Thursday, May 29, 2014

မိခင်တိုင်း ကြည့်သင့်သည့် ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ကျောင်းပညာပေး ဇာတ်ကားနှင့် သရုပ်ဆောင် စိုးနန္ဒာကျော်

မိခင်တိုင်းကြည့်သင့်သည့် ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ကျောင်းပညာပေး ဇာတ်ကားနှင့် သရုပ်ဆောင် စိုးနန္ဒာကျော်MRTV ရုပ်သံက ထုတ်လွှင့်ပြ သနေတဲ့ ဒါရိုက်တာ ကိုမိုးဇော်ကို ရိုက်ကူးထားတဲ့ ” ဤမှန်ကန်သော သစ္စာတရားကြောင့်” ပညာပေး ဇာတ်ကားမှာ စိုးနန္ဒာကျော်က ကလေး သရုပ်ဆောင် မွန်းသီရိခန်ရဲ့ မိခင်အဖြစ် သရုပ်ဆောင် ရိုက်ကူး ထားပါတယ်။ ဒီဇာတ် ကားလေးက ပညာပေး ဇာတ်ကားဖြစ်တဲ့ အတွက်လည်း ကလေးမိ ဘတွေကြည့်ပြီး အသိတရား တစ်ခုခု တော့ရကြမှာ ဖြစ်ကြောင်း ကိုစိုးနန္ဒာကျော်က..
” အဲဒီဇာတ် ကားလေးက ကျောင်းလည်းဖွင့် ခါနီးပြီဆိုတော့ ကလေးတွေကို တအားတင်းကျပ်လွန်းတဲ့ အခါကျရင် ကလေးတွေ အတွက်အဆင်မပြေတဲ့ အကြောင်းလေးကို ဇာတ်လမ်းတိုလေးရိုက်ဖြစ်တာပါ။ ကိုယ်က ဒီဇာတ် ကားလေးထဲမှာ မိခင်လုပ်တဲ့ ဇာတ်ရုပ်လည်းဖြစ်တယ်။
တစ်ခါမှလည်း မိခင်ဇာတ် ရုပ်မလုပ်ဖူးဘူး ဆိုတော့ လုပ်ကြည့် ချင်တာလည်းပါတယ်။ ပညာရေး ဇာတ်လေးလည်းဖြစ်နေတာကြောင့် လက်ခံပြီးရိုက်ဖြစ် သွားတာပါ။ ဒီဇာတ်ကားလေး ကိုကြည့်ပြီးရမယ့် အကျိုးကျေးဇူးက ကလေးငယ်တွေ ကိုပညာဆိုပြီး တအားကြီးတင်းကျပ်လွန်းတဲ့အခါ ကလေး ငယ်တွေရဲ့ ဦးနှောက်ကို မတရားကြီးလုပ်မယ် ဆိုရင် သူတို့ရဲ့ကျန်းမာရေးကို အများကြီး ထိခိုက်နိုင် သွားနိုင်တယ်။ အာရုံကြောပဲဖြစ်ဖြစ်၊ စိတ်ထဲမှာဖြစ်ဖြစ်ဒဏ် ရာရသွားမယ် ဆိုရင် မကောင်းဘူး။

အဲဒါကြောင့် အစစအရာရာ နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး ကလေးနဲ့မိဘမျှမျှတ တလုပ်သွား ရင်အဆင်ပြေတယ်ဆိုတဲ့ အကြောင်းအရာလေးကိုသိသွားအောင် အတတ်နိုင်ဆုံးကြိုးစားပြီးရိုက် ကူးထားပါတယ်” လို့ ပြောပါတယ်။ မိခင်ဇာတ်ရုပ်ဖြစ်တဲ့အတွက်လည်း သရုပ်ဆောင်ချင်ခဲ့တာဖြစ်ပြီး ပညာပေးဇာတ်ဖြစ်တာကြောင့် နောက်ပိုင်းမှာလည်း အခုလို ဇာတ်ကားတွေနဲ့ပတ်သက်ပြီး အခွင့် အေ ရး ပေါ်ရင်ပေါ် သလိုမျိုး ရိုက်ကူး သွားမှာ ပါလို့ပြောလာတဲ့ စိုးနန္ဒာကျော်က
” ဒီဇာတ်ရုပ်က မိခင်လုပ်ရတဲ့ ဇာတ်ရုပ်ဖြစ်တဲ့အတွက် ညီမအနေနဲ့ တအားခက်ခဲပါ တယ်။ ကိုယ့် ရဲ့မိခင်ကိုလည်း ကြည့်ပြီး စိတ်သွင်းဖြစ်တယ်။ တည်တည်ငြိမ်ငြိမ် ဇာတ်ရုပ်ဖြစ်အောင်ကြိုးစားတယ်။အဝတ်အစား အပြင်အဆင်ကအစ အသေးစိတ်ဂရုစိုက်ပြီး လုပ်ဖြစ် တယ်” လို့ ပြောပါတယ်။ မိခင်ဇာတ်ရုပ်အနေနဲ့ ဒီဇာတ်ကားက စိုးနန္ဒာကျော်ရဲ့ ပထမဆုံးဇာတ်ကားပဲဖြစ်ပါတယ်။

By Popular News

No comments:

Post a Comment