Thursday, May 29, 2014

Maleficent ဇာတ်ကား ဖွင့်ပွဲမှာ ဘရက်ပစ် တိုက်ခိုက်ခံရ

နာမည်ကြီး ဟောလီးဝုဒ် သရုပ်ဆောင် အိန်ဂျလီနာဂျိုလီရဲ့ ခင်ပွန်း မင်းသား ဘရက်ပစ်ဟာ အမေရိကန်
ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ ကျင်းပတဲ့ Maleficent ဆိုတဲ့ ဇာတ်ကား ပွဲဦးထွက် ပြသမှု အမှတ်တရ လက်မှတ်ရေးထိုးပေးနေတုန်း အမျိုးသား တဦးရဲ့ တိုက်ခိုက်မှု ခံလိုက်ရပါတယ်။ 


 ဓာတ်ပုံ- The Mirror

အသက် ၅၀ အရွယ် ဘရက်ပစ်တယောက် ဇနီးသည် ဂျိုလီနဲ့ အတူ သရုပ်ဆောင်ထားတဲ့ Maleficent ဇာတ်ကား အတွက် မောင်နှံ အတူ မေလ ၂၈ ရက်နေ့က အခမ်းအနားတက်လာတုန်း လူငယ်တဦးက အတားအဆီးတွေကို ကျော်ပြီး ရုတ်တရက် ဘရက်ပစ်ကို တိုက်ခိုက်လိုက်တာပါ။ 


ဒါနဲ့ ရဲတွေက အဲဒီလူငယ်ကို ဖမ်းဆီးခဲ့ပါတယ်။ သူဟာ အသက် ၂၅ နှစ်အရွယ် Sidiuk Vitalii ဆိုသူဖြစ်ပြီး အခုလို ကော်ဇော်နီ အခမ်းအနားတွေမှာ အနှောက်အယှက်ပေးခဲ့သူလည်းဖြစ်တယ်လို့ လော့စ်အိန်ဂျလိစ် ရဲတပ်ဖွဲ့ က ပြောပါတယ်။ 

အခမ်းအနားတက်လာတဲ့ ပရက်ပစ်နဲ့ ဂျိုလီမောင်နှံရဲ့ ဓာတ်ပုံတွေနဲ့ အတူ ဘရက်ပစ်ကို တိုက်ခိုက်ခဲ့သူကို ရဲတွေက ဖမ်းဆီးသွားတဲ့ မြင်ကွင်းတွေကို The Mirror သတင်းတပုဒ်ကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်။ 







အိမ့်သံစဉ် ~ (ဧရာဝတီ)ဘလော့ http://blog.irrawaddy.org/2014/05/maleficent.html

No comments:

Post a Comment