Tuesday, August 7, 2012

“ ရေးဘေးဒုက္ခသည်တွေကို လှူတဲ့လူတွေကလှူတယ်၊ သိမ်းတဲ့သူတွေက သိမ်းတယ်”


ပဲခူးတိုင်းဒေသကြီး၊ က၀မြို့နယ်၊ အုန်နှဲစံပြကျေးရွာရှိ ရေနစ်မြုတ် အိမ်ပေါင်း ၂၀၀ကျော် လူဦးရေပေါင်း ၆၀၀ ကျော်တို့အား ကျေးရွာအတွင်းရှိ လူမှုရေးအဖွဲ့အစည်းနှင့်
နယ်နယ်အရပ်ရပ်မှ
အလှူရှင်းများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

သြဂုတ်လ(၅)ရက်နေ့ ညနေ့တွင် က၀မြို့နယ် အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ကုသီနရုံ ဇရပ်တွင်ခေတ္တနေထိုင်သော ရေဘေးဒုက္ခသည်(၇၇)ဦးနှင့်
ရဲမနိုင်(ခ)အောင်ချမ်းသာရပ်ကွက်အတွင်းရှိ ရေဘေးဒုက္ခသည်(၅၆)ဦးကို ထမင်းထုပ်များသွားရောက် လှူဒါန်းခဲ့ပြီး သြဂုတ်လ(၆)ရက်နေ့တွင် ပဲခူးမြို့ စေတနာရှင်များအဖွဲ့မှ
စတီးပစ္စည်းတစ်စုံစီကို စက်ကူဖာဖြင့်ထည့်ကာ ရေဘေးဒုက္ခသည်များထဲမှ (၂၁)ဦးကို ပေးအပ်လှူဒါန်းခဲ့ လှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။


ပဲခူးမြို့ စေတနာရှင်များအဖွဲ့မှ ရေဘေးဒုက္ခသည်များကို ပေးအပ်လှူဒါန်းခဲ့သော စတီးပစ္စည်း(၂၁)စုံမှ (၈)စုံကို ဒေသခံ ရဲ၊ မီးသတ်၊ ကြံခိုင်ရေးပါတီ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ
ပြန်လည်းသိမ်းဆည်းသွားကြောင်း သိမ်းဆည်းခံရသူ ရေဘေးဒုက္ခသည်(၈)ဦးမှ ပြောကြားပါသည်။

အဆိုပါရေဘေးဒုက္ခသည်များကို (၆၊ ၈၊ ၂၀၁၂)ရက်နေ့မှ စတင်၍ အုန်းနှဲစံပြကျေးရွာ ပရဟိတလူငယ်များနှင့်လူမှုရေးကူညီမှုအသင်းတို့မှ ဦးဆောင်ပြီး ကျေးရွာအတွင်းသို့လှည့်
လယ် အလှူခံကာ ရေနစ်မြုတ် အိမ်ပေါင်း ၂၀၀ကျော် လူဦးရေပေါင်း ၆၀၀ ကျော်တို့အား ထမင်းဟင်းများ ချက်ပြုတ်လှူဒါန်း ပေးနေရပါသည်။ တနေ့တာ ဆန်း(၅)တင်းနှုန်း နေ့
စဉ်ချက်ပြုတ်လှူဒါန်းနေရကြောင်း စုံးစမ်းသိရှိရပါသည်။

အဖေ့သား(ပဲခူး)

No comments:

Post a Comment