Friday, May 30, 2014

အရုပ်ဘ၀နဲ့ ဥက္ကဋ္ဌတော့ မလုပ်ပါရစေနဲ့

    တရုတ်ရဲ့နယ်ချဲ့ စီးပွားရေး အနိုင်ကျင့်မှု ကိစ္စအ၀၀နဲ့ မိမိရဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ခံစားနေရမှုကို ဂရုတစိုက် စဉ်းစားကိုင်တွယ် ဖြေရှင်းပေးရမယ့် တာဝန်ရှိသူတွေထဲမှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဆိုတဲ့ ပုဂိ္ဂုလ်တွေလည်း ပါဝင် …
ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားခဲ့တုန်းက နိုင်ငံတကာရဲ့ စစ်မျက်နှာအနေအထားအရ ပင်လယ်သမုဒ္ဒရာပိုင်းနဲ့ ဆိုင်တဲ့ ရေပြင်တိုက်ပွဲတွေလည်း တစ်ဖက်နဲ့တစ်ဖက် ရင်ဆိုင်ယှဉ်ပြိုင် ဆင်နွှဲခဲ့ကြရလေတော့ ရေငုပ် သင်္ဘော တွေ ခိုအောင်းရမယ့်နေရာ၊ ရန်သူ့သင်္ဘောကို ရှာဖွေတိုက်ခိုက်ရမယ့် နေရာ၊ ရေပြင်အောက်က တစ်ဆင့် လျှို့ဝှက် စစ်သတင်း ကြေးနန်းတွေပို့ရမယ့် နေရာ၊ ရေမြှုပ်မိုင်းတွေ ရှာဖွေရှင်းလင်းရ မယ့် နေရာစသဖြင့် ပင် လယ်သမုဒ္ဒရာ ရေပြင်ကို အမှီသဟဲပြု အသုံးချခဲ့ကြရပါတယ်။ ကမ္ဘာ့မျက်နှာပြင်အား လုံးရဲ့ (၇၀ဒသမ၈) ရာခိုင်နှုန်းဟာ ရေပြင်ကြီးဖြစ်ပါတယ်။ ကမ္ဘာ့မြောက်ဘက်ခြမ်း တစ်ခုလုံးရဲ့ (၆၀ ဒသမ ၇) ရာခိုင်နှုန်းဟာ ရေပြင်ကြီးဖြစ်ပါတယ်။ တောင်ဘက်ခြမ်း တစ်ခုလုံးရဲ့ (၀၀ ဒသမ ၉) ရာခိုင်နှုန်း ဟာလည်း ရေပြင်ကြီးသာ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာ စစ်ကြီးပြီးသွားတဲ့ အချိန်ကာလရဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာ့အင်အား ကြီးနိုင်ငံ တွေဟာ သူတို့ရဲ့ရေပြင်နဲ့ ရေအောက်ပိုင်းဆိုင်ရာ စစ်နည်းဗျူဟာပိုင်းကို ပင်လယ် သမုဒ္ဒရာတွေရဲ့ ကမ်းဦး ရေတိမ် ပိုင်းဘက်မျက်နှာမူ အာရုံစူး စိုက်ပြောင်း ရွှေ့ လာခဲ့ကြပါ တယ်။ သူတို့ပြောင်းရွှေ့သွားတဲ့ ကမ်းဦးရေ တိမ်ပိုင်းဆိုတာကတော့ ကမ္ဘာ့ရေမျက်နှာပြင် ဧရိယာအားလုံးရဲ့ (၇ ဒသမ ၅) ရာခိုင်နှုန်း ပဲဖြစ်ပြီး အဲဒီကမ်းဦး ရေတိမ်ပိုင်းရဲ့ အကျယ်အ၀န်းဟာ ပင်လယ်သမုဒ္ဒရာ ကမ်းခြေမှာရှိတဲ့ ““ပျမ်းမျှရေစစ်မျဉ်း””က နေပြီး ရေအနက် အလံ (၁၀၀) နက်တဲ့ ရေအောက် ကြမ်းပြင်ပိုင်းပဲ ဖြစ်ပါတယ်။ …ဒါပေမဲ့ ကမ္ဘာမြေကြီးရဲ့ ဖြစ်ခြင်း ပျက်ခြင်း သဘောတရားအရ၊ ဘူမိဗေဒအနေအထား အရ၊ နေရာချင်းတော့ မတူတတ်ကြဘဲ ကမ်းဦးရေ တိမ် ပိုင်းရဲ့ အကျယ်အ ၀န်းနဲ့ ပုံပန်းသဏ္ဌာန်သွင်ပြင် လက္ခဏာတွေဟာ လည်းနေရာဒေသကိုလိုက်ပြီး ပြောင်းလဲ နေပါတယ်။ နိုင်ငံတော်တော်များများဟာ ကမ်းဦးရေတိမ်ပိုင်းကို စစ်ရေးအရရော စီးပွားရေး စားကျက်အဖြစ်နဲ့ပါ စိတ်ဝင်စားကြတယ်။ ပိုင်ဆိုင်ချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီကမ်းဦးရေတိမ်ပိုင်းမှာ နိုင်ငံရဲ့ စီးပွား ရေး တိုးတက်မှုကို အများကြီးပဲ အထောက်အကူပြုနိုင်တဲ့ ဇီဝဗေဒ၊ ဓာတုဗေဒနဲ့ ဘူမိဗေဒဆိုင်ရာ အကျိုး ကျေးဇူးတွေဟာ ပြည့်နှက်နေလို့ပါပဲ။ ရေအောက်သယံဇာတ ပစ္စည်းမျိုးစုံအပြင် ရေနံနဲ့ သဘာဝ ဓာတ်ငွေ့တွေ ကလည်း အလျှံပယ်ဖြစ်နေတတ်လို့ပါ။ ဒါကြောင့်လည်း ၀ါဒကတော့ ကွန်မြူနစ်ဝါဒ။ စိတ်ဓာတ်က တတ်နိုင် သမျှ နယ်ချဲ့ပြီး စီးပွားရေး ၀ိသမလောဘ တက်သထက် တက်လာသလို ကိုယ့်ကိုယ်ကိုယ် ငါဟာမဟာ အင်အားကြီး နိုင်ငံရယ်လို့ သွေးနားထင်ရောက် ဘ၀င်မြင့်လာတဲ့ တရုတ်ဟာ အာဆီယံနိုင်ငံထဲက ပင်လယ် ကမ်းခြေနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံကို ဗြောင်ကျကျ ရန်စစိုးမိုးဖို့ ကြိုးစားလာခဲ့တာပဲ ဖြစ်ပါတယ်။ Asia’s Super Power အာရှတိုက်ရဲ့ စူပါပါဝါမဟာအင်အားကြီး နိုင်ငံဖြစ်ချင်လှတဲ့ တရုတ်ဟာ ဗီယက်နမ် နိုင်ငံ နဲ့ ရေပြင်ပိုင်နက် အငြင်းပွားခဲ့ပါတယ်။ အဲဒီလို အငြင်းပွားနေတဲ့ကာလအတော အတွင်းမှာပဲ ပြဿနာမပြီးဆုံး မပြေလည်ခင်စပ်ကြားမှာ တရုတ်ဘက်က ဘယ်လို ရန်စကျူးကျော်လာပြန်သလဲဆိုတော့ အဲဒီအငြင်းပွား နယ်မြေ ပင်လယ်ရေပြင်ထဲမှာလာပြီး ကမ်းလွန်ရေနံတူးဖော်တဲ့ လုပ်ငန်းကို လုပ်ပြလိုက်ခြင်းပဲဖြစ်တယ်။ ဗီ ယက်နမ်ဘက်ကကည်း သူပိုင်ဆိုင်ပါတယ်လို့ နိုင်ငံတကာကို အသိအပေး သတင်းထုတ်ပြန်ထားတဲ့ကြားထဲက တရုတ်ဟာ ဒီလိုအပြုအမူမျိုးတွေ လုပ်ကိုင်လာတဲ့ အတွက် သူ့ဘက်က ကင်းလှည့် သင်္ဘော တွေကို တရုတ်ရဲ့ ကမ်းလွန် ရေနံရှာဖွေရေး စက်ယန္တရား စင်ကြီးတွေဘက် စေလွှတ်ခဲ့တယ်။ ဒါကို ဂရုမစိုက် ဘူးဆိုတဲ့ သဘောနဲ့ တရုတ်ရဲ့ စစ်သင်္ဘောကြီးတွေက ဗီယက် နမ်ဘက်က သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်လာခဲ့ တယ်။ အရှေ့တောင်အာရှ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ ပင်လယ် သမုဒ္ဒရာနဲ့ ထိတွေ့ ဆက်စပ်ပက်သတ် နေတဲ့နိုင်ငံတွေကတော့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ဘရူနိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတွေပဲ ဖြစ်တယ်။ ဒါကြောင့် အခုလိုဖြစ်ပျက်နေတဲ့ တောင်တရုတ်ပင်လယ် ရဲ့ အဓိက ပြဿနာတွေဟာ တရုတ်ရဲ့ နယ်ချဲ့လိုတဲ့စိတ်နဲ့ စီးပွားရေး သောင်းကျန်းမှု အပေါ်မှာ မူတည်နေပါတယ်။ ၂၀၁၄ ခုနှစ် ထဲမှာ တရုတ်ဟာသူ့ရဲ့ ရေတပ်အင်အားကိုလည်း တိုးချဲ့လာတယ်။ သူ့ရဲ့စီးပွားရေး အရ သယံဇာတ ပေါကြွယ်လှတဲ့ တောင်တရုတ်ပင်လယ် ရေပြင်ကြီးဟာ သူ့ရဲ့အရေး ကြီးလှတဲ့ (Very important entrence) အဓိက ၀င်ပေါက်ကြီး ဖြစ်နေတော့ သူ့အနေနဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံငယ်ကလေးတွေကို သူဝင်လာတဲ့ ၀င်ပေါက် လမ်းကြောင်းထဲကနေ အင်အားသုံး ဖယ်ရှားရှင်းလင်းပစ်ဖို့ အကဲစမ်းကြည့် လာတာပဲဖြစ်တယ်။ အာ ဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံကလည်း တောင်တရုတ်ပင်လယ် အရေးအခင်းမှာ အာဆီယံ နိုင်ငံ အချင်းချင်းဘက်ကပဲ ပြတ်ပြတ်သားသား ရပ်တည်သွားချင်တဲ့ ဆန္ဒရှိတယ်လို့ နိုင်ငံတကာ သတင်း မီဒီယာတွေက တစ်ဆင့် သိလိုက် ကြားလိုက်ရတယ်။ တရုတ်ဟာ ဂျပန်နိုင်ငံ နဲ့လည်း ရေပြင်ပိုင်နက် အငြင်း ပွားပြီး ကျွန်းစုတွေကို သူပိုင်တယ်၊ ငါပိုင်တယ်ရယ်လို့ ပြဿနာ မပြီးပြတ်သေးခင်မှာပဲ အဲဒီကျွန်း စုတွေပေါ်ကို ကျူးကျော်တက်ရောက်မှု ပြဿနာတချို့က ရှိလာပြန်ပါတယ်။ တရုတ် နိုင်ငံဟာ သဘာဝဓာတ်ငွေ့ကို မျက်က လဲ ဆန်ပျာ အသေအလဲလိုက်ရှာ နေရတာကတော့ သူ့နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့အသုံး အစွဲဟာ ဆယ်စုနှစ် ကာလအတောအတွင်း မှာ၃ဆအထိ ပိုပြီးမြင့်တက်လာဖို့ အကြောင်း ရှိတယ်လို့ ကမ္ဘာ့သုတေသန ပညာရှင် တချို့က သုံးသပ်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း တရုတ်ဟာ မကြာသေးခင်ကပဲ ရုရှား နိုင်ငံနဲ့ သဘာဝ ဓာတ်ငွေ့ အရောင်းအ၀ယ် စာချုပ်ကို ချုပ်ဆိုခဲ့ရပြန်တယ်။ နှစ် ၃၀ သက်တမ်း စာချုပ်ဖြစ်ပါတယ်။ ရုရှားနိုင်ငံ ဆိုက်ဘေးရီးယား ဒေသက ထွက်နေတဲ့ သဘာဝဓာတ်ငွေ့တွေကို တရုတ်က ၀ယ်ယူလိုက်တာမို့ သူ့ဆီကို ရုရှားက ပို့ပေးရမှာ ဖြစ်ပါတယ်။ သဘောတူထားတဲ့ အရောင်း အ၀ယ် စာချုပ်အရဆိုရင် သဘာဝဓာတ်ငွေ့ ၀ယ်ယူတဲ့ တန်ဖိုးငွေဟာ အမေရိကန် ဒေါ်လာ ဘီလီယံ ၄၀၀ရှိ ပါတယ်။ တရုတ်ဟာ ခုလိုရုရှားဆီက လောင်စာ စွမ်းအင် သဘာဝဓာတ်ငွေ့ ၀ယ်ယူလိုက်တဲ့အတွက် သူ့ နိုင်ငံထဲမှာ ဆယ်စုနှစ် ၃ ခုကြာအောင် သုံးစွဲနေခဲ့ရတဲ့ ညစ်ပတ်တဲ့ ကျောက်မီးသွေး လောင်စာ သုံးစွဲနေရတာကို အစားထိုးသုံး စွဲနိုင်တော့မှာ ဖြစ်တယ် လို့လည်း သိရပါတယ်။ ဒီလို ပိုက်ဆံတွေ အကုန်ခံပြီး တခြားနိုင်ငံက စာချုပ်စာတမ်းနဲ့ ၀ယ်ယူ ဖြည့်တင်း နေရတဲ့ လောင်စာ သဘာဝဓာတ် ငွေ့ကိစ်္စ အသုံးစရိတ်ကို နောင်နှစ်ပေါင်းများစွာမှာ လျှော့ချချင်လာတဲ့ တရုတ်ဟာ သဘာဝဓာတ်ငွေ့နဲ့ ရေအောက်သယံဇာတ တွေရရှိနိုင်မယ့် ဂျပန်က ကျွန်းစုတွေနဲ့ အာဆီယံနိုင်ငံ အဖွဲ့ဝင်နိုင်ငံ တချို့ရဲ့ ရေပြင် ပိုင်နက်ဘက်ကို မျက်စိကျပြီး စီးပွားရေး ခရီးစားကျက်ဖြန့်လာလေတော့ လောလောဆယ် ဗီယက်နမ်နိုင်ငံနဲ့ အကြီးအကျယ် ပြဿနာတက် လိုက်ရတာပါပဲ။ ဗီယက်နမ် တွေကတော့ သူတို့ရဲ့ ပိုင်နက်ရေပြင်မှာ လာပြီး ရန်စဗိုလ်ကျနေတဲ့ တရုတ်ရဲ့ လုပ်ရပ်ကို ကန့်ကွက် ဆန့်ကျင် လိုက်ကြ တယ်။ ဗီယက်နမ် နိုင်ငံတောင်ပိုင်း စက်မှုဇုန်ဒေသမှာဖြစ်ခဲ့တဲ့ တရုတ်ဆန့်ကျင်ရေး ဆူပူအုံ ကြွမှုကြီးမှာ ဆူပူ အုံကြွတဲ့ ဗီယက်နမ်နိုင်ငံ သား ၂ သောင်းလောက်ရှိတယ်လို့ သိရပါ တယ်။ ဒီလိုတရုတ်ရဲ့ နယ်ချဲ့စီးပွားရေး သောင်းကျန်းမှု ပြဿနာမျိုးစုံတွေ ကြားထဲမှာပဲ တရုတ်စီးပွားရေး သမားကြီးတွေက ၇၀ ရာခိုင်နှုန်းလောက် ၀င်ပြီး စိုးမိုးထိန်းချုပ် ထားတာကိုခံနေရတဲ့ ကျွန်တော်တို့မြန်မာ နိုင်ငံဟာလည်း ““အငိုအရှိုက်ဇာတ်လမ်း”” တွေဟာ ဇာတ်နာသထက် နာနေရတုန်းပါပဲ။ အထက်အညာဒေသ လက်ပံတောင်း တောင် ကြေးနီစီမံကိန်းမှာ မြန်မာတိုင်းရင်းသား လယ်သမားတွေရဲ့ လယ်ဧကပေါင်း ၇၀၀၀၀ ကျော် သိမ်းဆည်းတာ ခံလိုက်ရ ပြီး တရုတ် ၀မ်ပေါင် ကုမ္ပဏီရဲ့ အလိုကျ မြန်မာစစ်ကောင်စီ စစ်အာဏာပိုင်တွေက မြန်မာ့ရိုးရာ ဘိုးဘွားအစဉ် အလာ ကောင်း လက်ပံတောင်းတောင် ဒေသထဲမှာ မြန်မာ တိုင်းရင်းသားတွေ လယ်သမား၊ ယာသမား၊ ကိုင်းသမား တွေရဲ့ ကျေးရွာပေါင်း ၃၃ ရွာကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ၀မ်ပေါင် ကုမ္ပဏီဟာ ဒေသခံဘွဲ့ရလူငယ်တွေထဲ က ကုမ္ပဏီအတွက် အော်ပရေတာရာထူး ခေါ်ယူခဲ့တယ်။ လုပ်ငန်းခွင်ဝင်ဖို့ သင်တန်း ၅လပေးပြီး ကုမ္ပဏီနဲ့ စာချုပ် မချုပ်ဘဲ အော်ပရေတာ တစ်ယောက်အတွက် ထောက်ပံ့ ကြေး၁သိန်းနဲ့ ကြေးနီတူး ဖော်ရေးလုပ်ငန်း ထဲမှာ အလုပ် လုပ်ခွင့်ပေးခဲ့တယ်။ အမြဲတမ်း ၀န်ထမ်းရယ်လို့မသတ်မှတ်ဘဲ ၁၉ လကြာရင်နောက်ထပ် သင်တန်း တစ်ခုထပ် တက်ပြီးမှသာ အော်ပရေ တာတစ်ယောက်ကို လစာငွေ အနေနဲ့ အမေရိကန်ဒေါ်လာ ၁၈၀ ပေးမယ် ဆိုပြီး ဘွဲ့ရလူငယ်ဝန်ထမ်း ပေါင်း၂၃၄ ယောက်ကို ပြောခဲ့တယ်။ မြန်မာ အလုပ်သမားတွေဟာ ဂဟေဆော်တဲ့ ကိစ္စ အပါအ၀င် အက်စစ်ဓာတ်ငွေ့တွေ၊ ကြေးနီမှုန့်တွေ ကြားထဲမှာ ဒုက္ခမျိုးစုံခံပြီး လုပ်ကိုင်နေကြရတယ်။ အထူးသဖြင့် အက်စစ်ငရဲမီး ဒဏ်က ဆိုးဝါးလွန်းလှတယ်။ လုပ်ငန်းခွင်မှာ မျက်မှန်အကာအကွယ်နဲ့ အကာအကွယ် အလုပ်ဝတ်စုံ ၀တ်ထားကြတာတောင်မှ အက်စစ်ငရဲမီးဒဏ်ကို မခံနိုင်ကြဘူး။ ဒါကြောင့်ရတဲ့ တစ်လစာ ထောက်ပံ့ကြေး ငွေတစ်သိန်းနဲ့ လုပ်နေရတဲ့ အလုပ်နဲ့က မတန်လို့တစ်လကို ဒေါ်လာ၂၄၀ တိုးပေးဖို့ တောင်းကြတယ်။ ဒေသခံ ၀န်ထမ်းတွေ ဘက်ကဆန္ဒပြ တောင်းဆိုခဲ့ကြတာ ၇ကြိမ် ရှိခဲ့ပေမယ့် ကုမ္ပဏီနဲ့ မပြေလည်ဘဲ ပြီးခဲ့တဲ့ မတ်လ ၂၀၁၄ မှာ ၀န်ထမ်းတွေ အလုပ်ထုတ်ပယ်တာ ခံခဲ့ကြရတယ်။ ဒီလို နယ်တကာ လှည့်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအပေါ်မှာ ပါဝါအင်အားပြ၊ နိုင်ထက်ကလူ လုပ်နေတဲ့တရုတ်နဲ့ သူ့ကုမ္ပဏီ တွေရဲ့ လုပ်ရပ်ကို အပြတ်သားဆုံး ခုချိန်မှာ ဆန့်ကျင်အုံကြွလိုက်တာကတော့ ဗီယက်နမ် နိုင်ငံသားတွေလည်း အပါအ၀င် ဖြစ်ခဲ့ရပါတယ်။ တရုတ်ရဲ့ နယ်ချဲ့ စီးပွားရေး အနိုင်ကျင့်မှု ကိစ္စအ၀၀နဲ့ မိမိရဲ့အာဆီယံ အဖွဲ့ဝင်နိုင်ငံ တွေရဲ့ ခံစားနေရမှုကို ဂရုတစိုက် စဉ်းစားကိုင်တွယ်ဖြေရှင်းပေးရမယ့် တာဝန်ရှိသူတွေထဲမှာ အာဆီယံ အလှည့် ကျဥက္ကဋ္ဌဆိုတဲ့ ပုဂိ္ဂုလ်တွေလည်း ပါဝင်တာပေါ့ခင်ဗျာ။ လောလောဆယ်မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌတဲ့ခင်ဗျ။ စိုးရိမ်မကင်း ဖြစ်ကြရပါသည်ဆိုတဲ့ လက်သုံးစကားလောက်နဲ့တော့ တရုတ် ဘက် က ဂရုစိုက်မှာမဟုတ်ဘူးဗျ။ တရုတ်ရဲ့ အင်အားသုံး စီးပိုးကုပ်စီး ဖိနှိပ်ထားမှုအောက်မှာ ကျွန်တော့် သဘော အရသာ ဆိုရင်တော့ အရုပ်ဘ၀နဲ့ ဥက္ကဋ္ဌတော့ မလုပ်ပါရစေနဲ့လို့ အစကတည်းက ငြင်းဆိုမိခဲ့မှာ ပါခင်ဗျား။

 ဆောင်းဝင်းလတ်
 Myanmartandawsint Newspaper

No comments:

Post a Comment