Friday, May 30, 2014

ချန်ပီယံလိဂ်ဖလားရရင် အရက်ဖြတ်ဖို့ အစ်ကိုဖြစ်သူနဲ့ ရော်နယ်ဒို လောင်းကြေးထပ်ခဲ့


ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ် အနိုင်ရတာဟာ ရော်နယ်ဒိုအတွက်
ပြည့်စုံတဲ့ အောင်မြင်မှုတစ်ရပ်ပါပဲ။ ရီးရဲလ်အသင်း ကစားသမား တစ်ယောက်အနေနဲ့ ကျေနပ်စရာ ကောင်းသလို မိသားစုအရေးအတွက်လည်း စိတ်အေးသွားရစေတဲ့ အကြောင်းရင်း တစ်ရပ်ရှိပါတယ်။အက်သလက်တီကိုနဲ့ ပွဲမတိုင်မီ ရော်နယ်ဒိုနဲ့ သူ့အစ်ကို ဟူဂိုအယ်ဗိုင်ရိုတို့ အလောင်းအစား တစ်ရပ်လုပ်ခဲ့ပါတယ်။
ရီးရဲလ်အသင်း ချန်ပီယံလိဂ် ဗိုလ်စွဲရင် အရက်ဖြတ်ရမယ်လို့ ရော်နယ်ဒိုက သူ့အစ်ကိုကို ပြောခဲ့တာပါ။ ရော်နယ်ဒိုဟာ အသက်(၂၀)အရွယ်မှာ ဖခင်ကို ဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်း အရက်အလွန်အကျွံ သောက်လို့ အသက်(၅၂)အရွယ်မှာ အသည်းရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့အစ်ကို အယ်ဗိုင်ရိုကလည်း အရက်စွဲနေလို့ ရော်နယ်ဒိုက သူ့အစ်ကိုနဲ့ အခုလို အလောင်းအစား လုပ်ခဲ့တာပါတဲ့။

@z (ရိုးရာလေး)

No comments:

Post a Comment