Thursday, May 29, 2014

ခန္ဓာကိုယ်ကျိုးပဲ့ကြေမွတဲ့ သုံးခွ ယာဉ်တိုက်မှု (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ

ရန်ကုန်၊ မေ ၂၉
၂၈.၅.၂၀၁၄ရက်နေ့ ၁၅၃၀အချိန် သုံးခွမြို့နယ်၊ အောင်ပန်းစိန် ကျေးရွာ နေသူများ ဖြစ်သည့် ကိုရဲဝင်းနိုင် (၂၈)နှစ်မောင်းနင်ပြီး မစန်းစန်းဆွေ (၂၇)နှစ် စီးနင်းလိုက်ပါလာသော ၂၄ယ/--- KENBO-110 စိမ်းပြာရောင်ဆိုင်ကယ်သည် သုံးခွမြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဇေယျလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်နေစဉ် ပုံနှိပ်တိုက်ရှေ့အရောက် ယာဉ်မောင်း (စုံစမ်းဆဲ)မောင်းနှင် လာသော BGO-1A---TE အစိမ်းရောင် ကုန်တင်ယာဉ်မှအရှိန်လွန်ကာ ဆိုင်ကယ်အား နောက်ဘက်မှ တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာ၌ ယာဉ်ကိုထားကာ ထွက်ပြေး တိမ်းရှောင်သွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့  သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ထိုသို့တိုက်မိမှုကြောင့် ဆိုင်ကယ်နောက်တွင်လိုက်ပါစီးနင်းသူ မစန်းစန်းဆွေမှာ ယာဉ်၏ရှေ့ဘီးနှင့် အတူတရွတ်တိုက်ပါသွား ခဲ့သဖြင့် ခန္ဓာကိုယ်ကျိုးပဲ့ကြေမွဒဏ်ရာများရရှိကာ အခင်းဖြစ် နေရာတွင် သေဆုံးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ ကိုရဲဝင်းနိုင်တွင် ပေါက်ပြဲနာကျင်ဒဏ်ရာများရရှိခဲ့၍ ရန်ကုန်ဆေးရုံကြီး၌ အတွင်းလူနာ(မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသခဲ့ရပါသည်။
ယာဉ်ကဲ့သို့ ယာဉ်မဆင်မခြင်မောင်းနှင်ပြီး ယာဉ်တိုက်မှုဖြစ်ကာ ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်းအား သုံးခွမြို့မရဲစခန်း ယာဉ်(ပ)၁၈/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၂၀၂ဖြင့်အမှုဖွင့်ကာ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

BY THIT HTOO LWIN
ခန္ဓာကိုယ် ပြားချပ်သွားတဲ့ သုံးခွမြို့ က ဆရာမ ဇနီးမောင်နှံနှစ်ဦး ယာဉ်တိုက်မှု (ဓါတ်ပုံ)








No comments:

Post a Comment