Monday, May 26, 2014

လုပ်ပွဲကြီးဖြစ်ခဲ့ရသည့် အကျဉ်းဦးစီးဌာန ညွန်ချုပ်ကြီး ဦးသန်းဌေး၏ ဒု-ကြီးကြပ်ရေးမှူးလောင်းစာမေးပွဲ


အကျဉ်းဦးစီးဌာန ဒု-ကြီးကြပ်ရေးမှူးလောင်းဖြေဖို့ ၂၈၊ ၄၊ ၂၀၁၄ ရက်နေ့အရောက်သတင်းပို့ရမည်ဆိုတာနဲ့ အင်းစိန်သင်တန်းကျောင်းကို စားမေးပွဲဖြေဖို့ရောက်ခဲ့ပါတယ်။ ၂၈၊ ၄၊ ၂၀၁၄ ရက်နေ့မှ ၁၊ ၅၊ ၂၀၁၄ ရက်နေ့အထိ့ တစ်နေ့ကို(၃)ကြိမ်တန်းစီခြင်းဖြင့်ဘဲ အချိန်တွေကုန်ခဲ့ပါတယ်။ တကယ့်အရေးကြီးတဲ့ရက်တွေမှာ စာတွေလဲ မကျက်ရဘဲ တန်စီခြင်းဖြင့်ဘဲ အချိန်ကုန်ခဲ့ရပါတယ်။
စာမေပွဲမဖြေခင် သတင်တန်းသား/သူတွေကို ပေါင်ချိန်၊ အရပ်တိုင်းခြင်း၊ ကျန်းမာရေးဆေးစစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။ သက်မှတ်ထားတဲ့အရပ်မှာ ကျား ၅ပေ ၄လက်မ၊ မ ၅ပေ
၂ လက်မ ပေါင်ချိန် ကျား ၁၂၀၊ မ ၉၅ ဖြစ်ပါတယ်။ သင်တန်းသား/သူ တွေ အရပ်/ပေါင်ချိန်နဲ့ဘဲ လူဦးရေ ၁၀၀ လောက်ပြုတ်ကျခဲ့ပါတယ်။ တကယ်တမ်းစာမေးပွဲဖြေဆိုဘို့ အမည်
စာရင်းထွက်လာတဲ့အခါမှာတော့ အရပ်မမှီတဲ့သူ/ ပေါင်မပြည့် ပြုတ်ချခဲ့တဲ့ သင်တန်းသား/သူ တော်တော်များများ ဖြေခွင့်ရခဲ့ပါတယ်။ အဲ့ဒါဟာ ဘာကြောင့်ပါလဲ။
၂၊ ၅၊ ၂၀၁၄ ရက်နေ့မှာတော့ စာမေးပွဲဖြေဆိုသူ ၃၀၁ ဦးဖြေဆိုခဲ့ပါတယ်။ ညွန်ချုပ်အစဉ်အဆက်မေးခဲ့တဲ့ မေးခွန်းရဲ့ ပုံစံနဲ့မတူဘဲ တစ်မူထူးခြားစွာ မေးခွန်းပေါင်း(၂၃)ရွက်ဖြင့်
ဖြေဆိုချိန်(၃)နာရီပေးခဲ့ပါတယ်။ ညွန်ချုပ်ကြီးရဲ့ မေးခွန်းကို သင်တန်းသား/သင်တန်းသူတိုင်း မဖြေဆိုနိုင်ခဲ့ပါဘူး။ အောင်စာရင်းထွက်ရမည့်ရက်မှာ ၅၊ ၅၊ ၂၀၁၄ ရက်နေ့
ဖြစ်ပါတယ်။ တကယ်တမ်းအောင်စာရင်းထွက်လာတော့ ၄၊ ၅၊ ၂၀၁၄ ရက်နေ့ ညနေပိုင်းဖြစ်နေပါတယ်။ လူကြီးနဲ့ပတ်သက်နေတဲ့ သင်တန်းသား/သူတော်တော်များများဟာ
အောင်စာရင်းမထွက်ခင် မနက်ပိုင်းထဲက သူတို့ရဲ့အောင်စာရင်းကို ကြိုသိပြီးဖြစ်နေခဲ့ပါတယ်။
(၁)သင်းတန်းကျောင်း
(၂)ထောက်ဌာနစု-အဖွဲ့ရုံး
(၃)ကွန်ပျူတာဌာနစိတ်-ရုံးအဖွဲ့
(၄)ရေးဌာန-ရုံးအဖွဲ့
(၅)ညွန်ချုပ်ရဲ့ PA အပါအ၀င်
(၆)ဦးဌာန- ရုံးအဖွဲ့
သူတို့ဟာ အောင်စာရင်းကို မနက်ပိုင်းကတည်းက ကြိုသိနေခဲ့ပါတယ်။ စီမံကိန်းညွန်မှူးရဲ့တူမဆိုလျှင် ခြောက်မသန်ဘဲနဲ့ ၀န်ထမ်းလုပ်ခွင့်ရခဲ့ပါတယ်။
သမီးတို့ကတော့ နယ်/ထောင် စခန်းက လာတာဖြစ်တဲ့အတွက် အောင်စာရင်းဆိုတာလဲ ကြိုမသိခဲ့ပါဘူး။ လူတိုင်းရဲ့ပါးစပ်ဖျားမှာတော့ ဒီပွဲကလုပ်ပွဲကြီးပါတဲ့။
ဒီစာမေးပွဲကိုဖြေဖို့ နယ်စပ်ဒေသကနေ လာဖြေရတာပါ။ အချိန်အကြာကြီး စာတွေကျက်ခဲ့ရပါတယ်။ ပိုက်ဆံတွေကုန်၊ လူတွေပင်ပန်းခဲ့တာဘဲ အဖက်တင်ခဲ့ပါတယ်။ ဘဝ
အတွက် အရေးကြီးတဲ့စာမေးပွဲဖြစ်လို့ အမှန်တကယ် မအိပ့်မနေကြိုးစားခဲ့ပါတယ်။ ကိုယ့်ကိုကိုယ်လဲ စာမေးပွဲအောင်မယ်လို့ မျှော်လင့်ခဲ့တာ အောင်စာရင်မှာ ကိုယ့်နာမည်
မပါလာတော့ အရမ်းခံစားရပြီး ဟန်မဆောင်နိုင်လောက်အောင် မျက်ရည်ကျခဲ့မိပါတယ်။ အလုပ်ကိုဆက်ပြီး မလုပ်ချင်တော့ပေမဲ့ ဘ၀က အခုချိန်ထိ မပြည်စုံခဲ့ပါဘူး။
ညွန်ချုပ်ကြီး အနေဖြင့် စာမေးပွဲကျရှုံးခဲ့တဲ့သူတွေထဲမှာ တကယ်အရည်ချင်းရှိရှိနဲ့ အမှန်တကယ်ကြိုးစားခဲ့တဲ့ ကလေးတွေကျန်ရှိနေပါတယ်။ ကျရှုံးခဲ့တဲ့ ၁၀၇ ဦးမှာ အောင်တဲ့
သူတွေလိုဘဲ ကွင်းတွေ/Viber တွေ သွားချင်ပါတယ်။ ညွန်ချုပ်ကြီးအနေဖြင့်ကျရှုံးခဲ့တဲ့ သူတွေအတွက် ပြန်လည်စဉ်းစားပေးစေချင်ပါတယ်။ ထောင်/စခန်းများမှာလဲ အနေကြာ
ဝန်ထမ်းမများ ထောင်ထဲတွင် ဗိုလ်ကျကြီးစိုးနေပါသဖြင့် ပြောင်းရွေ့ပေးပါရန် နိုင်ငံတော်အကြီးအကဲများ သိရှိစေရန် မိဒီယာမှ တင်ပြပေးစေချင်ပါသည်။

လေးစားစွာဖြင့်
နယ်စပ်ဒေသ ထောင်/စခန်းတစ်ခုမှ အကျဉ်းဦးစီးဌာန၀န်ထမ်းတစ်ဦး

1 comment:

  1. အခုမှသိရှာသလားကွယ်။ ဒါလေးဘဲသိသလားကွယ်။

    ReplyDelete