ်တစ်နှစ်လောက်မှာ ထထပြီး (၁)သိန်းခွဲ(၂)သိန်းလောက် ၀င်ပြီးတော့မှ အဆင်မပြေတဲ့သဘော တွေရှိနေပါတယ်။ (၄)လတစ်ကြိမ် စီမံကိန်းတွေ၊ (၃)လ စီမံကိန်းတွေ  စသည်ဖြင့်ဒီလိုလုပ်ပြီးပေးနေရတာက သိပ်တော့ပုံစံမကျဘူးလို့ ဆိုချင်ပါတယ်။အဲ့ဒီမှာ ဘာသွားတွေ့လဲဆိုတော့ မော် တော်ယာဉ်တုန်းကလည်း ပြည်ပက သွင်းခဲ့တယ်။ စက်မှုဇုန်ထုတ်တွေကျသွား ခဲ့တယ်။နိုင်ငံတော်ရဲ့ စက်မှုမူဝါဒကို အယုံကြည်ပြီးတော့ လာရောက်ရင်းနှီးတဲ့ ကုမ္ပဏီတွေ ဥပမာအားဖြင့် ဆူဇူကီး တို့လို ပြည်ပက လာရောက်ရင်းနှီး လုပ်ကိုင်ကြသလို  ပြည်တွင်းလုပ်ငန်းရှင် တွေကလည်း အခုလိုတရားမ၀င်မှောင်ခို ထုတ်လုပ်တာတွေလည်းရှိနေပြီ။ ဒါတွေ ဟာ ပေါပေါပဲဝင်လာပြီးတော့မှ နောက် ဆုံးကျတော့  အခွန်ဆောင်ပြီး လိုင်စင် ပေးလိုက်ရတာပဲ။ အဲဒါ တရားဝင်လုပ် တာ မရှိဘူး။ပြည်တွင်းကလုပ်ငန်းတွေ လည်းထိခိုက်ပါတယ်။ အကျင့်ပျက်တဲ့ ဟာတွေပဲ ပေါ်လာပါတယ်။ ကျွန်တော် အဓိကပြောချင်တာက  အမည်ပြောင်း တဲ့ကိစ္စပါပဲ။ ကျွန်တော်တို့လက်ထဲမှာ တရား ၀င်ဝယ်ထားတဲ့ ဘိုင်ဗာလို ဟာမျိုး  ဆူဇူကီးတို့လိုဟာမျိုးဝယ်ထားတဲ့ ဆိုင်ကယ်တွေကို နာမည်ပြောင်းပြီး သက်တမ်းတိုးမယ်ဆိုရင်  (၇) သောင်း လောက်ကျမယ်။တရားမ၀င်ဖြစ်တဲ့ တရုတ်ဆိုင်ကယ်လုပ်၊  ၀ယ်ပြီး ကြိုက်တဲ့ အချိန်နာမည် ပေါက်အခွန်ပါမှ လေးသောင်းနဲ့ ရှစ်ထောင်ပဲကျပါတယ်။ဒါဟာလဲ ခြားနားချက်တွေပဲဖြစ်တယ်။
  ကျွန်တော်တင်ပြချင်တဲ့အချက်က မော်တော်ယာဉ်သွင်းတဲ့ကိစ္စ  ဆိုင်ကယ် ၀င်လာတာကိုလိုင်စင်ပေးတဲ့ကိစ္စတွေပဲ ဖြစ်တယ်။ ရေရှည်ခိုင်မာတဲ့ ထာဝရ ခိုင်မြဲမယ့် နိုင်ငံတော်အတွက် အကျိုး ရှိမယ့်  စီမံကိန်းဖြစ်ရင်ပိုကောင်းမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ဒါမှ မဟုတ် ရင်တော့ ၀င်ပြီးရင်ထွက်မယ်။ဒါ့ကြောင့် နိုင်ငံတော်ရဲ့ လုပ်ဆောင်ထားပြီးဖြစ် တဲ့တည်ထောင်ထားတဲ့ လုပ်ငန်းတွေ၊ ထုတ်လုပ်မှုလုပ်ငန်းတွေ၊မထိခိုက်အောင်   ပြည်သူတွေတကယ်အကျိုးရှိအောင် အခွန်မနစ်နာအောင် အားလုံး အတွက် အကျိုးရှိမှာဖြစ်တဲ့အတွက်ကြောင့် ကျွန်တော့်အနေနှင့် မော်တော် ယာဉ် တင်သွင်းခွင့်နှင့် တရားမ၀င် ဆိုင်ကယ် တင်သွင်းခြင်း တရားဝင်လိုင်စင် တင်သွင်းခြင်းကိစ္စ ရေရှည်အကျိုးတက် ရောက်မှုရှိတဲ့ မူဝါဒမျိုးချမှတ်၍ ဤနည်း ဥပဒေမူဝါဒမျိုး ရှိမရှိဆိုတာ မေးမြန်း လိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်    အမှတ်(၉၆) ဦးခင်မောင်ရီ၏ “မော်တော် ယာဉ်တင်သွင်းခွင့်ပြုခြင်းနှင့် တရားမ၀င်   မော်တော်ဆိုင်ကယ်တင်သွင်းခြင်းကို တရားဝင်လိုင်စင် ထုတ်ပေးခြင်းကိစ္စမျိုး ၌ ရေရှည်အကျိုးသက်ရောက်မည့် မူဝါဒ  မျိုးကို ချမှတ်၍ ဥပဒေ/နည်းဥပဒေ/အမိန့်  ညွှန်ကြားချက်များ ထုတ်ပြန်သွားရန် အစီစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍-
အခြားနိုင်ငံများတွင် ယာဉ်အိုယာဉ် ဟောင်းများအား သတ်မှတ်မှတ်ပုံတင် သက်တမ်းကုန်ဆုံးပါက ပယ်ဖျက်လေ့ရှိ ပါကြောင်း သို့သော် မြန်မာနိုင်ငံတွင် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံ၍ အစားထိုးယာဉ်တင်သွင်းမှုများ ဆောင်ရွက်  ပေးလျက်ရှိခြင်းမှာ ပြည်သူများနစ်နာမှု  မရှိအောင် အဆင့်ဆင့်အကောင်အထည်  ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နောင်တွင် ပါမစ်မလိုဘဲ Show Room များ၌ ကားသစ်များ ၀ယ်ယူနိုင်ရန်အထိ    ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း။
မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ  ကြီးကြပ်ရေးကော်မတီကို သက်ဆိုင်ရာ ၀န်ကြိးဌာနများ ပါဝင်စေလျက် ပြည်ထောင် စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၁ ခုနှစ် အောက်တို ဘာ ၂၈ ရက် နေ့စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၄၅/၂၀၁၁ ဖြင့် ဖွဲ့စည်းပေးခဲ့ ပြီးဖြစ်ပါကြောင်း၊ ယာဉ်အိုယာဉ်ဟောင်း  အပ်နှံ၍ အစားထိုးယာဉ် တင်သွင်းခြင်း၊ ကုမ္ပဏီများ၊ နိုင်ငံခြားတွင် အလုပ်လုပ် သူများ၊ သင်္ဘောသားများ၊ နိုင်ငံခြားငွေAccountရှိသူများ၊ အဖွဲ့အစည်းများ၏ ကားတင်သွင်းမှုများကို တစ်ဆင့်ပြီးတစ်ဆင့်   စနစ်တကျ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိ   ပါကြောင်း ယာဉ်ဟောင်းအပ်နှံ၍ အစား ထိုးယာဉ်တင်သွင်းရာတွင် နိုင်ငံခြားမှ   ကိုယ်တိုင်မှာယူတင်သွင်းရန် အခက်အခဲ  ရှိသူများအတွက် ပြည်တွင်း၌ လွယ်ကူ အဆင်ပြေစွာ ၀ယ်ယူနိုင်ရန် မော်တော် ယာဉ်Sale Center များကို ဖွင့်လှစ်ခွင့်ပြု ပြီး မော်တော်ယာဉ်များကို Consignment စနစ်ဖြင့် တင်သွင်းရောင်းချစေလျက်  ရှိပါကြောင်း။
