Wednesday, March 25, 2015

အမှိုက်သယ်ယာဉ်မှ လမ်းတစ်လျှောက် ဆိုင်ကယ်သုံးစီးနှင့် ကားတစ်စီးအားတိုက်၍ ထွက်ပြေး


မန္တလေး မတ် ၂၄

မန္တလေးမြို့ အောင်မြေသာစံမြို့ နယ် နန်းရှေ့ ၁၉ လမ်း၊ မုန်တိုင်ဇရပ် အနီး၌ မတ် ၂၁ ရက် ညနေ ၅ နာရီ ၁၅ မိနစ်က မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ အမှိုက်သယ်ယာဉ် ၉ဌ/---- ထော်လာဂျီမှ လမ်းတစ်လျှောက် ဆိုင်ကယ်သုံးစီးနှင့် 7C/---- Honda Fit (NPW) အပြာရောင် ကားတစ်စီးတို့ကိုတိုက်၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အောင်မြေသာစံမြို့နယ် အုပ်စက်နေ ဇော်ရှိုင်း (၁၈နှစ်)၊ နန်းရှေ့အောင်စစ် သည်ရပ်နေ ကိုသန့်ဇင်(၄၂ နှစ်)၊ ၄င်း၏ ဇနီးဖြစ်သူ မနုနုထွေး(၃၂နှစ်) နှင့် အောင်မြေသာစံမြို့နယ် အကွက် (၁၂၉)နေသူ ကိုလှမျိုးထွန်း(၄၆နှစ်) တို့မှာ ဒဏ်ရာများရရှိခဲ့ကာ ဆေးရုံ သို့ ပို့ဆောင်စဉ် ကိုလှမျိုးထွန်းမှာ သေဆုံးသွားခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အမှတ်(၁) ရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment