
အဲဒါကြောင့် သင့်အနေနဲ့ ကြက်ဥအကာတွေကိုသာ စားရမယ်လို့ အဓိပ္ပာယ်
ဆိုလိုခြင်း မဟုတ်ပါ။ အဆီအမျိုးအစားတွေ အားလုံး ပါဝင်သည့်နည်းတူ
ကြက်ဥအနှစ်ထဲမှာ ကြက်ဥတစ်ဥလုံး၏ အသားဓာတ် ၃ ပုံ ၂ ပုံလည်း ပါဝင်နေတာ ဖြစ်ပါ
တယ်။ ဒါ့အပြင် ကြက်ဥအနှစ်ထဲမှာ ပဲ ဗီတာမင်များ၊ သတ္တုဓာတ်များနှင့်
Antioxidants များ ပါဝင်နေ တာဖြစ်ပါတယ်။ ကယ်လ်စီယမ်၊ သံဓာတ်၊ သွပ်ဓာတ်၊
ဖောလိတ်၊ ဗီတာမင် A၊ ဗီတာမင် E တို့ ပါဝင် ပါတယ်။
ကြက်ဥ အကာထဲမှာတော့ ဗီတာမင် B ပမာဏအနည်းငယ်မျှသာ ပါဝင်ပြီး ပိုတက်စီယမ်၊
ကြက်ဥ တစ်ဥလုံးမှာပါဝင်တဲ့ အသား ဓာတ်၏ ၃ ပုံ ၁ ပုံသာ ပါဝင်ပါတယ်။
ဒါ့ကြောင့် ကြက်ဥစားမယ်ဆိုရင်အနှစ်ရောအကာပါ တစ်ဥလုံးကိုပဲစားလိုက်ပါ။
ကောင်းခြင်း အဖြာဖြာတွေအားလုံး တစ်ခါတည်းနဲ့ ရရှိသွားပါလိမ့်မယ်။
By Health Digest
No comments:
Post a Comment