အများပြည်သူ သွားလာမှုအဆင်ပြေ  စေရန်Taxi များ၊ ခရီးသည်သယ်ယူပို့ ဆောင်ရေးCity Bus များကို အလွယ် တကူဝယ်ယူတင်သွင်းနိုင်အောင် ဆောင် ရွက်ပေးထားသကဲ့သို့ ကုန်စည်သယ်ယူ   ပို့ဆောင်မှုအတွက်လိုအပ်သောTruck ကားများကိုလည်း လွတ်လပ်စွာ တင်သွင်း  ခွင့်ပြုနေပြီဖြစ်ပါကြောင်း၊ ယင်းသို့တင်   သွင်းမှတ်ပုံတင်ရာတွင် အခွန်အခများ    လျော့နည်းသက်သာစေရန်အတွက်လည်း   သက်ဆိုင်ရာဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး  ဌာန၊ ရထားပို့ဆောင်ရေးဝန်ကြီးဌာနတို့ နှင့် ညှိနှိုင်းတင်ပြဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ အထက်ဖော်ပြပါ မော်တော် ယာဉ်နှင့် ပတ်သက်သော မူဝါဒမှာ ရေရှည်  တည်တံ့သည့် မူဝါဒသစ်ဖြစ်ပြီး အမိန့်နှင့်   ညွှန်ကြားချက်များအဖြစ်သာ ထုတ်ပြန်     နေခြင်းမဟုတ်ဘဲ ပြည်သူလူထုအများစု  လိုလားသည့် တောင်းဆိုချက်များနှင့် အညီ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်း ကမ်းများ ချမှတ်ဆောင်ရွက်ပေးခြင်းဖြစ် ပါကြောင်း၊ လူနည်းစုအကျိုး ထိခိုက်နိုင် မှုရှိသော်လည်း အများစုမှာ အကျိုးကျေးဇူး  ခံစားကြရသကဲ့သို့ နိုင်ငံ၏Image လည်း တိုးတက်စေခဲ့ပါကြောင်း၊ နိုင်ငံတကာနှင့်Inline  ဖြစ်ရန်အတွက် ယာဉ်ဟောင်းများ ကိုသာ အန္တရာယ်မကင်းစွာအသုံးပြုနေရ မည့်အစား အသင့်အတင့်ကောင်းမွန်သော  ယာဉ်များ အသစ်ထုတ်လုပ်သောယာဉ် များရောက်ရှိတွေ့မြင်အသုံးပြုနေကြပြီ ဖြစ်ပါကြောင်း ဆက်လက်၍ ပြည်ပမှ  တရားမ၀င်တင်သွင်းလာသော မော်တော်  ဆိုင်ကယ်များအား လိုင်စင်ထုတ်ပေးမည့် ကိစ္စသည် နိုင်ငံတော်နှင့်ပြည်သူအကျိုးကို  ရှေးရှုသည်မှန်သော်လည်း ပြည်တွင်း၌ တရားဝင်အခွန်ဆောင်ပြီး မော်တော်ဆိုင် ကယ်ထုတ်လုပ်သူများအား ထိခိုက်စေ  ကြောင်း မေးမြန်းချက်နှင့် ပတ်သက်၍ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များကို ယာဉ်မှတ်ပုံတင်ပြုလုပ်ပေးခြင်းအား ၁၉၉၉ ခုနှစ်မှ ၂၀၁၀ ခုနှစ်အတွင်း (၇) ကြိမ် ပြုလုပ်ပေးခဲ့သည့်အပြင် လိုင်စင် မဲ့ဆိုင်ကယ်များ ဆက်လက်ရှိနေသဖြင့် (၈) ကြိမ်မြောက်အဖြစ် ၂၀၁၂ ခုနှစ် ဇွန် ၅ ရက်မှ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်အထိ (၄) လတာ ကာလသတ်မှတ်  ကာယာဉ်မှတ်ပုံတင် ဆောင်ရွက်ပေးလျက်  ရှိပြီး ယင်းကာလကျော်လွန်ပါက လိုင်စင် မဲ့မော်တော်ဆိုင်ကယ်များအပေါ် ထိရောက်  သောအရေးယူမှုများ ပြုလုပ်သွားရန်ရှိပါ ကြောင်း၊ တရားမ၀င် တင်သွင်းထားသည့် မော်တော်ဆိုင်ကယ်များ ၀ယ်ယူစီးနင်း နေသူများကို တရားဝင်မှတ်ပုံတင်ပြုလုပ်   ပေးခြင်းဖြင့် စည်းကမ်းဥပဒေနှင့် အညီ ဖြစ်လာစေရေးနှင့် တရားမ၀င်တင်သွင်းမှု များအား အကာအကွယ်ပြုလုပ်ပေးနိုင် ရန် ရည်ရွယ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊   ထိုသို့ဆောင်ရွက်ရာတွင် ဆိုင်ကယ်၏သတ်  မှတ်တန်ဖိုးအပေါ်အကောက်ခွန် (၅) ရာခိုင်နှုန်းနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်းကောက်ခံခဲ့ပါကြောင်း၊ ပြည်တွင်း  ရှိ စက်မှုဇုန်များ၌ မော်တော်ဆိုင်ကယ်  ထုတ်လုပ်သူများအနေဖြင့် ကုန်သွယ်လုပ်ငန်းခွင်   (၃)ရာခိုင်နှုန်းသာ ကျသင့်စေရန် အမိန့် ကြော်ငြာစာ ထုတ်ပြန်၍ လျော့ပေါ့သက်  သာခွင့်ပြုထားသည့်အပြင် ကုန်ကြမ်း တင်သွင်းစဉ်ပေးခဲ့သည့် လုပ်ငန်းခွန်အား  ကုန်ချောရောင်းချရာတွင် ခုနှိမ်ခွင့်ကို ခွင့်  ပြုပေးခဲ့သည့်အတွက် ပြည်တွင်းမော်တော်  ဆိုင်ကယ်ထုတ်လုပ်သူများမှာ ဈေးကွက် တွင် ထိခိုက်နစ်နာမှုမရှိစေနိုင်ကြောင်း။
မော်တော်ယာဉ်နှင့်မော်တော်ဆိုင် ကယ်များ တင်သွင်းထုတ်လုပ်ခြင်း၊လိုင်စင်  ထုတ်ပေးခြင်းကိစ္စများကို မိမိနိုင်ငံအတွင်း ထုတ်လုပ်မှု၊ရင်းနှီးမြှုပ်နှံမှု၊သုံးစွဲမှု၊အခြေခံ  အဆောက်အအုံများလိုအပ်မှု၊လမ်းပန်း ဆက်သွယ်မှု၊ပြည်တွင်းနှင့်နိုင်ငံတကာ  ဈေးကွက် စသည့်အခြေအနေများကို   အခြေခံသုံးသပ်၍ ရေရှည်အကျိုးသက် ရောက်မည့်မူဝါဒချမှတ်ပြီး ဥပဒေ၊နည်း  ဥပဒေ၊အမိန့်ညွှန်ကြားချက်များ ဆက်လက်   ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး   ၀န်ကြီးဌာန ဒုတိယ၀န်ကြီးဒေါက်တာ ပွင့်ဆန်းမေးမြန်းချက်များကို ပြန်လည် ဖြေကြားခဲ့ပါသည်။

စိုးဝင်းနိုင်

No comments:

Post a Comment