Thursday, August 16, 2012

ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်မှ ဖျက်ဆီးခံရသည့် ဘုန်းကြီးကျောင်းနှင့်လူနေအဆောက်အဦးများ၏ ပုံရိပ်များ


ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်မှ ဖျက်ဆီးခံရသည့် ဘုန်းကြီးကျောင်းနှင့်လူနေအဆောက်အဦးများ၏ ပုံရိပ်များ







ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်(၈)ရပ်ကွက်မှ ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အဦးများကို ကျူးကျော်အဆောက်အဦးများဖြစ် သက်မှတ်ကာ(၁၆၊ ၈၊ ၂၀၁၂)ရက်နေ့တွင် အာဏာ
ပိုင်အဖွဲ့အစည်းဖြစ်ကြသည့် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ဥဿာမြိုသစ်(၁)(၃)(၄)(၇)(၈)(၈)ရပ်ကွက်ရှိ ရပ်ကွက်အုပ်
ချုပ်ရေးမှူးများမှ နေ့စားအလုပ်သမားများငှားရမ်းပြီး ဖျက်ဆီးခဲ့ကြောင်းသိရှိရသည်။



အဆောက်အဦးများမဖျက်ဆီးခင် (၁၅၊ ၈၊ ၂၀၁၂)ရက်နေ့တွင် ဦးလှမျိုးနှင့် ဦခင်မောင်ဆိုသူအား ပဲခူးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းမှ တရားမထောင် (၁)လချထားကြောင်း မြို့နယ်
အထွေထွေအုပ်ချုပ်ရေးမှူးမှ ပြောကြားပါသည်။ယင်းနေရာတွင်ရှိသော ကျူးကျော်အဆောက်အဦးများဖျက်ဆီးဖယ်ရှားပြောင်းရွေ့ပြီး ဖမ်းဆီးခံရသူ ဦးလှမျိုးနှင့်ဦးခင်မောင်ဆိုသူအား ပြန်လည်လွတ်
ပေးမည်ဖြစ်ကြောင်းသိရှိရသည်။
ဖုန်း09428140770 နေအိမ်ဖျက်ဆီးခံရသူ ဒေါ်မြသန်းအား ဆက်သွယ်မေးမြန်းနိုင်ပါသည်။

1 comment:

  1. မင်းမဲ့တိုင်းပြည်ကြီးပါဗျာ ကြီးနိုင်ငယ်ညှင်းဘ၀တွေများ ဘယ်တော့များမှလွတ်မလဲမသိဘူးနော်

    ReplyDelete