Saturday, August 11, 2012

“မြန်မာအလုပ်သမား ကူညီရေး ဆရာတော် ဦးဇောတိက MAT အဖွှဲ့သို့ ဘတ်ငွေ နှစ်သောင်းစွန်ကြဲ”

“မြန်မာအလုပ်သမား ကူညီရေး ဆရာတော် ဦးဇောတိက MAT အဖွှဲ့သို့ ဘတ်ငွေ နှစ်သောင်းစွန်ကြဲ”

    
သြဂုတ် ၁၁
ကိုခိုင်
    ဘန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရောက်   မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဘန်ကောက်မြို့ ၀ပ်တလုံးကျောင်းတွင်သီတင်းသုံး သည့် မြန်မာ အလုပ်သမား ကူညီရေး ဆရာတော် ဦးဇောတိက ကြွရောက်လာခဲ့ပြီးဘတ်ငွေ ၂၀၀၀၀ အား စွန့်ကြဲ လှူဒါန်းခဲ့သည်။
      “ အင်တာနက်သတင်းတစ်ပုဒ်မှာ ဦးဇင်း ဖတ်ရတယ်။ ငါးထပ်တိုက်ပေါ်က ပစ်ချခံရပြီး သေဆုံးသွားတဲ့အလုပ်သမား ကိစ္စကို မြန်မာသံမှူး  ဦးနိုင်ထွန်း နဲ့ ပူးပေါင်း ကူညီနေတယ်လို့ သိရတယ်လေ။ ဒါကြောင့် ဦးဇင်း လာရောက်စွန့်ကြဲလိုက်တာပါ။  နောင်လည်း အလျဉ်းသင့်သလို  ဒီအဖွဲ့ ကို ကူညီအုံးမှာပါ ” ဟု ဦးဇောတိက  မှ မိန့်သည်။

          MAT သို့  စွန့်ကြဲသည့် တပြိုင်တည်းတွင် ကွယ်လွန်သူ မစန်းစန်းဝင်း အတွက်လည်း ဘတ်ငွေ  ၁၀၀၀၀နှင့် အသုဘ အခမ်းအနားတွင် ကျောင်းရှိ ပင့်သံဃာ ၂၆ ပါးတို့တို့ အတွက်ဝတ္ထုငွေ၊ သင်းပိုင်နှ င့် ဗြောက်အိုး  တို့အတွက် ဘတ် ၁၀၀၀၀ ခန့်  အကုန်ကျခံ ဒါနပြုခဲ့ကြောင်း သိရှိရသည်။
          ဆရာတော် ဦးဇောတိက သည် ပြီးခဲ့ သည့် မေလ ၂၄ ရက်နေ့က ထိုင်းနိုင်ငံအလယ်ပိုင်း Khon Kaen (ခေါင်းကဲင်မြို့) တွင် ရှိသော  (ဒေချာဖန်းနစ်)  ငါးဖမ်းပိုက်ကွန် ရက်လုပ်သည့် အလုပ်ရုံတွင် တရားမ၀င် အလုပ်လုပ်ကိုင်မှုဖြင့် ဖမ်းဆီး ခံရသည့် မြန်မာအလုပ်သမား ၇၀၀ ကျော် တို့ အား မြန်မာသံမှူး ဦးနိုင်ထွန်း နှင့် ပူးပေါင်း၍ ကူညီေ ဆာင်ရွက်ခဲ့ကြောင်း သိရှိရသည်။
    အလားတူ ပြီးခဲ့သည့် ရက်ကလည်း ပတ်စပို့ ရှိလျှက်နှင့် မဟာချိုင်ပုလိပ် ဖမ်းဆီးခံရသည့် အလုပ်သမား ၃ဦးတို့ ကိုလည်း သွားရောက် ကူညီခဲ့ကြောင်း သိရှိရသည်။
http://goldenworkers.blogspot.com
      

No comments:

Post a Comment