Thursday, August 9, 2012

ဓမ္မဓိဌာန်ကျကျ ဆွေးနွေးကြပါဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဓမ္မဓိဌာန်ကျကျ ဆွေးနွေးကြပါဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

NLD လွှတ်တော် ကိုယ်စား  လှယ်များအနေနှင့်ပြည်သူ့အကျိုး ပြု လုပ်ငန်းများ ဖိဖိစီးစီး လုပ် ဆောင်ကြဖို့၊လွှတ်တော်တွင်း ဆွေး  နွေးချက်တွေမှာ အချက်အလက်  ပြည့်ပြည့်စုံစုံနဲ့ဓမ္မဋ္ဌာန်ကျကျ ဆွေးနွေး တင်ပြကြဖို့ NLD ပါတီ  ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က  NLD  ကိုယ်စားလှယ်တွေကို သြဂုတ်လ(၇)ရက်နေ့က ပြော ကြားလိုက်သည်။
လွှတ်တော်အစည်းအဝေး  တက်ရောက်မည့် ကိုယ်စား  လှယ်များနှင့် ဒေါ်အောင်ဆန်းစု  ကြည်တို့တွေ့ဆုံစဉ်မှာ ပြောကြား  ခဲ့သည့်အကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က  ပြောပါသည်။

““ပြည်သူ့အကျိုးပြု လုပ်ငန်း များကို ဖိဖိစီးစီးလုပ်ဆောင်ကြဖို့  ဆွေးနွေးသည့် နေရာတွင်လည်း  ဓမ္မဓိဋ္ဌာန် ကျကျဆွေးနွေးကြရန်  ကိုယ့်စိတ်နဲ့မတွေ့တိုင်း မထောက် ခံဘူးမဖြစ်သလို၊ကိုယ့်စိတ်နဲ့တွေ့ တိုင်းလည်း ထောက်ခံပါတယ်လို့ ချည်းပြောလို့မဖြစ်ဘူး၊အဲ့တော့  အချက်အလက်တွေကို သေသေ ချာချာရှာဖွေပြီးတော့ ဘယ်သူ တွေဘယ်လိုပဲစဉ်းစား စဉ်းစား  ပေါ့။ကိုယ်ကတော့ တစ်ဦးချင်းအ လိုက် ပြည်သူ့လွှတ်တော် ကိုယ် စားလှယ်ပီပီ အချက်အလက်ပြည့်  ပြည့်စုံစုံနဲ့ ရှေ့ရေးမြော်တွေးပြီး တော့ ဓမ္မဓိဋ္ဌာန် ကျကျ ဆွေးနွေး  ကြပါပေါ့။ဒါသိပ်အရေးကြီးတယ် တဲ့”” ဒီကနေ့ ပြည်သူ့လွှတ်တော်  အစည်းအဝေးတွင် အမျိုးသား  ယဉ်ကျေးမှုမြှင့်တင်ရေးအတွက်  နိုင်ငံတော်အစိုးရမှ တိုက်တွန်း ကြောင်း အဆိုက် NDF ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ သန်းဝင်းက တင်သွင်းခဲ့ပြီး  အမျိုးသားဒီမိုကရေစီသစ်ပါတီ  လွှတ်တော်ကိုယ်စားလှယ် ဦးသိန်း  ညွှန့်မှ ၁၉၅၀ပြည့်နှစ် အရေး  ပေါ်စီမံမှု အက်ဥပဒေကိုပြင်ဆင်  သော ဥပဒေကြမ်းကို တင်သွင်း ခဲ့ကြောင်းသိရသည်။
သြဂုတ်လ(၇)ရက်နေ့ကျင်း ပသော လွှတ်တော်အစည်းအဝေး  တွင် ထူးခြားချက်မှာ လွှတ်တော်  အ၀င်မှာ လွှတ်တော်အစည်းအ ဝေးအဆောက်အအုံ အတွင်းပိုင်း  မှာပါ လုံခြုံရေး ကိရိယာများ တပ်ဆင်ပြီး လွှတ်တော် ကိုယ်စား လှယ်များအပါအ၀င် သတင်းမီဒီ ယာသမားတွေကိုပါ လုံခြုံရေးတိုး မြှင့် စစ်ဆေးခဲ့ကြောင်းသိရှိရပါ သည်။

TH

No comments:

Post a Comment