Saturday, August 11, 2012

တရားခံဘယ်သူလဲဟေ့

တရားခံဘယ်သူလဲဟေ့

THIBAW'S QUEEN လို့ခေါ်တဲ့စာအုပ်ကလေးကိုဖတ်လို
က်ရတော့
တကယ်ကိုမြန်မာပြည်အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အင်္ဂလိပ်စစ်တပ်ကြီးက
မန္တလေးမြို့ကိုသင်္ဘောတွေနဲ့ဆိုက်
ကပ်လာတော့
သီပေါဘုရင်ရဲ့မိဖုရားဖြစ်တဲ့ စုဖုရားလတ်ဟာ မြေပြင်မှာဝမ်းလျှားမှောက်လို့
ငိုကြွေးမြည်တမ်းပြီးတော့ စိတ်မ
ကောင်းစွာနဲ့ပြောဆိုလိုက်ပုံကတော့တကယ်ကိုကျေနပ်အားရလောက်အောင်ပါ။သူ့စကားလေးက------
မောင်တော်မင်းတရား(သီပေါမင်း)နဲ့တိုင်းသူပြည်သားတွေအခုလိုဒုက္ခရောက်ခဲ့ရတာ
အဓိက တရားခံကတော့
တစ်ခြားသူမဟုတ်ပါဘူး -ငါ--ငါ လို့ဝန်ခံလိုက်တာလေ
တကယ်ကိုကျေနပ်စရာကောင်းပါတယ် ကိုယ့်အပြစ်ကို
ကိုယ်ဝန်ခံတတ်တဲ့သဘောကိုဆောင်တာပေါ့။
                   
