Friday, May 30, 2014

ရွှေရည်စိမ် ဒီမိုကရေစီ

    တပ်မတော်အစိုးရသည် ပြည်သူတွေ စီးပွားရေး တိုးတက်အောင် မလုပ်တတ်ပါ။ လုံခြုံရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတွင် အလွန်အမင်း ပရိယာယ်ကြွယ်ဝစွာဖြင့် အုပ်ချုပ်တတ် . . .
မြန်မာနိုင်ငံတွင် အင်အား အတောင့်တင်းဆုံးဖြစ်သော လက်နက်ကိုင် အဖွဲ့အစည်းကို မြန်မာ့တပ်မတော်ဟု ယခုအခါ ခေါ်ဝေါ်နေကြပါသည်။ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းများလည်း ရှိပါသေးသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်ပင် မြန်မာ့တပ်မတော်ကို မကျော်နိုင်ပါ။ အခြားသော လက်နက်ကိုင် အဖွဲ့အစည်း များလည်း ရှိပါသေးသည် ဆိုသော်လည်း ဒေသတစ်ခုတွင်သာ စိုးမိုးနိုင်ပါသည်။ မြန်မာ့ တပ်မတော်ကတော့ တစ်ပြည်လုံး၊ တစ်နိုင်ငံလုံးကို စိုးမိုးနိုင်ပါသည်။ ယခင်က မြန်မာ့တပ်မတော်သည် တိုင်းပြည်ကို စစ်ရေးအရ ကျူးကျော် လာသူများအား ခုခံကာကွယ်သည့် တာဝန်ကို ယူခဲ့ကြသော်လည်း ဆိုလိုသည်မှာ လွတ်လပ်ရေး ရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မတိုင်မီ အချိန်ကိုပါ။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်မှသည် ယနေ့အထိဆိုပါလျှင် စစ်ရေး၊ မီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေကိုပါ ပြည်သူ့ဆန္ဒမပါဘဲ အတင်းအကျပ် ပါဝင် လုပ်ဆောင်နေပါသည်။ တပ်မတော်သည် အလွန်ပင် ပရိယာယ် ကြွယ်ဝပါသည်။ လက်နက်ကိုင်နေသူများ ဖြစ်သော်လည်း မိန်းမဉာဏ် အလွန်ကြွယ်ဝပါသည်။ ကြွယ်ရမှာပေါ့၊ လူ့အသက်နှင့် ရင်းရသည့် အလုပ်မို့လား။ … ကြည့်ပါ။ စစ်ကြောင်းတစ်ကြောင်းသည် မိမိပစ်မှတ်နေရာကိုသွားမည်၊ ချီတက်မည်ဆိုပါက ထင်ရှားအောင် ဥပမာ ပြရလျှင် ကမ်းနား တစ်လျှောက်ရှိ ဆူးလေဘုရားမှ ရွှေတိဂုံဘုရားသို့ ချီတက်မည်ဆိုလျှင် ဆူးလေမှ ဗိုလ်တထောင်ဘုရား၊ ကျိုက္ကဆံဘုရားတို့ကို ချီတက်သွားပြီးမှ ကန်တော်ကြီးကနေ ရွှေတိဂုံဘုရားသို့ ချီတက် ပါလိမ့်မည်။ ဆူးလေ ဘုရားလမ်းအတိုင်း ကန်တော်ကြီးကို သွားမည်မဟုတ်ပါ။ ဒါဘာကြောင့်လဲ။ ရန်သူကို လှည့်စား လိုက်တာပါ။ မထင်မှတ်သည့်လမ်းမှ သွားမှသာ ရန်သူနဲ့ မတွေ့မှာ ဖြစ်သည်။ ထိုအကျင့်က ပြည်သူ ကို အုပ်ချုပ်သည့် အခါမှာလည်း ကျင့်သုံးနေပါသည်။ ယခုအခါ တပ်မတော် အစိုးရသည် စီးပွားရေးမှလွဲ၍ (ကိုယ်ကျိုးရှာ စီးပွားရေးတော့ ကျွမ်းပါသည်) ပြည်သူတွေ စီးပွားရေး တိုးတက်အောင် မလုပ်တတ်ပါ။ လုံခြုံရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများတွင် အလွန်အမင်း ပရိယာယ် ကြွယ်ဝစွာဖြင့် အုပ်ချုပ်တတ် နေပါပြီ။ စစ်အုပ်ချုပ်ရေး ကာလ နှစ်ပေါင်းငါးဆယ် ကျော်လာတော့ တိုင်းပြည်အတွက် နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ဓာတ် ရေးရာတွေမှာ နိုင်ငံတကာက အံ့သြလောက်အောင် ကျဆင်းလာ၍ စစ်ယူနီဖောင်းနဲ့ ၀တ်ပြီး မအုပ်ချုပ်တော့ဘဲ အရပ်သား အစိုးရဆိုပြီး ယခင် စစ်ဗိုလ်ချုပ်တွေက ပုဆိုးဝတ်၊ ခေါင်းပေါင်းပေါင်း၊ တိုက်ပုံအင်္ကျီ တကားကားနှင့် အုပ်ချုပ်ပြလိုက်ပါပြီ။ တကယ်တော့ အသွင်ပြောင်း အစိုးရပါ။ အကျင့်မပြောင်း၊ စရိုက်မပြောင်း၊ စိတ်ဓာတ်လည်း မပြောင်းဘဲ အုပ်ချုပ်နေတာပါ။ အများက ဝေဖန်နေကြပါပြီ။ သက်ဆိုင်ရာ လွှတ်တော်ရဲ့ အကြီးအကဲတစ်ဦးနဲ့ သတင်းထောက်တစ်ဦး အမေးအဖြေ လုပ်သလို ပြည်သူကပြောရင် ပြောတဲ့လူခေါ် ခဲ့ဆို ဒုက္ခ။ ပြည်သူနဲ့အစိုးရ ယုံကြည်မှု ရှိစေချင်ရင် ဘာတွေမှ လုပ်မနေပါနဲ့။ စစ် အစိုးရတုန်းက ပါဝင်ခဲ့တဲ့ ထိပ်ဆုံးက တာဝန်ယူနေတဲ့ ပုဂ္ဂိုလ်များ ဆင်းပေးလိုက်ရင် ယုံကြည်မှုက အလိုလို ရသွားမှာပါ။ တကယ် ယုံကြည်မှု ရချင်ရင် အဲဒီနည်းက အမြင်သာဆုံး နည်းပါပဲ။ ဘာဖြစ်လို့ မလုပ်နိုင်ကြသလဲ။ အဖြေက ““မင်းတို့ ငါမသေမချင်း မဆင်းကြနဲ့””လို့ မှာစကား ရှိထားလို့ ထင်ပါတယ်။ နောက်တစ်ချက်က မိမိတို့ရဲ့ ဘိုးဘွား အမွေ ဒါတို့ပြည်၊ ဒါတို့မြေ တို့ပိုင်တဲ့မြေက ရထားတဲ့ စည်းစိမ် ဥစ္စာတွေကို ထိပါးမှာတွေ စတဲ့ အကြောင်းတွေလည်း ပါမှာပါ။ ဘုရင်ခေတ်ကဆို တောင်စွယ်နေကွယ်ရင် သတ်စေဆိုတဲ့ အမိန့်ကို အတည်ပြုရတဲ့ အာဏာ ပါးကွက်သားဟာ လူသတ်ပြီး အသက်မွေး ခဲ့ရသေးတာ။ သူတို့ ဘယ်လို စိတ်ထားနဲ့ ထမင်းစားနိုင်ကြ ပါလိမ့်လို့ တွေးမိပါတယ်။ ဒီလိုရက်စက်စွာ ပြုလုပ်ပြီးမှ ကိုယ့်အသက်၊ ကိုယ့်မိသားစု အသက်ရှင်ရတာ စဉ်းစားကြည့်ရင် ရင်နာစရာ ကောင်းလှပါတယ်။

