Tuesday, May 27, 2014

အက်ႌေပးစရာရိွသည္ဟု ပြောဆိုပြီး အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်

မုံရွာ
               သူငယ်ချင်း ဖြစ်သူမှ အင်္ကျီပေးစရာရှိသည်ဟု ပြောဆိုပြီးခေါ်သွားကာ အလိုမတူ ဘဲ သားမယားအဖြစ် ပြုကျင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းကို  သက်ဆိုင်ရာ ရဲစခန်းမှသိရသည်။
လက်ပံတောင်းတောင် ဒေသခံကျေးရွာ (၂၆) ရွာထဲတွင် တစ်ရွာအပါအ၀င် ဖြစ်သည့် ညောင်ပင်ကြီးကျေးရွာတွင် ယခုလ (၂၂) ရက်နေ့ နေ့လည် (၁၂) နာရီအချိန်တွင် မ.... ........(၁၇) နှစ်သည် ညောင်ပင်ကြီး ဆိပ်ကမ်းသို့ ဈေးဝယ်သွားနေစဉ်  လက်ဖက်ရည်ဆိုင်တွင် အလုပ်လုပ် နေသည့်  မောင်..............(၂၀) နှစ်သည်   အင်္ကျီလက်ဆောင်ပေးစရာ ရှိသည်ဟု  ပြောဆိုခေါ်ဆောင်လာခဲ့ပြီး လူသူကင်းမဲ့သည့် သပြေခြံ အရောက် တွင် အတင်း အဓမ္မ၀င်ရောက် လုံးထွေးခဲ့ပြီး မိနစ်(၂၀) ခန့် သားမယား အဖြစ် အလိုမတူဘဲပြုကျင့်ခဲ့ကြောင်း   ပထမသတင်းပေးချက် အရ သိရသည်။

                အဆိုပါ သပြေခြံအရောက်တွင် အဖော်ဖြစ်သူမှ သားမယား ပြုကျင့်ခံရသည့် မ... (၁၇) နှစ်သည် အနီးဝန်းကျင်အား အော်ဟစ် အကူအညီ တောင်းခံရာတွင် လူသူကင်းမဲ့နေသည့် အတွက် တစ်စုံတစ်ယောက်မျှ ရောက်ရှိလာခြင်း မရှိသည့် အတွက် မောင်....(၂၀) နှစ် ရဲ့ အလိုမတူဘဲ သားမယားအဖြစ် (၂) ကြိမ်တိတိ ပြုကျင့်ခြင်းခံရ ပြီးနောက်တွင်  ပြုကျင့်ခံရသူ မ....(၁၇) နှစ်သည် ခိုးပြေးရန်အတွက် ပြောဆိုခဲ့သော်လည်း မောင်..... (၂၀) နှစ်သည်  ငွေငါးသောင်းပေးမယ် ဘယ်သူ့ကိုမှ မပြောရ””ဟု ပြောဆိုခဲ့ပြီး ယခုလ (၂၄) ရက်နေ့တွင် အဆိုပါ အမျိုးသမီးငယ်မှ မိဘများအား ပြန်လည်ပြောဆိုခဲ့ သဖြင့် သက်ဆိုင်ရာသို့ လာရောက် တိုင်ကြားခဲ့ကြောင်းကို သက်ဆိုင်ရာ မှုခင်းမှတ်တမ်းများ အရ သိရသည်။

                 ယင်းကိစ္စနှင့် ပတ်သက်၍ အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် မောင်...... (၂၀) နှစ်အား ဆားလင်းကြီးမြို့နယ် မြို့မရဲစခန်းမှ (ပ) ၈၃/ ၂၀၁၄ ပြစ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

လင်းလင်းမောင်

The Messenger News


No comments:

Post a Comment