Friday, May 30, 2014

ဦးသိန်းညွန့်၏ လွတ်ငြိမ်းချမ်းသာခွင့်အဆို ယနေ့တင်သွင်းခွင့်ရ


နေပြည်တော်- မေလ ၂၉ ရက်က ရွှေ့ဆိုင်းခံရသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် ထပ်ပေးရန် နိုင်ငံတော်သမ္မတအား တိုက်တွန်းကြောင်း အဆိုမှာ ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပုံမှန်အစီအစဉ်၌  ဆွေးနွေးမည် ဖြစ်သည်။

ဦးသိန်းညွန့်က ထိုအဆိုအား ယမန်နေ့က ပြည်သူ့လွှတ်တော်သို့ အရေးကြီးအဆိုအနေဖြင့် တင်သွင်းရန် စီစဉ်ခဲ့သော်လည်း ရွှေ့ဆိုင်းခံခဲ့ရခြင်း ဖြစ်သည်။

7daydaily


No comments:

Post a Comment