
ကြီးတာ” ဟု ဈေးကုန်း
ရပ်ကွက် အတွင်းနေထိုင်သူ တစ်ဦးက ဆိုသည်။ အဆိုပါ ရေကြီးမှြုေ ကာင့် အချို
့သော ဝန်ထမ်းများမှာ မဲဆောက်မြို့ ပေါ်ရှိ လုပ်ငန်းခွင်သို့
သွားရောက်နိုင်ခြင်း မရှိကြောင်း မြဝတီ မြို့ ခံများက ဆိုသည်။ “မိုးက
ဇူလိုင် လ မကုန်ခင်လောက်ကတည်းက ဆက်တိုက် ရွာလို့ ရေကြီးသွားတာ။ အရင်က
ဒါမျိုး တစ်ခါမှမဖြစ်ဖူးဘူး။ အခုဆိုရင် အမြင့ှ်ဆုံး
ရင်ဘတ်နားလောက်ထိရှိတယ်။ နဲနဲ ကျသွားရင်လည်း ခါးလောက်ရှိတယ်” ဟု အရပ် ၅ပေ
၂လက်မ ရှိသည့် မြို့ ဝတီ မြို့ ခံ အမျိုးသား တစ်ဦးက ဆိုသည်။ မြဝတီ မြို
့အတွင်း ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်းများလည်း ဖွင့်လှစ်ထားခြင်း
ရှိကြောင်း မြဝတီ မြို့ ခံများက ဆိုသည်။ မြဝတီ မြို့  ရေလွှမ်းမိုးခြင်းခံရ
သတင်း [ Update ] ရန်ကုန်၊ သြဂုတ် ၁၁ မြဝတီမြို့  ရေလွှမ်းမိုးမှုတွင်
ရေးဘေးဒုက္ခသည် အိမ်ထောင်စု ၆၀၂ ခု၊ ကျား ၁၄၇၂ ယောက်၊ မ ၁၄၅၉ ယောက်
စုစုပေါင်း ၂၉၃၁ ယောက် ရှိပြီး ရေဘေးဒုက္ခသည် ကယ်ဆယ်ရေး စခန်း
၁၀ခုရှိကြောင်း မြဝတီ မြို့  သတင်းရင်းမြစ်များက ပြောသည်။
အခုလက်ရှိအနေအထားမှာ မြစ်ရေသည် ညဈေးအလွန် ကြံခင်းဘုန်းကြီး ကျောင်းလမ်းဆုံ
အာရှလမ်းကတ္တရာ အား ရောက်ရှိနေပြီဖြစ်ပြီး ရပ်ကွက် ၁၊ ၂၊ ၃၊ ၅ တို့အား
ရေလွှမ်းမိုးခြင်းခံနေရပြီ ဖြစ်ကြောင်း The Voice weekly သတင်းရစ်မြစ်များက
ပြောကြားသည်။
By: The Voice Weekly
No comments:
Post a Comment