Friday, August 10, 2012

ဌာနဆိုင်ရာ နဲ့ ပြည်သူ ပြဿနာတက်တိုင်း ပြည်သူအရှုံးလား

ဌာနဆိုင်ရာ နဲ့ ပြည်သူ ပြဿနာတက်တိုင်း ပြည်သူအရှုံးလား
by Naung Taw Lay on Thursday, August 9, 2012 at 2:04pm ·

8.8.2012 ရက်နေ့မှာ နောင်ချိုမြို့နယ် ကံကြီးကျေးရွာကို ရောက်ခဲ့ပါတယ်။ သွားရောက်ရတဲ့ အဓိက အကြောင်းအရင်းက နောင်ချိုမြို့နယ် ကံကြီးကျေးရွာက အဖွားဒေါ်စောကြည် နောင်ချိုမြို့ပေါ်က စည်ပင်သာယာဌာန ဖြစ်နေတဲ့ကိစ္စပါ။ ကံကြီးကျေးရွာဈေးဟောင်းကို ပြောင်းရွှေ့ နေရာချထားပေးခဲ့ပြီး အဖွားဒေါ်စောရီဟာ ဈေးအတွက် သူပိုင်မြေထဲက ပေ၂၀၀ ပတ်လည်လောက် လှူခဲ့ပါတယ်။ ရပ်ရွာလူကြီးတွေရဲ့ ချထားပေးမှုနဲ့ ပေ ၈၀× ပေ၆၀ မြေတစ်နေရာပြန်လည်ရရှခဲ့ပါတယ်။ အဲဒီ ရရှိထားတဲ့ အကွက်ပေါ်မှာ အုတ်နံရံကပ် ဈေးဆိုင်ခန်းလေးတွေ ဆောက်အပြီး တံခါးရွက်တပ်ခါနီးမှာ စည်ပင်သာယာနဲ့ ပြဿနာစတက်ပါတယ်။

ဖြစ်ပုံက
အဖွားဒေါ်စောကြည်ဆောက်ထားတဲ့ အဆောက်အဦး(ဆိုင်ခန်း တန်းလျှား)ဟာ စည်ပင်ပိုင်မြေထဲကို ၁၂ပေ ကျူးတယ်ဆိုပြီး ဆိုင်ခန်းကို အတင်း ဖြတ်ခိုင်းပါသတဲ့။ ဒေါ်စောကြည်ကလည်း သူဟာဘာအပြစ်မှ ကျူးလွန်ခြင်း မရှိတဲ့အတွက် လုပ်ချင်ရာလုပ်ရင်ဆိုင်မယ်ဆိုပြီးနေရာမှာ မြို့နယ်တရားရုံးမှာ စည်ပင်ဌာနက တိုင်တန်းပါတယ်။ ဒေါ်စောကြည်က ရှေ့နေတောင်မငှားပဲ လိုက်လံဖြေရှင်းပါတယ် ။ မြို့နယ်က စည်ပင်သာယာဌာနကို အနိုင်ပေးလိုက်တာကြောင့် ကျေးရွာမှာ တန်ဖိုးအားဖြင့်တရားစရိတ်တောင် မရှိတဲ့နေရာမှာ လူပါးသက်သက်ဝပြီး ပြဿနာလာရှာတဲ့အတွက် ဒေါ်စောကြည်တို့က ခရိုင်ကိုတက်ပါတယ်။ ခရိုင်က နှစ်ဦးနှစ်ဖက် သူမသာ ကိုယ်မနာ ဖြေရှင်းညှိနှိုင်းနိုင်ဖို့ မြေကိုဈေးသင့်ပြီး ဒေါ်စောကြည်မှ ပေးဆောင်နိုင်ရုံနဲ့ ကိစ္စပြတ်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ တရားသူကြီးကိုယ်တိုင်လည်း လာကြည့်သွားတယ်လို့ဆိုပါတယ်။


ဒေါ်စောကြည်ကိုယ်တိုင်ကလည်း သူဟာ ဆောက်ပြီးဖြစ်နေပြီ သူကိုယ်တိုင် သူမြေပေါ်မှာ ဆောက်တာမှန်ပေသည့် ပြဿနာမဖြစ်လို သည့်အတွက် ဈေးသင့်ပြီး အလှူငွေထည့်ပါမယ်ဆိုတာလည်း လက်မခံပါဘူး။ ဘယ်လောက် ငြိမ်ဝပ်ပိပြားတဲ့ ၀န်ထမ်းတွေလည်း။ ပြသည်သူက ပြဿနာမရှာတော့ သူတို့က ပြဿနာရှာတယ်။ မှန်ပါတယ်။ လယ်သိမ်းမြေသိမ်း ဖြစ်လိုက်တိုင်း အမှုတိုင်း အောက်ခြေ၀န်ထမ်းတွေရော အပေါ်အရာရှိကြီးတွေရော ပါနေတာပါပဲ။
အဲဒီလို ခရိုင်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံပဲ စည်ပင်သာယာဌာနက တိုင်းကိုဆက်တက်ပါတယ်။ အဲဒီမှာတော့ တရားရေးက၀န်ထမ်းတွေ ဟာ ဌာနဆိုင်ရာနဲ့ ဖြစ်နေတာကြောင့် လက်မ၀င်လိုကြဘူးလို့ သိရပါတယ်။ အဲဒီလိုနဲ့ တိုင်းက စည်ပင်ကို အနိုင်ပေးပြီး ခရိုင်တရားသူကြီး ကိုလည်း ဝေးရာလွှင့်လိုက်တယ်လို့ ကောက်ချက်စွဲနိုင်ပါတယ်။ အဲဒီအမှုကို စီရင်အပြီးမှာ ခရိုင်တရားသူကြီး ပြောင်းရွှေ့သွားရပါတယ်။
အဖွားဒေါ်စောကြည်ကို မြေဈေးဘယ်လောက်ရှိသလဲ လို့မေးကြည့်ရာမှာ ဈေးက လာဝယ်တဲ့သူရှိမှ အရောင်းအ၀ယ် ဒီလောက်ဖြစ်တဲ့ နေရာတွေမဟုတ်တဲ့အတွက် ဈေးကို မပြောတတ်ပါဘူးတဲ့။ ဒီမြေပေါ်မှာ ဆိုင်ခန်းလေးတွေ သပ်သပ်ရပ်ရပ်ဆောက်ပြီး နောင်ချိုမြို့ပေါ်နဲ့ တခြားကလာတဲ့ ဈေးသည်တွေကို ငှားတာပါ။ ဆရာဝန်တစ်ဦးကလည်း အပတ်စဉ် ဆေးခန်းလေးလာဖွင့်နေတယ်လို့ သိရပါတယ်။
စည်ပင်သာယာဌာနက အဲဒီဈေးနဲ့ ပတ်သက်ပြီး အစိုးရဘဏ္ဍာစိုက်ထုတ်ပြီး လုပ်ဆောင်ထားတာမျိုး တစ်ခုမှ မရှိပါဘူး။ ကျေးရွာအုပ်စု အတွင်းက စုပေါင်းပြီး တည်ဆောက်ထားတဲ့ဈေးဖြစ်ပါတယ်။ ပြီးမှသာ အဆင်သင့် ဈေးခွန်လာကောက်တာပါ။ ဒေါ်စောကြည်မြေဆိုတာ လည်း မဆောက်ခင်က အမှိုက်တွေလာလာပုံကြလို့ ရှင်းလင်းပြီး ဆောက်လုပ်ထားတဲ့ ဆိုင်တန်းလေးပါ။ စည်ပင်ယုတ်မာမှုကို မခံချင်တာကြောင့် သူတို့က နေပြည်တော်ထိ ဆက်တိုင်ထားပါတယ်။
အဖွားဒေါ်စောကြည်ကတော့ သူ့ဆောက်ပြီးသား ဆိုင်ခန်းလေး မဖြတ်ရရေးပါပဲ ။ ဓနုတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ရွာလေး မှာ အဲဒီလို လူပါးလာဝတဲ့အတွက် ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးနဲ့သာပြောတာ ။ သူတို့ကိုယ်တိုင်က လူပါးလာဝနေတော့ ဘယ်လို ငြိမ်းချမ်း နိုင်မှာလဲ ။အဖွားတို့ ဓနုတိုင်းရင်းသားထဲမှာလည်း လက်နက်ကိုင်ဆိုတာ မရှိဘူး။ သူတို့တွေ ဘာအညှိုးနဲ့ လုပ်တယ်ဆိုတာ မသိဘူး။ တိုင်းရင်းသားတွေရဲ့ တန်းတူအခွင့်အရေးဆိုတာလည်း မရှိဘူး ပြောပါတယ်။ အဲဒီလိုနဲ့ပဲ နေပြည်တော်ကို ဆက်ပြီး တိုင်ကြားထားတဲ့အတွက် အခုထိ ဆိုင်ခန်းလေးတော့အဖြတ်မခံရသေးပါဘူး။ဖြစ်နေတဲ့ ပုံစံကတော့ ဌာနဆိုင်ရာနဲ့ ပြည်သူ ပြဿနာတက်ရင် ဥပဒေရဲ့ အကာအကွယ်ကို ပြည်သူတွေမရတော့တဲ့အတွက် ဥပဒေစိုးမိုးရေး ၊ တန်းတူ အခွင့် အရေး စတဲ့ စတဲ့ နိုင်ငံလုံးချီ ကိစ္စတွေကိုပါ နှိုးဆွပြီး တိုင်းရင်းသားလူမျိုးတွေမှာ ရင်နာမဆုံးဖြစ်ကြရပါတယ်။
ပြဿနာက သေးသေးလေးပါ။ ဆိုင်ခန်း ဆောက်ပြီးသား အခန့်သားကို အေးအေးသက်သာ ဈေးကောက် ကောက်မစားဘဲ ပြဿနာ ရှာတဲ့ စည်ပင်ကို သမ္မတဆီအထိ တိုင်တန်းပြီး နိုင်ငံရေးပါတီများအားလုံး သက်ဆိုင်ရာ ဌာနဆိုင်ရာများကိုပါ တင်ပြပြီး ဖြေရှင်းပေးဖို့ တောင်းဆိုသွားမှာပါ။


နောင်တော်လေး

No comments:

Post a Comment