Thursday, August 9, 2012

“ဘန်ကောက်မှာ ရှစ်လေးလုံး ၂၄နှစ်မြောက် မြန်မာသံရုံးရှေ့ မှာ ကျင်းပ”

“ဘန်ကောက်မှာရှစ်လေးလုံး ၂၄နှစ်မြောက် မြန်မာသံရုံးရှေ့ မှာ ကျင်းပ”

သြဂုတ် ၈
မြတ်ညို(အလွတ်သတင်းထောက်)

၂၄ နှစ်မြောက် ရှစ်လေးလုံး နေ့ အထိမ်း အမှတ် နေ့ ကို  ပြည်ပရောက် ကျောင်းသားများအဖွဲ့  ONSOBက ကျင်းပခဲ့သည်။
                 ONSOB အဖွဲ့ ၏ ပြန်ကြားရေး တာဝန်ခံ ကိုမင်းထက် က“ အာဏာရှင် ဦးနေ၀င်း ကတိုင်ြး ပည်ရဲ့ပြဿနာကို သေနတ်နဲ့ ရှင်းခဲ့တယ်။   ဒီအကျိုးဆက်ကကမ္ဘာ့အဆင်းရဲတိုင်းပြည်ဖြစ်သွားခဲ့ရတယ်” ဟုပြောသည်။
ရှစ်လေးလုံး ပိုစတာများ၊ခွပ်ဒေါင်းအလံများ ကိုင်ဆောင်ပြီး ခွပ်ဒေါင်းပုံပါ နဖူးစည်းအနီများစည်းလျှက်
“ရှစ်လေးလုံးနေ့ ဒို့မမေ့. . . . .ရှစ်လေးလုံးနေ့ ဒို့မမေ့ . . . . ရှစ်လေးလုံးနေ့  ဒို့မမေ့ . . . ဟူသည့်
ကြွေးကြော်သံများဖြင့် အော်ဟစ်လျှက် မြန်မာသံရုံးရှေ့တွင် ဆန္ဒပြခဲ့ကြသည်။
 
http://goldenworkers.blogspot.com

No comments:

Post a Comment