အခုတော့မြန်မာပြည်မှာ
ရဟန်းသံဃာတွေနဲ့တိုင်းသူပြည်သားတွေဒုက္ခရောက်နေကြတယ်လေ
ဘုရားသားတော်ဖြစ်တဲ့ ရဟန်းသံဃာတွေဆိုင်လျှင်
ရှေးမင်းအဆက်ဆက်ကိုကြည့်လိုက်ပါက ဘယ်ဘုရင်
ဘယ်မင်းလက်ထက်မှာမှမကြုံခဲ့ဖူးတဲ့ သတ်ဖြတ်မှုတွေကိုအခုတော့
စစ်အာဏာရှင်ဖြစ်တဲ့ နအဖ လက်ထက်မှာ
သေမင်းရဲ့လက်တွင်းကိုကျရောက်ခဲ့ရတယ်။တစ်ချို့သံဃာတွေဆိုလျှင်
ပြည်ပကိုတောင်တိမ်းရှောင်ထွက်ပြေးခဲ့ရသေးတယ်လေ
ဒါတွင်ပဲလားဆိုတော့မဟုတ်သေးပါဘူးစစ်အာဏာရှင် နအဖ
ကတော့ပြည်တွင်းကသံဃာတွေကိုလည်းနည်းအမျိုးမျိုးနဲ့နှိပ်စက်ပါသေးတယ်
ဒကာ/မတွေကိုတောင်မှဘယ်လိုတရားမျိုးကိုတော့မဟောပါနဲ့
ဘယ်လိုတရားကိုတော့ဟောပါ ဒီလိုနည်းမျိုး
စုံနဲ့ အမိန့်ပေးနေတာ သူကတော့ကောင်းတယ်ထင်နေတယ်ပေါ့
ဒါပေမယ့်သံဃာတော်တွေမှာတော့ နည်းနည်းကလေးမှစိတ်ချမ်းသာမှုမရခဲ့ပါဘူး
။အဲဒီလိုရဟန်းသံဃာတွေဒုက္ခရောက်အောင် ဗုဒ္ဓစာပေတွေကို
ကောင်းကောင်းမသင်နိုင်အောင်ဖြစ်နေရတာ ငါ့ကြောင့်ပါလို့
နအဖကဘယ်တုန်းကမှဝန်မခံခဲ့ဘူး ဒါတွေကိုစဉ်းစားကြည့်တော့
အဓိကတရားခံကတော့ဘယ်သူလဲ (တရားခံဘယ်သူလဲ ဟေ့)လို့တောင်မေးစရာမလိုတော့ပါဘူး
(
နအဖ)ပါလို့ကလေးကတောင်သိနေပါတယ်
အင်္ဂလိပ်တွေ မန္တလေးနန်းတော်ကြီးကိုသိမ်းပို
က်ပြီးလို့
မင်းနဲ့မိဘုရားနှစ်ပါးကို ရတတနာဂီရိကိုမပို့မီ ရန်ကုန်ကိုပို့မည်လုပ်တော့
နွားလှည်းကလေးနဲ့တင်ဆောင်ပြီးသွားလိုက်တာ မန္တလေးမှာလမ်းမှားလို့မဟာ
မြတ်မုနိဘုရားလမ်းမှတစ်ဆင့်ဂေါဝိန်ဆိပ်ကမ်းကိုသွားရတော့
ညနေစောင်းမှရောက်ကြတယ်။သင်္ဘောဆိပ်ကမ်းရောက်တော့
သီပေါမင်းကတိုင်းသူပြည်သားတွေကို သတိရတာလား
နန်းတော်ကြီးကိုသတိရလို့လားတော့မသိဘူး
မန္တလေးကိုငဲ့စောင်းလို့သမင်လည်ပြန်လေးပြန်ကြည့်ပြီးနေလေတော့
(
နအဖ)ကလည်းသူအာဏာလေးကုန်ခါနီးမှာ မဆင်းနိုင်ပဲပေကပ်ကပ်လုပ်နေတာ
တိုင်းသူပြည်သားတွေကို
သနားလို့ပဲလား နှိပ်စက်လို့မ၀သေးလို့ပဲလားဆိုတာကိုတော့
ဘယ်သူမဆိုနားလည်သဘောပေါက်ကြမှာပါ
(
၁၉၉၀)လူထုရွေးကောက်ပွဲတုန်းကလည်းစစ်အာဏာရှင်ကရှုံးသွားတယ်လေ အဲဒီမှာ
ဗိုလ်ချုပ်ရဲ့သမီးဒေါ်အောင်ဆန်းစုကြည်တည်ထောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ကအနိုင်ရပေမယ့်တကယ်
တမ်းအနိုင်ယူသွားတာကဗိုလ်ချုပ်တည်ထောင်ထားတဲ့စစ်တပ်ကိုအားကိုးပြီး
(
နအဖ)ကဗိုလ်ကျသွားတာ
ဘယ်လောက်ထိအောင်အဓိပ္ပါယ်မဲ့လိုက်လေခြင်းလဲဆိုတာ သိသာပါတယ်။
အဲဒီအချိန်ကစပြီးတော့သူတို့တစ်တွေဟာ တိုင်းပြည်ကိုအုပ်ချုပ်ပြီး
ပြည်သူလူထုကို နှိပ်စက်လာတာယနေ့ထိအောင်ပါပဲ ပြည်သူတွေမှာတော့ခံလိုက်ရတာ
ဒုက္ခတွေမနည်းအောင်
ပေါ့ သူတို့(နအဖ)နဲ့လူတစ်စုကတော့ ကောင်းစားနေလိုက်ကြတာ တိုင်းသူပြည်သားတွေကိုတော့
နည်းနည်းလေးမှမသနား လုပ်ချင်တိုင်းလုပ်နေကြတော့တကယ့်မီးကိုကိုင်ထားသလိုပဲလေ
ကိုင်ထားတော့လည်းပူ ပစ်ချလိုက်ရင်လည်းပတ်ဝန်းကျင်ကိုသူကလောင်စာအဖြစ်အသုံးပြုတော့
မှာဆိုတော့လောကမှာမီးဆိုတာသုံးမျိုးရှိတယ်လေ
၁။ရဟန်းတည်းဟူသောမီး
၂။မင်းတည်းဟူသောမီး
၃။ပကတိမီး ဆိုပြီးတော့မီးကသုံးမျိုးရှိတယ်
         
အဲဒီမီးတွေထဲမှာရဟန်းသံဃာတွေနဲ့ပြည်သူလူထုကတော့မီးနှစ်မျိုးကိုခံစားနေရတယ်လေ
မင်းပြစ်မင်းဒဏ်ကိုလည်းအလိုလိုနေရင်းကြောက်နေကြရတဲ့ပြည်သူတွေ
ဒ်ီမင်းကတော့ ဘယ်လောက်ထိအောင်ဆိုးပါသလဲမေးရင်
ပြောမပြတတ်အောင်ကိုဆိုးတယ်လို့ဖြကြမှာပါ ဒါဟာ
တကယ်တွေးကြည့်တော့ပြည်သူခိုင်းတဲ့ပြည်သူ့စစ်သားက ပြည်သူကိုပြန်ပြီးဒုက္ခပေးနေတာပါ
စစ်သားဆိုတာ ပြည်သူကပေးတဲ့
လစာကိုယူပြည်သူရဲ့အသက်အိုးအိမ်စည်းစိမ်ကိုစောင့်ရှောက်ရမှာပါ
အခုတော့ပြည်သူကျွေးတဲ့ထမင်းကိုစား ဘုရားသားတော်နဲ့
ပြည်သူပြည်သားတွေကိုနှိပ်စက်နေတာဗိုလ်ချုပ်ဖွဲ့စည်းထားတဲ့
စစ်တပ်လို့တောင်ပြောရမှာအား
နာပါတယ် ပြည်သူ့စစ်သားတဲ့ဘာလုပ်မလဲမေးကြည့်လိုက်ပါ ပြည်သူကိုပဲအားရပါးရနှိပ်စက်မယ်
လို့သူတို့ပြောမှာပါ စစ်သားတွေကပြည်သူကိုနှိပ်စက်လားဆိုတော့သူတို့တွင်မက
နောက်ကလိုက်
လာကြတဲ့အပေါင်းအပါတွေကလည်းရှိသေးတယ်လေ အဲဒါတွေကတော့ ပြည်သူ့ရဲတွေပါ
ပြည်သူ့ရဲကတော့MAY I HELP YOUတဲ့ ကူညီပါရစေပေါ့ တကယ်ကောကူညီသေးရဲ့လား
နံပါတ်တုတ်နဲ့ကူုညီမှာလား
ပြီးတော့ပိုက်ဆံရှိတဲ့လူတစ်ချို့ကိုအကူအညီပေးပြီးမရှိတဲ့ဆင်းရဲသားတွေကိုတော့အမျိုးမျိုးနှိပ်စက်နေတာ
ပါဒါလည်းပြည်သူ့ရဲလို့ သူတို့က၀န်ခံထားတာနားကြားလို့မှမကောင်း ပါဘူး။
ဟိုအရင်တုန်းကရဲဆိုတာသူတို့တာဝန်သူတို့ကျေပွန်ကြပါတယ်အခုတော့သူတို့တစ်တွေကသူတို့ကို
ရဲမှန်းသိအောင်(POLICE) ဆိုတဲ့စာတန်းလေးနဲ့မကြောက် ကြောက်အောင်လှန့်နေကြတယ်။
(POLICE)
ဆိုတာဘာလဲ သူတို့ကအချောင်စားချင်လို့ ရဲအလုပ်ကိုလုပ်နေကြတာပါ POLICE
ဆိုတာဘာလဲ သူတို့မသိကြပါဘူး။POLICEဆိုတာက
(1)Polite-
ယဉ်ကျေးမှုရိခြင်း
(2)Obedience
အမိန့်ကိုနာခံခြင်း
(3)Loyality
သစ္စာရှိခြင်း
(4)Intelligence
ထထကြွကြွ၇ှိခြင်း
(5)Companionship
ပူးပေါင်းဆောင်ရွက်ခြင်း
(6)Efficiency
လုပ်ရည်ကိုင်ရည်ကျွမ်းကျင်မှု-----------ဆိုတဲ့အချက်ခြောက်ချက်နဲ့ပြည့်စုံတဲ့သူကိုမှ
ပြည်သူ့ရဲလို့ခေါ်တာပါ အခု(နအဖ)လက်ထက်မှာအမှုထမ်းနေတဲ့ရဲတွေကတကယ်ပဲပြည်သူ့ရဲလား
မေးနေစရာမလိုအောင်ကိုအဖြေကတော့ပေါ်နေပြီးသားပါ။
ပြည်သူတွေကလည်းနှိပ်စက်မှုဒဏ်ကိုအမျိုးမျိုးခံရလေတော့တကယ်ကိုကြောက်နေရတဲ့ဘ၀မို့
သူတို့တစ်တွေကိုတစ်ချို့နေရာတွေမှာ ရဲဆိုရင်အသံကြားရုံနဲ့လန့်နေကြတယ်
တကယ်တော့ပြည်သူကိုဒုက္ခ
ပေးနေတာဘယ်သူလဲဆိုတာကိုမေးနေစရာမလိုလောက်အောင် ဖြစ်နေပေမယ့် သူတို့တစ်တွေကတော့
ပြန်မေးနေပါတယ် (တရားခံဘယ်သူလဲဟေ့)လို့မေးနေတာသူတို့ကိုယ်သူတို့မရှက်လို့မေးနေရာရောက်ပါ
တယ်။

အမေ့သား(မော်လမြိုင်)

No comments:

Post a Comment