ငါမသေမချင်း မဆင်းကြနဲ့ စကားကို အကောင်အထည် ဖော်နေတဲ့ ဖြစ်ရပ်တွေက မြင်ရကြားရ ဖတ်ရ နေပါတယ်။ အထင်ရှားဆုံးကတော့ ၂၀၀၈ အခြေခံ ဥပဒေ ကိစ္စပါပဲ။ ဒီဥပဒေ မပြင်သရွေ့၊ မပျက်သရွေ့ ဒီမိုကရေစီ ဆိုတာ ဝေးနေဦးမှာပါ။ အခုပြောနေ လုပ်နေတဲ့ ဒီမိုကရေစီဟာ ဂျပန်ခေတ်က ဂျပန်က ပေးခဲ့တဲ့ လွပ်လပ်ရေးလိုပါပဲ။ အဲဒီတုန်းက ပြောလေ့ရှိတာကတော့ ရွှေရည်စိမ် လွတ်လပ်ရေးတဲ့။ အခုလည်း ရွှေရည်စိမ် ဒီမိုကရေစီပါပဲ။ ရွှေအစစ်မှမဟုတ်တာ။ ကြေးတို့၊ ငွေတို့ကို ရွှေရည်စိမ်ထားတာပါ။ အခြားနည်းလည်း ပြောကြ သေးသည်။ အပေါ်ယံ ရွှေမှုန်ကြဲ အထဲက နောက်ချေးခံ(နွားချေးခံ) ပါပဲ။ ဆန်းစစ်ကြည့်ပါ။ အခု အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးဆိုပြီး လုပ်နေကြ၊ ညှိနေကြတယ်။ ဗိုလ်ချုပ်နေ၀င်း လက်ထက်၊ နအဖ လက်ထက်၊ အခု လက်ထက် မအောင်မြင်သေးဘူး။ နောက်တစ်ချက် ဧရာဝတီမြစ်ကိစ္စ၊ သမ္မတဦးသိန်းစိန်က သူ့လက်ထက်မှာ ရပ်ဆိုင်းလိုက်တယ်တဲ့။ ဒီတော့ သူ့ကို ရာသက်ပန် သမ္မတအဖြစ် ထားမှဖြစ်တော့မယ်။ နောက်တစ်ခု လက်ပံတောင်း တောင်ကိစ္စ။ နောက်လယ် သိမ်းယာသိမ်း၊ အိမ်မြေတွေ သိမ်းတဲ့ကိစ္စ၊ ရခိုင်နဲ့ ဘင်္ဂါလီကိစ္စ။ ဘာမှ မအောင်မြင်သေးဘူး။ အဲဒါနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်နေ၀င်းရဲ့သတ္တိကို ချီးကျူးချင်ပါတယ်။ တော်လှန်ရေး ကောင်စီကို ဗိုလ်ချုပ်နေ၀င်း ဦးဆောင်ပြီး အုပ်ချုပ်စက မြန်မာပြည်က ကုလားတွေကို လေယာဉ်တွေ၊ သင်္ဘော တွေနဲ့ ဆိုင်ရာ နေရင်းဒေသကို ပြန်ပို့ခဲ့တယ်။ ခုအစိုးရကလည်း လုပ်လို့မရဘူးလား။ မြန်မာပြည်တွင်းမှာ တရားဝင် နေထိုင်ခဲ့တဲ့ ဘိုးဘွား လက်ထက်ကနေ မြန်မာနိုင်ငံသား စစ်စစ်တွေကို အစုလိုက်၊ အပြုံလိုက်၊ သံဃာတော်တွေကို အစုလိုက်၊ အပြုံလိုက် သေနတ်နဲ့ ပစ်မိန့် ပေးခဲ့သေးတာပဲ။ ဒီဘင်္ဂါလီကိစ္စ မရှင်းပေးနိုင်ဘူး လား။ လူ့အခွင့်အရေး တစ်ခုက ကိုယ့်နိုင်ငံမှာ ကိုယ်နေထိုင်ခွင့် ရှိတယ်။ တခြားနိုင်ငံမှာ နေချင်ပါက တခြား နိုင်ငံရဲ့ ဥပဒေနဲ့အညီ နေနိုင်ခွင့် ရှိပါတယ်။ ဥပဒေကို ဖောက်ဖျက်ပါက အရေးယူရမှာပေါ့။ ဘာကြောင့် အရေးမယူတာလဲ။ အချို့ဘင်္ဂါလီတွေ မြန်မာနိုင်ငံသားကတ်တွေ ရှိနေကြောင်း သိရပါတယ်။ အဲဒါက အဲဒီမှာ တာဝန်ကျတဲ့ လ၀က ၀န်ထမ်းတွေကြောင့် ပါပဲ။ အဲဒီဝန်ထမ်း ဘယ်သူလဲဆိုတာ ထုတ်ပေးတဲ့ ကတ်ပေါ်မှာ လက်မှတ် ထိုးခဲ့သူပါပဲ။ အဲဒီဝန်ထမ်းကို အရေးယူရမှာပါ။ အဲဒီကတ်ကို ဖျက်သိမ်းရမှာပါ။ ဘာဖြစ်လို့ အရေးမယူ တာလဲလို့ မေးချင်ပါတယ်။

နောက်တစ်ခု ပြဿနာ ဖော်ထုတ် လာပြန်ပါတယ်။ မျိုးစောင့်ဥပဒေကို လွှတ်တော်က ရေးဆွဲဖို့ သမ္မတက သ၀ဏ်လွှာ ပို့ပါတယ်။ လွှတ်တော်က သက်ဆိုင်ရာဌာနက ရေးဆွဲရန် လိုကြောင်း ပြန်ပို့ပါတယ်။ ဒီလုပ်ရပ်တွေက လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို ရှေးရှုစေပါတယ်။ မျိုးစောင့်တယ်ဆိုတာ စိတ်ပိုင်းဆိုင်ရာ အသိနဲ့ ဆိုင်ပါတယ်။ မျိုးမစောင့်နိုင်အောင် ဖြစ်ရတဲ့ အကြောင်းတွေကလည်း စီးပွားရေးကြောင့်၊ နိုင်ငံရေး ကြောင့်၊ သွေးသားကြောင့်စတဲ့ အကြောင်းတွေ ရှိပါတယ်။ အဓိက,က လူတွေရဲ့ လောဘကြောင့် ဖြစ်ပါတယ်။ အာဏာ မစွန့်ချင်တာ၊ အာဏာရယူချင်တာ၊ မတရားလုပ်ချင်တာစတဲ့ အချက်တွေဟာ လောဘက အရင်းခံ တာပါ။ ကိုယ့် အမျိုးကို စောင့်ရှောက်သင့်တာ မှန်ပါတယ်။ ဒီလိုဆိုပါက တစ်ဖက်နိုင်ငံက လူဦးရေတွေ မတရားများလို့ နေစရာမရှိလို့ လူလုံးနဲ့ ဖိဝင်လာတာကို သွေးနှောသွားမှာကို အမျိုးပျက် သွားမှာကိုတော့ ဘာကြောင့် မတားသလဲ။ မတားနိုင်ရသလဲ။ ပြည်တွင်းရှိ ပြည်သူက ကိုယ့်ကို မဲမပေးလို့၊ မဲပေးမည့်သူ အကြိုက် လုပ်ပေးလိုက်လို့ သူ့ဆန္ဒ ကိုယ့်ဆန္ဒဖြစ်အောင် လိုက်လျောတော့ လွှတ်တော်ထဲမှာ လွှတ်တော် ကိုယ်စားလှယ် ၃ ဦး ဘင်္ဂါလီ လူမျိုးတွေ ရောက်နေရတာ ဖြစ်တယ်။ ဒါတွေ ဒါတွေကို အခု အစိုးရသက်တမ်း သုံးနှစ်ပြည့်ထိ အချိန်ဆွဲ နေပါတယ်။ နောက်လည်း အချိန် ဆွဲထားမှာပါ။ ဘာကြောင့်လဲဆိုတော့““ငါ မသေမချင်း မင်းတို့မဆင်းနဲ့”” လို့မှာစကား ရှိထားလို့လားဟု . . .။

  မြိုင်တင်လှိုင်

 Myanmartandawsint Newspaper


No comments:

Post a Comment