ပြီးခဲ့သည် ဇွန်လ ၃၀ ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၏
ရေကြီးရေလျှံရပ်ကွက် (၇)ခုရှိသည့်အနက် ကျောက်ကြီးရပ်ကွက်အတွင်း
လူငယ်တစ်စု
အပျော်တမ်းလှေစီးရာမှ လူငယ်တစ်ဦး ဓ
ါတ်လိုက်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ကိုစည်သူအောင်(ခ)ဖိုးလမင်း(ဘ)ဦးအောင်မိုးသူ အသက်(၂၄)နှစ်သည်
သူငယ်ချင်းဖြစ်သူ(၄)ဦးဖြင့် ရပ်ကွက်အတွင်း လှေလိုက်စီရာမှ ကျောက်
ကြီးစုရပ်ကွက် ကံသာယာ(၂)လမ်းထိပ်အရောက်တွင် လှေပေါ်မှထိုင်၍
ဦးခေါင်းထပ်တွင်ရှိသော အိမ်သွယ်လျှပ်စစ်ဆားဗစ်ကြိုးအား လှမ်းကိုင်မိရာမှ
ဓါတ်လိုက်
သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများကပြောဆိုပါသည်။
“ ဒီလိုရေကြီးရေလျှံရပ်ကွက်တွေကို လျှပ်စစ်မိးမပေးသင့်ဘူး။ မတော်တဆ
ဓါတ်ကြိုးရေထဲပြုတ်ကျနေလျှင် အနီးပတ်ဝန်းကျင်က လူတွေသေဆုံးနိုင်တယ်။
မြို့နယ်လျှပ်စစ်ရုံးကို သွားမေးတော့ တာဘောင်ပေါ်တွင် ထားရသော
ရပ်ကွက်အတွင်းရှိ စက်ဘီးဆိုင်ကယ်တွေမပျောက်မရှအောင် လုံခြုံရေးအရ
လျှပ်စစ်မီး
ပေးတာပါလို့ပြောတယ်။ အဲဒါဆိုလည်း တာလမ်းပဲမိးပေးပေါ့။ ရပ်ကွက်အတွင်းက
အိမ်တွေကိုသွယ်တန်းထားတဲ့ ဆားဗစ်ကြိုးတွေကိုတော့ ဖြုတ်ထားဖို့တော့ကောင်း
ပါတယ်”ဟု ဖခင်ဖြစ်သူ ဦးအောင်မိုးသူမှ ပြောကြားပါသည်။
သေဆုံးသူ မောင်စည်သူအောင်(ခ)ဖိုးလမင်း အသက်(၂၄)နှစ်သည် ပဲခူးမြို့၊
ကျောက်ကြီးစုရပ်ကွက်၊ အရှေ့ခေမာလမ်းနေ
ဦးအောင်မိုးသူ(ခ)တရုတ်ကြီးနှင့်ဒေါ်ရွှေတို့
၏ သားဖြစ်ကြောင်းစုံစမ်းသိရှိရသည်။
အဖေ့သား(ပဲခူး)

No comments:
Post a Comment