Friday, August 10, 2012

နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂတွေ့ဆုံပုံ ပြောင်းလဲ

နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂတွေ့ဆုံပုံ ပြောင်းလဲ 

ရန်ကုန် သြဂုတ် ၁၀

ဦးသိန်းစိန် အစိုးရ လက်ထက်တွင် တပ်မတော် အစိုးရ လက်ထက် နှစ် ၂၀ နှင့်မတူ ပြောင်းလဲမှုမှာ နိင်ငံရေး ပါတီများနှင့် ကုလ သမဂ္ဂ တွေ့ဆုံ ရာတွင် လွတ်လွတ်လပ်လပ် ရှိပြီး ပြောင်းလဲ လာကြောင်း ဇိုးမီး အမျိုးသား ဒီမိုကရေစီ ကွန်ယက်မှ ဦးပူဂင်လျန်(ခ) ပူကမ်းလျန်က ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားသည်။

ကုလသမဂ္ဂ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ V.J Nambia ၏ နိင်ငံရေး အကြံပေး Mrs. Mariannr Hagen နှင့် မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း မြန်မာ အီးဂရက် သင်တန်းကျောင်းတွင် တွေ့ဆုံရာတွင် အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

မြန်မာနိင်ငံ အကြောင်းကို ထဲထဲဝင်ဝင် လေ့လာ သိရှိလိုကြောင်း တက်ရောက်လာသည့် နိင်ငံရေး ပါတီများ ထံမှ မြန်မာနိင်ငံတွင် ပါဝင် သင့်သည့် ကုလသမဂ္ဂ၏ အခန်းကဏ္ဍ နှင့် ပတ်သက်လို့လည်း သိရှိလိုသည်ဟု ကုလသမဂ္ဂ ကိုယ်စားလှယ်က ဆိုသည်။


ကုလသမဂ္ဂ အနေဖြင့် မြန်မာနိင်ငံရေးတွင် ထဲထဲဝင်ဝင် ပါဝင် စေလိုကြောင်း မြန်မာနိင်ငံသို့ ကုလသမဂ္ဂ ကိုယ်စားလှယ်များ အကြိမ်ကြိမ် လာရောက်ခဲ့ကြောင်း ရာဇာလိအစ္စမေး ဆိုလျှင် ၁၂ ကြိမ်ခန့် လာရောက်ခဲ့ကြောင်း၊ နိင်ငံရေး ပါတီများ အနေဖြင့် လွန်ခဲ့သည့် နှစ်၂၀ ခန့်က ခိုးကြောင်ခိုးဝှက် တွေ့ရပြီး စစ်ထောက်လှမ်းရေး၏ စောင့်ကြည့် မေးမြန်းမှုလည်း ခံခဲ့ရကြောင်း ဦးပူဂင်လျန်က ဆိုသည်။

အရင်က ကုလသမဂ္ဂက မြန်မာနိင်ငံ အကြောင်း မသိဘူး ဆိုတာ လွတ်လွတ်လပ်လပ် လုပ်လို့မရလို့ပါ" ဟု ၄င်းက ဆိုသည်။
ရခိုင် တိုင်းရင်းသား ပါတီမှ ကုလသမဂ္ဂ နှင့် တိုင်းရင်းသား ပါတီများ တွေ့ဆုံရာတွင် လွတ်လပ်မှု မရှိခဲ့ကြောင်း ကုလသမဂ္ဂ နှင့် တွေ့လို့ ဖမ်းဆီး ခံရသူများလည်း ရှိခဲ့သည်ဟု ဆိုသည်။

ကုသမဂ္ဂ ကိုယ်စားလှယ် နိင်ငံရေး ပါတီ ၂၄ ပါတီက ပါတီ ခေါင်းဆောင်များ လာရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု ပွဲစီစဉ်သူများ ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment