Wednesday, May 28, 2014

မေ ၂၉ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် – ဒေါက်တာထွန်းလွင်

weather29052014
By ဒီဗွီဘီ
မေ ၂၈ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပါတယ်။ ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံအရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ် နေပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မေ ၂၉ ရက်နေ့
မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်ကတော့ မြန်မာ့ ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာ ရှိနိုင်ပါတယ်။ လှိုင်းအမြင့် ၁ ပေကနေ ၃ ပေလောက် မြင့်တက်နိုင်ပါတယ်။
အပူရှိန်မြင့်တက်နိုင်မှုအနေနဲ့ကတော့ ရန်ကုန်မြို့၊ ဘားအံမြို့နဲ့ မော်လမြိုင်မြို့တွေမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းလွန်ကဲအဆင့်အောက်ကို လျော့နည်း နိုင်ပါတယ်။
အပူရှိန်မြင့်တက်နိုင်မှုအနေနဲ့ကတော့ ရန်ကုန်မြို့၊ ဘားအံမြို့နဲ့ မော်လမြိုင်မြို့တွေမှာ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းလွန်ကဲအဆင့်အောက်ကို လျော့နည်းနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးအနေနဲ့ ကျရောက်နိုင်တာကတော့ ဘားအံမြို့ ဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၆ ဒသမ ၁ ကျရောက်နိုင်ပါတယ်။
အမြင့်ဆုံးကျရောက်နိုင်တာကတော့ ရှမ်းပြည်နယ် တောင်ကြီးမြို့ ဖြစ်ပြီး အညွှန်းကိန်း တန်ဖိုးကတော့ ၁၂ ဒသမ ၉ ကျရောက်နိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းတန်ဖိုး ၁၁ ကနေ ၁၂ ကျော် မြင့်တက်နိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့ တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု ၄၅ ရာခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်း လောက် သေချာမှု ရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း နဲ့ တနင်္သာရီတိုင်းတွေမှာ မိုးရွာဖို့ သေချာမှု ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းတောင်ပိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းမှာ နေရာကွက်ကြား မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာဖို့သေချာမှုအနေနဲ့ ၈၀ ရာခိုင်နှုန်းအထိ သေချာနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ မိုးရွာဖို့သေချာမှုအနေနဲ့ ၅၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းတို့မှာ တိမ်အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။
ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၇ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၃ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ေ သေချာမှု ၈၀ ရာခိုင်နှုန်း ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment